ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်/စခန်းအသီးသီးတွင် အကျဉ်းကျခံနေရသော အကျဉ်းသား /သူ ၂၄,၀၀၀ကျော်အား ယနေ့ ဧပြီ ၁၇ ရက်၌ နိုင်ငံတော် သမ္မတက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ပေကျင်း၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ် ဧပြီ ၁၅ ရက် GMT 14:00 တွင် Johns Hopkins တက္ကသိုလ်မှ ထုတ်ပြန်ထားသည့် စာရင်းအရ ကမ္ဘာတစ်ဝန်းတွင် လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသည့် လူဦးရေမှာ ၂၀၀၀၉၈၄ ဦးအထိ ရှိလာပြီး...
ပေကျင်း၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) လက်ရှိ ကာလ၌ တစ်ကမ္ဘာလုံးတွင် COVID-19 ကူးစက်ပျံ့နှံ့မှုကို ခံစားနေရပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ကပ်ရောဂါဆိုးကြီးကို အတူလက်တွဲ ရင်ဆိုင်ဖြေရှင်းသင့်ပါသလား (သို့မဟုတ်) တစ်သီးပုဂ္ဂလ ဖြေရှင်းသင့်ပါသလား ဟူသည့်မေးခွန်းအပေါ်တွင် မိမိတို့အနေဖြင့် ကံကြမ္မာအကျိုးတူ အသိုက်အဝန်းနှင့်အတူ ရင်ဆိုင်ဖြေရှင်းသင့်သည်ဟုယုံကြည်မိပါသည်။ ယခု သီချင်း ရုပ်သံမှာ...
ရန်ကုန်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) COVID-19 ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း လူ ၅ ဦးဖြစ်စေ၊ ၅ ဦးအထက်ပို၍ဖြစ်စေ စုဝေးခြင်းမပြုရန် ကျန်းမားရေးနှင့် အားကစားဝန်ကြီးဌာန၏ အမိန့် အမှတ် ၃၇/၂၀၂၀ဖြင့် ယနေ့ ည မြန်မာ့ရုပ်မြင်သံကြား ၈နာရီ သတင်းတွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ အစိုးရ ဆေးဘက်ဆိုင်ရာ ပညာရှင် အဖွဲ့ က ဧပြီလ ၁၆ ရက် တွင် နေပြည်တော် ၌ မြန်မာ နိုင်ငံ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန နှင့်...
ရန်ကုန်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) ချင်းပြည်နယ် ဖလမ်းမြို့အနီး၌ ယနေ့ ဧပြီ ၁၆ ရက် ညနေ ၆နာရီကျော်နှင့် ၇နာရီကျော်တွင် ပြင်းအား အင်အားပြင်းထန်နှင့် အင်အားအနည်းငယ် ငလျင်နှစ်ကြိမ် လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဒမတ်စကပ်စ်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ဆီးရီးယားနိုင်ငံ၏ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် ကူညီရန် ပထမအသုတ်လှူဒါန်းမှု အဖြစ် COVID-19 စမ်းသပ်ကိရိယာ ၂,၀၁၆ ခုကို ဧပြီ ၁၅ ရက်က လှူဒါန်းခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) ဖော်ပြပါ စာရင်းများသည် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် COVID-19 ဖြစ်ပွားသည့်အတည်ပြုလူနာ အရေအတွက်ကို ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံနှင့် အင်ဂျင်နီယာပညာရပ်ဆိုင်ရာဌာနမှ ဧပြီ ၁၆ ရက် ဂရင်းနစ်စံတော်ချိန် ၀၅၀၀ တွင် နောက်ဆုံးကောက်ယူထားခြင်းဖြစ်သည်။ နိုင်ငံအမည် ...