Connect with us

Local

ဟိုတယ်နှင့် ခရီးသွားကဏ္ဍတွင် ပြည်ပရင်းနှီးမြှုပ်နှံသူများစိတ်ဝင်စား

နိုင်ငံခြားသားခရီးသွားဧည့်သည်များအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

ပြည်ပ ရင်းနှီးမြှုပ်နှံ သူများသည် ပြည်တွင်း၌ ဦးစားပေး ရင်းနှီးမြှုပ်နှံ ရန် စိတ်ဝင်စားသည့် ကဏ္ဍများထဲတွင် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းလည်း ပါဝင်လျက် ရှိကြောင်း အာရှ ရင်းနှီးမြှုပ်နှံမှု များ၏ အနာဂတ် အလားအလာ များကို လေ့လာခဲ့သည့် အစီရင်ခံစာ တစ်ရပ်တွင် ဖော်ပြထားကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

မြန်မာနိုင်ငံ၌ ၂ဝ၁၁ ခုနှစ်နောက်ပိုင်း တွင် ဖွံ့ဖြိုး တိုးတက်မှု အများဆုံး ဖြစ်ပေါ်ခဲ့သည့် ကဏ္ဍများထဲတွင် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းကဏ္ဍမှာ ထိပ်ဆုံးမှ ပါဝင်ခဲ့ပြီး အနာဂတ်တွင် အခွင့်အလမ်း ကောင်းများစွာ ထွက်ပေါ် လာနိုင်သည့် အားသာချက်များ ပိုင်ဆိုင် ထားခြင်းကြောင့် အဆိုပါ ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် ပြည်ပမှ ရင်းနှီးမြှုပ်နှံ သူများက စိတ်ဝင်စားခြင်း ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ ကျော် ဟိုတယ်လုပ်ငန်းစု အများစု သည် ပြီးခဲ့သည့် ငါးနှစ်အတွင်း က ရန်ကုန်မြို့ အပါအဝင် တခြားမြို့ကြီး များနှင့် ခရီးသွားလာမှု များသည့် နယ်မြေများ၌ ဟိုတယ်သစ်များ ဖွင့်လှစ်ခြင်း၊ ဟိုတယ်သစ်များ တည်ဆောက် မည့် စီမံကိန်းများကို အတည်ပြုချက် ရယူရန် ဆောင်ရွက်ခြင်း များကို လုပ်ဆောင် ခဲ့သည်။ ထို့ပြင် ငါးနှစ်တာ ကာလအတွင်း ပြည်တွင်းရှိ ဟိုတယ်အခန်း အရေအတွက် များလာခြင်း ကြောင့် ခရီးသွား ဧည့်သည် ဝင်ရောက်မှု အခြေအနေ တိုးပွားလာခဲ့ခြင်း ဖြစ်ပြီး ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးမှုကို ပိုမိုအားကောင်း စေခဲ့သည် ဟု ပညာရှင် များက သုံးသပ်ခဲ့သည်။

သို့သော် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ကဏ္ဍတွင် ဖြည့်ဆည်းရန် လိုအပ်လျက် ရှိသော ဝန်ဆောင်မှု များကို အဆင့်မြှင့်တင်ခြင်း အပါအဝင် တခြားဆက်စပ် နေသော အားနည်းချက် များကို ဖြည့်ဆည်းရန် ကြိုးပမ်း သင့်ကြောင်း အကြံပြုမှုများ ထွက်ပေါ် ခဲ့သည်။

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန မှ သတင်း ထုတ်ပြန်ချက် တွင် ပြည်တွင်းရှိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ကဏ္ဍတွင် အများဆုံးရင်းနှီး မြှုပ်နှံထားသည့် နိုင်ငံမှာ စင်ကာပူနိုင်ငံ ဖြစ်ပြီး စင်ကာပူနိုင်ငံ အခြေစိုက် ကုမ္ပဏီများသည် ဟိုတယ် နှင့် ခရီးသွား လုပ်ငန်းကဏ္ဍ တွင် စီမံကိန်း ၂၂ ခု၌ ရင်းနှီးမြှုပ်နှံ ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.