Connect with us

Local

UMFCCI ၏ မူဝါဒအသစ်ပြန်လည်ရေးဆွဲမည်

UMFCCI ၏ ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းအားတွေ့ရစဉ် (ဓာတ်ပုံ-- M.O.I)

ရန်ကုန်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

နိုင်ငံတကာကုန်သည်အသင်း ဥပဒေ စည်းမျဉ်းများလေ့လာ၍ဥပဒေ ပညာရှင်များနှင့် တိုင်ပင်ကာ UMFCCI မူဝါဒများ အသစ်ပြန်လည်ရေး ဆွဲမည်ဟု UMFCCI ၏ ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း ကပြောသည်။

အသင်းချုပ်နှင့် ပတ်သက်ပြီး အားနည်းချက်များ ရှိနေသည့် သင်းဖွဲ့မှတ်တမ်းစည်းမျဉ်းအား သုံး၊ လေး၊ ငါးလအတွင်း ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတကာကုန်သည် အသင်းများ၏ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများအား လေ့လာ၍ ဥပဒေပညာရှင်များ နှင့် တိုင်ပင်ကာ အသစ်ပြန်လည် ရေးဆွဲသည့် လုပ်ငန်းစဉ်ကို ပထမဦးစွာ လုပ်ဆောင်သွားမှာ ဖြစ်ကြောင်းဆိုသည်။
အသင်း၏ အားနည်းချက်၊ အားသာချက်တွေအပေါ် သုံးသပ်ပြီး ကောင်းမွန်သည့် အုပ်ချုပ်မှု နည်းစနစ်များနှင့် အသင်းအား ပြန်လည်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း၊ ယခုဖွဲ့စည်းလိုက်သည့် အလုပ်အမှုဆောင်အသစ်တွင် လူငယ် လူရွယ် လူလတ်ပိုင်းအများစုပါလာကြောင်းသိရသည်။
ဦးဇော်မင်းဝင်းက “မကြာခင်မှာ အာဆီယံစီးပွားရေးအသိုက်အဝန်းကို ထူထောင်မှာဖြစ်တဲ့အတွက် စီးပွားရေးလုပ်ငန်းရှင်တွေ အနေနဲ့ အခြားနိုင်ငံတွေနဲ့ရင်ပေါင်တန်းပြီး ယှဉ်ပြိုင်နိုင်ဖို့ လိုအပ်ချက်တွေကို ကူညီဆောင်ရွက်ပေးသွားမယ်။ နိုင်ငံတကာဈေး ကွက်တွေရဖို့လည်း ဆောင်ရွက်သွားမယ်။ အသင်းချုပ်နဲ့ ပူးပေါင်းဆောင်ရွက်နေ တဲ့ နိုင်ငံတကာက မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ ကူညီပံ့ပိုးမှုတွေနဲ့ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေကိုလည်း တစိုက်မတ်မတ် ဆောင်ရွက် သွားမယ့်အစီအစဉ်တွေ ရှိပါ တယ်။’’ ဟုပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.