Connect with us

Local

မြဝတီကုန်သွယ်ရေးဇုန်မှ နှမ်းနက် အမေရိကန်ဒေါ်လာ လေးသောင်းကျော်ဖိုး တစ်ပတ်အတွင်းတင်ပို့နိုင်ခဲ့

နှမ်းနက်များအားတွေ့ရစဉ် (ဓာတ်ပုံ-- စီးပွားကူးသန်း)

ရန်ကုန်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီ ကုန်သွယ်ရေးဇုန်မှ စက်တင်ဘာ ၁၀ ရက်မှ ၁၆ ရက်အတွင်း အမေရိကန်ဒေါ်လာ ၄၃,၄၅၆ တန်ဖိုး ရှိ နှမ်းနက်များ တင်ပို့ခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

ဇူလိုင်လကုန်ပိုင်းတွင် နှမ်းနက် ၃၁ တန်ကျော် တင်ပို့ခဲ့ပြီး ယခုတစ်ပတ် အတွင်းတွင်မှ ပြန်လည်တင်ပို့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ တာချီလိတ် ကုန်သွယ်ရေး စခန်းမှ ယခင်တစ်ပတ်က နှမ်း ဖြူ တန် ၁၀၀ တင်ပို့ခဲ့ပြီး ယခု ရက်သတ္တ ပတ်တွင် နှမ်းတင်ပို့မှု မရှိခဲ့ကြောင်း သိရသည်။

ပုံမှန် တင်ပို့နေကျ ချင်းရွှေဟော် ကုန် သွယ်ရေးစခန်းမှ အမေရိကန် ဒေါ်လာ ၃ . ၅၉၅ သန်း တန်ဖိုးရှိ နှမ်းရောင်စုံ ၂၈၂၄ တန်ကျော် တင်ပို့ နိုင်ခဲ့ကြောင်း၊ တင်ပို့ခဲ့သည့် နှမ်းရောင်စုံ များမှာ နှမ်းဖြူ ၆၇၁ တန်ကျော်၊ နှမ်း နက် ၂၀၉၄ တန်ကျော်နဲ့ နှမ်းညို ၅၈ တန်ခန့်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ မူဆယ်ကုန်စည်ဒိုင်တွင် စက်တင် ဘာ ၁၀ရက်မှ ၁၆ ရက်အတွင်း နှမ်း ဖြူ တစ်တန်(မိမိဘက်ပေါက်ဈေး) ၁,၂၆၂,၃၈၅ ကျပ်နဲ့ နှမ်းနက်(စမုံ) ဈေး ၂,၃၆၃,၃၀၃ ကျပ် ရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.