Connect with us

Business

ချောင်းသာကမ်းခြေရှိ ဟိုတယ်၊ မိုတယ် လုပ်ငန်း ၈၀ ရာခိုင်နှုန်းကျော်ဖွင့်လှစ်လည်ပတ်လျက်ရှိ

ချောင်းသာကမ်းခြေအား ညနေဆည်းဆာချိန်၌ တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် ချောင်းသာကမ်းခြေရှိ ဟိုတယ်၊ မိုတယ်လုပ်ငန်းများသည် COVID-19 တတိယလှိုင်းပြီးချိန်မှစ၍ ပြန်လည်ဖွင့်လှစ်လည်ပတ်လာခဲ့ရာ ဇွန်လ ပထမပတ်အထိ ဟိုတယ်နှင့် မိုတယ်လုပ်ငန်း ၈၀ ရာခိုင်နှုန်းကျော်ဖွင့်လှစ်လည်ပတ်လျက်ရှိကြောင်း ချောင်းသာဇုန် ဟိုတယ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမင်းကျော်ဦးက ဆင်ဟွာသို့ ယနေ့ ဇွန် ၁၁ ရက်တွင် ပြောသည်။

လက်ရှိတွင် မိုးတွင်းကာလဖြစ်သောကြောင့် ခရီးသွားလာမှုနည်းသော်လည်း စနေ၊တနင်္ဂနွေ ပိတ်ရက်များနှင့် အစိုးရရုံးပိတ်ရက်များတွင် ခရီးသွားဧည့်သည်များရှိကြောင်း သိရသည်။
ချောင်းသာကမ်းခြေအား ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းချက်များနှင့် ဖွင့်လှစ်ထားကြောင်း သိရသည်။

“အရင်နှစ်တွေထက်စာရင် ခရီးသွားဧည့်သည် နည်းနည်းတော့ လျော့ပါတယ်။ ဟိုတယ်တွေကတော့ အားလုံးနီးပါး ပြန်ဖွင့်နေပါပြီ။ မိုးတွင်းကာလ မှာ ခရီးသည်တွေ ရေကူးတဲ့ အန္တရာယ်ကင်းရှင်းရေး အတွက် လည်း ကျွန်တော်တို့ အနေနဲ့ ဆောင်ရွက်ထားရှိပါတယ်’’ ဟု ဦးမင်းကျော်ဦးက ပြောသည်။ (Xinhua)