ပေကျင်း ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ) လွန်ခဲ့သောဆယ်စုနှစ်အတွင်း တရုတ်နိုင်ငံသည် သယ်ယူပို့ဆောင်ရေးကွန်ရက် တိုးတက်ကောင်းမွန်လာခြင်း ၊ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုစွမ်းရည် အားကောင်းလာခြင်း နှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းလာခြင်းတို့ကြောင့် သယ်ယူပို့ဆောင်ရေး ဖွံ့ဖြိုးတိုးတက်မှုတွင် သမိုင်းဝင်တိုးတက်မှု ရှိခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) သြစတြေးလျ ဝန်ကြီးချုပ်သစ် အန်သိုနီအယ်လ်ဘာနိစ်က သြစတြေးလျ အစိုးရသည် ပြင်သစ် ရေတပ်အုပ်စုနှင့် ပြေလည်မှုတစ်ရပ် ရရှိပြီး သြစတြေးလျက ယင်းအုပ်စုကို ယူရို သန်း ၅၅၀ ကျော် လျော်ကြေးပေးသွားမည်ဟု ဇွန် ၁၁ ရက်က ကြေညာခဲ့သည်။ သြစတြေးလျအစိုးရက...
ရီယိုဒီဂျနေရိုး ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ) စပိန်နိုင်ငံမှ ပြီးခဲ့သော ရက်သတ္တပတ်တွင် ပြန်လည်ရောက်ရှိလာသော အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦးထံတွင် ရောဂါတွေ့ရှိခဲ့ပြီးနောက် ဘရာဇီးနိုင်ငံ၌ မျောက်ကျောက်ရောဂါ ဒုတိယမြောက်လူနာကို ဇွန် ၁၁ ရက်တွင် အတည်ပြုခဲ့သည်။
စင်္ကာပူ ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် ကာကွယ်ရေးဝန်ကြီး ဝေဘုန်းဟယ်က ထိုင်ဝမ်ပုစ္ဆာ နှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ ပြတ်သားသော ရပ်တည်ချက်အား ထပ်လောင်းပြောဆိုခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ) ရေကြီးရေလျှံမှုထိန်းချုပ်ခြင်း နှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ခြင်းတို့နှင့်အတူ ဒေသဆိုင်ရာအစိုးရများကို ရံပုံငွေထောက်ပံ့ပေးရန်အတွက် တရုတ်နိုင်ငံသည် ၎င်း၏ ဗဟိုအစိုးရသဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးရံပုံငွေကို ယွမ် သန်း ၃၆၀ (အမေရိကန်ဒေါ်လာ ၅၃.၇၄ သန်း) တိုးမြှင့်ခွဲဝေချထားရန် လျာထားကြောင်း သိရသည်။
ထရီပိုလီ ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ) လစ်ဗျားနိုင်ငံ မြို့တော်ထရီပိုလီ၌ လက်နက်ကိုင်အုပ်စုများအကြား သောကြာနေ့ ညပိုင်းက တိုက်ခိုက်မှုများဖြစ်ပွားခဲ့ခြင်းနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း လစ်ဗျားနိုင်ငံရှိ ကုလသမဂ္ဂထောက်ပံ့ရေးအစီအစဉ်(UNSMIL) က ဇွန် ၁၁ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ပေကျင်း၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံအနေဖြင့် အုပ်စုဖွဲ့မှု လှုံ့ဆော်ခြင်းနှင့် ထိပ်တိုက်ရင်ဆိုင်မှု ဆွယ်တရားဟောခြင်း ပြုလုပ်မည့်အစား ဒေသတွင်း တည်ငြိမ်ရေး ထိန်းသိမ်းရာ၌ တာဝန်ရှိသော အခန်းကဏ္ဍမှ ပါဝင်သင့်ပြီး အမြော်အမြင်နှင့် ဉာဏ်ပညာကိုပြသကာ ဒေသတွင်းတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် ပံ့ပိုးကူညီမှုများ ပြုလုပ်သင့်သည်။ (Xinhua) ……………………….. (English...
ရန်ကုန်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) ကျန်းမာရေးဝန်ကြီးဌာနအနေနှင့် ယခုအခါတွင် အသက် ၁၅ နှစ်နှင့် အထက် ပြည်သူအားလုံးကို COVID -19 ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။ မကြာမီက ပြန်လည်ဖွင့်လှစ်ခဲ့သည့် အခြေခံပညာကျောင်းများရှိ အသက် ၅ နှစ်မှ ၁၂ နှစ်ထိ ကျောင်းသား၊ ကျောင်းသူ...
ဟိုင်ခို၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) ဟိုင်နန် လွတ်လပ်သောကုန်သွယ်မှုဆိပ်ကမ်း (FTP) ဥပဒေကို ၂၀၂၁ ခုနှစ် ဇွန် ၁၀ ရက်က အကောင်အထည်ဖော်ချိန်မှစ၍ ဟိုင်နန်ပြည်နယ်၌ ဥပဒေသစ်ဖြင့် ဟိုင်နန် FTP ၏ ဖွံ့ဖြိုးတိုးတက်မှု ပိုမိုကောင်းမွန်စေရေးနှင့် တံခါးဖွင့်ဝါဒ ပိုမိုကျယ်ပြန့်စေရေး အာမခံချက်ရရှိစေရန် ဒေသတွင်းဥပဒေကို...
ရန်ကုန်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် ချောင်းသာကမ်းခြေရှိ ဟိုတယ်၊ မိုတယ်လုပ်ငန်းများသည် COVID-19 တတိယလှိုင်းပြီးချိန်မှစ၍ ပြန်လည်ဖွင့်လှစ်လည်ပတ်လာခဲ့ရာ ဇွန်လ ပထမပတ်အထိ ဟိုတယ်နှင့် မိုတယ်လုပ်ငန်း ၈၀ ရာခိုင်နှုန်းကျော်ဖွင့်လှစ်လည်ပတ်လျက်ရှိကြောင်း ချောင်းသာဇုန် ဟိုတယ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမင်းကျော်ဦးက ဆင်ဟွာသို့ ယနေ့ ဇွန်...