ဂျီနီဗာ၊ မေ ၁၂ ရက်(ဆင်ဟွာ) ယခုကာလများတွင် နိုင်ငံအများစုက COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများကို တစ်စတစ်စပြန်လည်ဖြေလျှော့မှုများပြုလုပ်လာခဲ့ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က နိုင်ငံအသီးသီးအနေဖြင့် ဗိုင်းရပ်စ်အန္တရာယ်တစ်ကျော့ပြန်လည်ခေါင်းထောင်လာမည်ကို သတိမူကြရန် မေ ၁၁ ရက်က တိုက်တွန်းနှိုးဆော်ခဲ့သည်။
နယူးဒေလီ ၊ မေ ၁၂ ရက်(ဆင်ဟွာ) အိန္ဒိယ နိုင်ငံ၌ မေ ၁၂ ရက် နံနက်ပိုင်းအထိ COVID-19 ရောဂါကြောင့် လူနာ ၈၇ ဦး ထပ်မံ သေဆုံးခဲ့ပြီး မေ ၁၁ ရက်မှ စ၍ ရောဂါဓာတ်ခွဲအတည်ပြုလူနာ ၃,၆၀၄ ဦး ထံမံတိုးလာခြင်းနှင့်အတူ...
ပေကျင်း၊ မေ ၁၂ ရက်(ဆင်ဟွာ) အာဖရိကနိုင်ငံများ COVID-19 ကပ်ရောဂါ ကိုင်တွယ်ဖြေရှင်းတွင် အားပေးကူညီရန်အတွက် တရုတ်နိုင်ငံအစိုးရမှ ဇင်ဘာဘွေ၊ ကွန်ဂို(ကင်ရှာဆာ)၊အယ်လ်ဂျီးရီးယား နိုင်ငံ သုံးနိုင်ငံသို့ ကပ်ရောဂါတိုက်ဖျက်ရေးကျွမ်းကျင်ပညာရှင်အဖွဲ့လွှတ်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက မေ ၁၁ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ မေ ၁၂ ရက် (ဆင်ဟွာ) ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ဥရောပ အလယ်ပိုင်း ဒေသစံတော်ချိန် မေ ၁၁ ရက် ၁၀ နာရီ တွင် ထုတ်ပြန်ကြေညာချက်အရ လွန်ခဲ့သည့် တစ်ရက် အတွင်း တစ်ကမ္ဘာလုံးအတိုင်းအတာ၌ COVID-19 ထပ်မံ ကူးစက်ခံရသူ...
ထိုက်ယွမ် ၊ မေ ၁၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံကွန်မြူနစ်ပါတီဗဟိုကော်မတီ(CPC) သည် ရိုးသားဖြောင့်မတ်သော ကတိကဝတ်ဖြင့် တရုတ်ပြည်သူပြည်သား အားလုံးအတွက် ပျော်ရွှင်မှုများကို ဆောင်ကြဉ်ပေးနေပြီဖြစ်ကြောင်း တရုတ်နိုင်ငံကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က တရုတ်နိုင်ငံမြောက်ပိုင်း ဆန်းရှီးပြည်နယ်သို့ သွားရောက် စစ်ဆေးသောခရီးစဉ်အတွင်း ရွာသူရွာသားများနှင့်တွေ့ဆုံစဉ် ထည့်သွင်း ပြောကြားခဲ့သည်။
ပေကျင်း ၊ မေ ၁၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမှ သတင်းသမားများအတွက် ရက်ပေါင်း ၉၀ နေထိုင်ခွင့် ဗီဇာကန့်သတ်မှု ပြုလုပ်ရန် အမေရိကန်နိုင်ငံ၏ ဆုံးဖြတ်ချက်အပေါ် အလွန်အမင်း စိတ်ပျက်ရကြောင်း နှင့် ကန့်ကွက်ရှုံ့ချကြောင်း တရုတ်နိုင်ငံက မေ ၁၁ ရက်တွင် ပြောကြားလိုက်သည်။
ပေကျင်း၊ မေ ၁၁ ရက်(ဆင်ဟွာ) ပလတ်စတစ်ထိုင်ခုံများသည် လက်ရှိကာလတွင် လူသုံးများသည့် အသုံးအဆောင်ပစ္စည်းတစ်မျိုးဖြစ်သည်။ အဆိုပါပလတ်စတစ် ထိုင်ခုံများကို စက်ရုံ၌ ထုတ်လုပ်ပုံအဆင့်ဆင့်အား ရိုက်ကူးထားသည့်ရုပ်သံဖိုင်ဖြစ်ပါသည်။ (Xinhua)
ကျန်းစု၊ မေ ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံကျန်းစုပြည်နယ် အရှေ့တောင်ပိုင်း ကွန်ရှန်းမြို့တွင် လူနေအဆောက်အဦများကို ပိရမစ်ပုံဆောက်လုပ်ထားသည်ကို လှပစွာမြင်တွေ့နိုင်သည်။ အဆောက်အဦအတွင်းရှိအခန်းများနေရောင်တိုက်ရိုက်ထိတွေ့မှုရှိစေရန် ထိုသို့ဆောက်လုပ်ထားခြင်းဖြစ်ကြောင်းသိရသည်။(Xinhua)
ချိုမိုလန်းမာတောင်နားနေစခန်း၊ မေ ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမှ ၂၀၂၀ ပြည့်နှစ် ဧဝရက်တောင်(ချိုမိုလန်းမာတောင်)အမြင့် တိုင်းတာရေးအဖွဲ့၏ လမ်းပြင်သယ်ယူပို့ဆောင်ရေးအဖွဲ့ဝင်များသည် မေ ၁၀ ရက်က နှင်းတောအန္တရာယ်အပိုင်းကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီး မေ ၁၂ ရက်တွင် တောင်ထိပ်သို့တက်ရောက်မည့် လမ်းကြောင်းအား ရှင်းလင်းနိုင်တော့မည်ဟု ကြိုတင်ခန့်မှန်းရကြောင်း သိရသည်။