နန်ကျင်း၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း နန်ကျင်းမြို့တွင် လျှပ်စစ်စက်ဘီးစီးလာသူ အမျိုးသားကြီးတစ်ဦးကို ကားတိုက်မိ၍ အဆိုပါအမျိုးသားမှာ ကားအောက်သို့ရောက်သွားသဖြင့် လမ်းသွားလမ်းလာများက ကားကိုဝိုင်းမကာ ကယ်ထုတ်ခဲ့သည်ကို ရိုက်ကူးထားသော ဗီဒီယိုဖြစ်ပါသည်။ တိုက်မိသောကား၏ ယာဉ်မောင်းနှင့် လမ်းသွားလမ်းလာများသည် ရဲကို ချက်ချင်းဖုန်းဆက်ခေါ်၍ ထိုအမျိုးသားကို ကားအောက်မှ ဆွဲထုတ်ရန်ကြိုးစားခဲ့သည်။...
ဝါရှင်တန်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ရောဂါ ကာကွယ်ထိန်းချုပ်ရေးစင်တာ (CDC) က နိုဗယ် ကိုရိုနာဗိုင်းရပ်စ် လက္ခဏာမရှိသူများကို ရောဂါစစ်ဆေးခြင်းဆိုင်ရာ လမ်းညွှန်ချက်များအား ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် စက်တင်ဘာ ၁၈ ရက်က ထပ်မံမွမ်းမံထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ဂျေရုဆလမ်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ရည်ရွယ်ချက်ဖြင့် စက်တင်ဘာ ၁၈ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂:၀၀ နာရီမှ စတင်၍ နိုင်ငံတစ်ဝန်း အသွားအလာကန့်သတ်မှု (Lockdown) အပြည့်အဝလုပ်ဆောင်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံပေါ်တွင် ရောက်ရှိနေသော အပူပိုင်းမုန်တိုင်း”နို(လ်)”(NOUL)သည် ကုန်းတွင်းမုန်တိုင်းငယ်အဖြစ်သို့ အားလျော့သွားခဲ့ပြီး၊ အဆိုပါကုန်းတွင်းမုန်တိုင်းငယ်သည် ယနေ့ မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ်ကို မြဝတီမြို့အနီးမှ လေဖိအားနည်းရပ်ဝန်း အဖြစ်ဖြတ်ကျော်နိုင်ကြောင်း၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ စက်တင်ဘာ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် မုန်တိုင်း...
ရန်ကုန်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) ပုဂ္ဂလိကဆေးရုံများတွင် COVID-19 လူနာများအား လက်ခံကုသပေးရေးကိစ္စရပ်အား ဆွေးနွေးပြီးဖြစ်ရာ မူအားဖြင့် သဘောတူညီထားကြောင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။
ရန်ကုန်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် ယနေ့နံနက် ၌ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၅၄)ဦးအား ထပ်မံတွေ့ရှိခဲ့ကြောင်း၊ ဓာတ်ခွဲအတည်ပြုလူနာများအနက် ၅ဦးထပ်မံသေဆုံးခဲ့ကာ ယနေ့အထိ သေဆုံးသူစုစုပေါင်း (၇၅)ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၁၉ရက်နံနက်၈နာရီ ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၆၈)ဦးအား ထပ်မံတွေ့ရှိခဲ့ပြီး (၂)ဦးထပ်မံသေဆုံးခဲ့သဖြင့် ယနေ့ စက်တင်ဘာ ၁၈ ရက် ည (၈:၀၀) နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း(၄၄၆၇)ဦး နှင့် သေဆုံးသူစုစုပေါင်း (၇၀)ဦး...
ရှန်ဟိုင်း၊ စက်တင်ဘာ ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ကျင်းပလျက်ရှိသည့် ၂၂ ကြိမ်မြောက် တရုတ်နိုင်ငံတကာ စက်မှု ထုတ်ကုန်ပြပွဲ CIIF တွင် လူနာများထံမှ သွေးထုတ်ယူပေးသည့် သူနာပြုစက်ရုပ်တစ်ရုပ်ကို ပြသခဲ့ကြောင်းသိရသည်။ COVID-19 ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်းများမှာ ပုံမှန် အတိုင်း လုပ်ဆောင်ရသည့် လုပ်ငန်းစဉ်...
ရှန်ဟိုင်း၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ပြသလျက်ရှိသည့် ၂၂ ကြိမ်မြောက် တရုတ်နိုင်ငံတကာစက်မှု ထုတ်ကုန်ပြပွဲတွင် AI နည်းပညာသုံး ဂဟေဆော် စက်ရုပ်တစ်ရုပ်လည်း ပါဝင်ခဲ့သည်။ Fire Arc ဟုအမည်ပေးထားသည့် အဆိုပါစက်ရုပ်အား တရုတ်နိုင်ငံ၏ နည်းပညာမြင့် ထုတ်ကုန်အဖွဲ့အစည်းကြီးတစ်ခုဖြစ်သည့် ထျန်းကျင်းမြို့အခြေစိုက် SIASUN...
ရှင်းကျန်း၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရှင်းကျန်း(ဝေဂါ)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တွင် COVID-19 ထိန်းချုပ်ရေး ပုံမှန်လုပ်ငန်းများကိုချမှတ်ဆောင်ရွက်နေစဉ်မှာပင် အလုပ်အကိုင်တိုးမြင့်မှုနှင့် ပြည်သူများ၏ လူနေမှု ဘဝ များတိုးတက်ကောင်းမွန်လာသည်မှာ ထင်ရှားသည့် အောင်မြင်မှုလက္ခဏာများပင်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးက ကြာသပတေးနေ့တွင် ထုတ်ပြန်သည့် အလုပ်အကိုင် နှင့် အလုပ်သမား...