ပေကျင်း ၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ Shenzhou-14 အာကာသယာဉ်မှူးများဖြစ်သည့် ချိုက်ရွှိကျယ် နှင့် ချန်တုန်းတို့သည် အာကာသယာဉ် ပြင်ပလုပ်ငန်းများဆောင်ရွက်ခြင်း(EVAs) ပြုလုပ်ရန် စက်တင်ဘာ ၁၇ ရက်က အာကာသစခန်း လက်တွေ့စမ်းသပ်ခန်းမော်ဂျူး ဝန့်ထျန်းမှ အောင်မြင်စွာ ထွက်ခွာခဲ့ကြောင်း လူလိုက်ပါနိုင်သော အာကာသယာဉ်အေဂျင်စီ(CMSA)ထံမှ သိရသည်။
စိန်ရန်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံက တရုတ်နိုင်ငံအား ၁၄ နှစ်ကြာ ကျူးကျော်စစ်ပွဲ စတင်ခဲ့သော စက်တင်ဘာ ၁၈ ရက် ဖြစ်ရပ်၏ ၉၁ နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်အနေဖြင့် စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းက တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်ပြည်နယ်၊ စိန်ရန်မြို့တစ်ခွင်...
ရန်ကုန် ၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) ရန်ကုန်မြို့ရှိ Lizzo&Mammo ဟု အမည်ပေးထားသော ကော်ဖီဆိုင်တွင် ကြောင်မျိုးစိတ်များ၊ ဇီးကွက်၊ ကြက်တူရွေး၊ မြွေ၊ ပုတ်သင်နှင့် အခြား တွားသွားသတ္တဝါများ အပါအဝင် ထူးခြားဆန်းပြားသည့် တိရစ္ဆာန် အကောင်ရေ ၁၅၀ ခန့် မွေးမြူပြသထားသည်။
ဂျပန်နိုင်ငံက တရုတ်နိုင်ငံအား ကျူးကျော်မှုစတင်ခဲ့သော စက်တင်ဘာ ၁၈ ရက်ဖြစ်ရပ်၏ ၉၁ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ပြုလုပ်သည့်အနေဖြင့် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်ပြည်နယ်၊ စိန်ရန်မြို့၌ ဥဩဆွဲသံများနှင့် ကားဟွန်းတီးသံများဖြင့် မြည်ဟည်းခဲ့သည်။ (Xinhua) xhtxs.cn/zQY —————————— Shenyang in NE China’s Liaoning resounded...
ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ရှန်ဟိုင်းသည် အဖွဲ့အစည်းဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေး၏ စမ်းသပ်ရာနေရာ ဖြစ်ခဲ့သည်။ ရှန်ဟိုင်းသည် အဆင့်မြင့် တံခါးဖွင့်ဝါဒကျင့်သုံးမှုမှတစ်ဆင့် အကျိုးကျေးဇူးများကို ကမ္ဘာနှင့် မည်သို့မျှဝေလျက်ရှိကြောင်းကို လေ့လာကြည့်ရအောင်။ (Xinhua) xhtxs.cn/zQR ————————— Shanghai shares dividends with the world through...
တရုတ်နိုင်ငံ၏ ပထမဆုံး အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးတာဝန်သည် ပြည့်စုံများပြားသော သိပ္ပံပညာရပ်ဆိုင်ရာ အကျိုးရလဒ်များ ရရှိခဲ့ကြောင်း တရုတ်နိုင်ငံ အမျိုးသားအာကာသစီမံခန့်ခွဲမှုဦးစီးဌာန ပြောကြားခဲ့သည်။ (Xinhua) xhtxs.cn/zRb ………………………………………… China’s first Mars exploration mission has achieved rich scientific results: China National Space...
တရုတ်နိုင်ငံက အဆိုပြုထားသော ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအဆိုပြုချက်သည် နိုင်ငံများအနေဖြင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ကုလသမဂ္ဂ ၂၀၃၀ ပြည့်နှစ် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ပန်းတိုင်များအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အထောက်အကူပြုရန် ရည်ရွယ်ခြင်း ဖြစ်ပြီး နိုင်ငံများအားလုံးကလည်း ထောက်ခံသင့်ကြောင်း ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း အဘီဆစ်က ပြောကြားခဲ့သည်။ (Xinhua) xhtxs.cn/zQz —————————— The China-proposed Global...
တရုတ်နိုင်ငံသည် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အား စတင်တည်ထောင်သူ ဖြစ်သည့်အားလျော်စွာ SCO အတွင်း မြောက်မြားစွာသော ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များ၌ အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ (Xinhua) xhtxs.cn/zQW ……………………………………………… As a founding member of...
Joao Lourenco သည် အင်ဂိုလာနိုင်ငံ၏ သမ္မတအဖြစ်ရွေးကောက်ခြင်းခံခဲ့ရပြီး ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သိရသည်။ (Xinhua)
ဒါကာ ၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာမြို့ နေရာအနှံ့အပြား၌ စက်တင်ဘာ ၁၄ ရက်က မိုးအသင့်အတင့်မှ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မြေနိမ့်ပိုင်းနေရာများတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ကာ လမ်းသွားလာမှုများ အခက်အခဲဖြစ်ခဲ့သည်။ မြို့နေရာအနှံ့ လမ်းမကြီးများ ၊ လမ်းသွယ်များနှင့် လမ်းကျဉ်းများတွင်...