မော်စကို၊ ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံ အရှေ့ပိုင်းရှိ “ဒွန်းဘတ်စ်ပြည်သူ့သမ္မတနိုင်ငံ”နှင့် “လုဟန့်စ်ပြည်သူ့သမ္မတနိုင်ငံ”အား အသိအမှတ်ပြုသည့် အမိန့်ကြေညာချက်တစ်စောင်ကို ရုရှားသမ္မတ ပူတင်က ဖေဖော်ဝါရီ ၂၁ ရက် ညပိုင်းတွင် လက်မှတ်ရေးထိုးခဲ့သည်။ ထို့အပေါ် ယူကရိန်း သမ္မတ ဇယ်လန်းစကီးက ရုရှား၏ဆုံးဖြတ်ချက်သည် ယူကရိန်း၏အချုပ်အခြာအာဏာနှင့်နယ်မြေပိုက်နက်ပြည့်စုံမှုကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း ပြောကြားပြီး...
နန်ကျင်း၊ ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ) ယန်ဇီမြစ်ဝှမ်း၏ ပထမဆုံး တန်ချိန် ၃,၀၀၀ ရှိ လျှပ်စစ်စွမ်းအင် ကုန်တင်သင်္ဘော “CHUANLIAN YI HAO” သည် ဖေဖော်ဝါရီ ၂၂ ရက်က နန်ကျင်းမြို့တွင် ခရီးစတင်ခဲ့ကြောင်း သိရသည်။ ယင်းကုန်တင်သင်္ဘောကို ယခင်က လောင်စာဆီသုံးကုန်တင်သင်္ဘောမှ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် သင်္ဘောတစ်စင်းလုံးအတွက်...
ဟောင်ကောင်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ) ဟောင်ကောင်တွင် ကိုဗစ်-၁၉ (COVID-19) အတွက် သီးသန့်ခွဲခြားမှုနှင့် ကုသရေးအဆောက်အအုံများ ပါဝင်သော ယာယီနေရာလေးခု သို့မဟုတ် ရွေ့လျားဆေးရုံများကို ဗဟိုအစိုးရ၏ ပံ့ပိုးကူညီမှုဖြင့် ဖေဖော်ဝါရီ ၂၂ ရက်၌ စတင်ဆောက်လုပ်နေပြီဖြစ်ကြောင်း သိရသည်။
ဘာလင်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံအပေါ် ပြုမူဆောင်ရွက်ပုံကိုဖော်ပြလျက် Nord Stream 2 သဘာဝဓာတ်ငွေ့ပိုက်လိုင်းလုပ်ငန်းစဉ်အား အသိအမှတ်ပြုခြင်းကို ဆိုင်းငံ့ကြောင်း ဂျာမနီနိုင်ငံ အဓိပတိ Olaf Scholz က ဖေဖော်ဝါရီ ၂၂ ရက်၌ ကြေညာခဲ့ကြောင်း သိရသည်။
ကူမင်း ၊ ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ) တရုတ် ၊ လာအို ၊ မြန်မာ နှင့် ထိုင်း နိုင်ငံတို့မှ တရားဥပဒေစိုးမိုးရေး တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ၁၀၉ ကြိမ်မြောက် မဲခေါင်မြစ်အတွင်း ပူးတွဲကင်းလှည့်ခြင်းကို ဖေဖော်ဝါရီ ၂၂ ရက်တွင် စတင်ခဲ့ကြောင်း သိရသည်။
ဘရပ်ဆဲလ် ၊ ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ) မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO)၏ အကြီးအကဲက ရုရှားနိုင်ငံအား ယူကရိန်းနိုင်ငံနှင့် ပဋိပက္ခအတွင်း သံခင်းတမန်ခင်းလမ်းကြောင်းအား ရွေးချယ်ရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။
ကိဗ်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ သမ္မတ Zelensky က ယူကရိန်းနိုင်ငံ အရှေ့ပိုင်းရှိ Donetsk နှင့် Lugansk ဒေသနှစ်ခုအား (DPR) နှင့် (LPR) ပြည်သူ့သမ္မတနိုင်ငံများအဖြစ် အသိအမှတ်ပြုကြောင်း ရုရှားနိုင်ငံ၏ အမိန့်ကြေညာချက်အပေါ် နိုင်ငံတကာအသိုင်းအဝိုင်း မှ အရေးပေါ်ဆွေးနွေးမှုတစ်ခုလုပ်ဆောင်ရန် ဖေဖော်ဝါရီ...
ဆောပိုလို၊ ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ) ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးပြည်နယ် မြောက်ပိုင်း Petropolis မြို့တွင် စံချိန်တင် မိုးရွာသွန်းမှုများနှင့် နောက်ဆက်တွဲ ရွှံ့မြေပြိုကျမှု၊ ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူ ၁၈၅ ဦးထိ မြင့်တက်လာခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ဖေဖော်ဝါရီ ၂၂ ရက်(အင်္ဂါနေ့)တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ယူကရိန်းနိုင်ငံအရေးကိစ္စအား ဆွေးနွေးခြင်းနှင့် ညှိနှိုင်းမှုမှတစ်ဆင့် တည်ငြိမ်ရန်၊ တင်းမာမှုများကို လျှော့ချရန်နှင့် မတူကွဲပြားမှုများကို အဖြေရှာရန် သက်ဆိုင်ရာနိုင်ငံများအားလုံးကို ဖေဖော်ဝါရီ ၂၂ ရက်၌ တိုက်တွန်းပြောကြားလိုက်ကြောင်း သိရသည်။
ချုံချင့်၊ ဖေဖော်ဝါရီ ၂၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ ပထမဆုံး အကြီးစား ယှေလကျောက်သဘာဝဓာတ်ငွေ့လုပ်ကွက်ဖြစ်သည့် တရုတ်နိုင်ငံ SINOPEC JIANGHAN OILFIELD ဖူလျင် ယှေလကျောက်သဘာဝဓါတ်ငွေ့လုပ်ကွက်တွင် ထုတ်လုပ်မှုစွမ်းရည်တည်ဆောက်ခြင်း၊ ထုတ်လုပ်မှုလျော့နည်းသည့် တွင်းများအား ကောင်းမွန်စွာ စီမံဆောင်ရွက်ခြင်းများကြောင်း ယင်းလုပ်ကွက်၌ တွင်းသစ် ၁၉ ခု ထုတ်လုပ်နိုင်ပြီဖြစ်ရာ နေ့စဉ်ပံ့ပိုးမှု ဓါတ်ငွေ့ပမာဏ...