Connect with us

Politics, Law & Military

ဟောင်ကောင်တွင် အမျိုးသားလုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်ရေးဥပဒေ အတည်ပြုပြဌာန်းမှုကို ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး ကြိုဆို

၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီ၏ ၂၀ ကြိမ်မြောက်အစည်းအဝေး၌ သဘာပတိအဖြစ်ဆောင်ရွက်နေသည့် NPC အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ လီကျန်ဆူးအား တွေ့ရစဉ် (ဆင်ဟွာ)

ဟောင်ကောင်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) တွင် အမျိုးသားလုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်မှုဥပဒေ အတည်ပြုပြဌာန်းခြင်းအပေါ် ဟောင်ကောင်အစိုးရအနေဖြင့် ကြိုဆိုကြောင်း HKSAR အုပ်ချုပ်ရေးမှူး Carrie Lam က ယနေ့ (ဇွန် ၃၀ ရက်) ပြောကြားလိုက်သည်။ 

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားလုံခြုံရေးဥပဒေအား ဇွန် ၃၀ ရက် အစောပိုင်းက ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီ၏ ၂၀ ကြိမ်မြောက်အစည်းအဝေး၌ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

NPC အမြဲတမ်းကော်မတီမှ ယင်းဥပဒေအတည်ပြုခြင်းကို ကြိုဆိုကြောင်း Lam က ယနေ့ညနေပိုင်းတွင် ထုတ်ပြန်သည့် ကြေညာချက်၌ ပြောကြားခဲ့ပြီး အဆိုပါ ဥပဒေအား HKSAR အခြေခံဥပဒေ နောက်ဆက်တွဲ ၃ တွင် ပေါင်းစပ်ထည့်သွင်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။ 

HKSAR အစိုးရအနေဖြင့် ယင်းဥပဒေကို ဟောင်ကောင်တွင် ဆောလျင်စွာ အကောင်အထည်ဖော်ရေးအတွက် အစိုးရပြန်တမ်းထုတ်ပြန်ရန် လိုအပ်သောလုပ်ငန်းစဉ်များကို ပြီးပြည့်စုံစေရန်လုပ်ဆောင်သွားမည်ဟု Lam က ဆိုသည်။  (Xinhua)