Connect with us

Videos

ယူကရိန်းနိုင်ငံသမ္မတ က မိမိတို့ အနေဖြင့် မည်သူကိုမည်သည့်အရာမျှ ပေးအပ်မည်မဟုတ်ဟု ဆို

ကိဗ်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံ သမ္မတ Zelensky က ယူကရိန်းနိုင်ငံ အရှေ့ပိုင်းရှိ Donetsk နှင့် Lugansk ဒေသနှစ်ခုအား (DPR) နှင့် (LPR) ပြည်သူ့သမ္မတနိုင်ငံများအဖြစ် အသိအမှတ်ပြုကြောင်း ရုရှားနိုင်ငံ၏ အမိန့်ကြေညာချက်အပေါ် နိုင်ငံတကာအသိုင်းအဝိုင်း မှ အရေးပေါ်ဆွေးနွေးမှုတစ်ခုလုပ်ဆောင်ရန် ဖေဖော်ဝါရီ ၂၂ ရက်တွင် ယူကရိန်းနိုင်ငံ(ကိဗ်) က တောင်းဆိုလိုက်သည်။

ယူကရိန်းနိုင်ငံဘက်မှ နော်မန်ဒီပုံစံ အရေးပေါ်ထိပ်သီးအစည်းအဝေး ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးနှင့် ဥရောပတိုက်လုံခြုံရေးနှင့်ပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်း အထူးအစည်းအဝေးများကို ပြုလုပ်ရန်တောင်းဆိုထားကြောင်း facebook ပေါ်မှ တစ်ဆင့် ပြည်သူများအားပြောကြားသည့် ရုပ်သံမိန့်ခွန်းတွင် Zelensky က ဆိုသည်။
မော်စကိုမှ Luhansk နှင့် Donetsk ဒေသနှစ်ခုကို သီးခြားလွတ်လပ်သောပြည်သူ့သမ္မတနိုင်ငံများအဖြစ် အသိအမှတ် ပြုခဲ့သည်မှာ ” Minsk သဘောတူညီချက်များအား ရုရှားဘက်မှ တစ်ဖက်သတ် ဖောက်ဖျက်လိုက်တာ ဖြစ်ပြီး နော်မန်ဒီ-၄ ထိပ်သီးအစည်းအဝေး ဆုံးဖြတ်ချက်များကိုလျစ်လျူရှု ရာရောက်ကြောင်း Zelensky က ဆိုသည်။
လက်ရှိဖြစ်ပွားနေသည့်အကြပ်အတည်းတွင် ယူကရိန်းဘက်မှ ငြိမ်းချမ်းပြီး သံတမန်နည်းကျသည့် ဖြေရှင်းမှုကိုလုပ်ဆောင်သွားရန် အားထုတ်လျက်ရှိကြောင်း Zelensky က ဆိုပြီး “မိမိတို့အနေနဲ့ ဘယ်သူ့ကို ဘယ်အရာမှ ပေးအပ်မှာမဟုတ်ဘူးဆိုတာ သေချာပါတယ်” ဟုပြောကြားခဲ့သည်။ (Xinhua)

………………………..
(English Version)
GLOBALink | We will not give anything to anyone: Ukrainian President

KIEV, Feb. 22 (Xinhua) — Ukrainian President Zelensky said early Tuesday that Kiev has been urging the international community to hold emergency talks over Russia’s decision on the status of Donetsk and Lugansk regions in eastern Ukraine.
Ukraine has been calling for an emergency summit of the Normandy Format, a meeting of the United Nations Security Council, and a special meeting of the Organization for Security and Cooperation in Europe to address the issue, Zelensky said in a video address to the nation published on Facebook.
That Moscow recognized Luhansk and Donetsk regions as independent entities reflected “Russia’s unilateral withdrawal from the Minsk agreements and ignoring the decisions of the Normandy Four,” Zelensky said.
Emphasizing that Kiev is committed to a peaceful and diplomatic solution to the ongoing crisis, Zelensky said, “we will not give anything to anyone, and we are sure of that.”

Produced by Xinhua Global Service

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.