Connect with us

Videos

တရုတ်နိုင်ငံ Shenzhou-14 အာကာသယာဉ်မှူးများ အာကာသယာဉ်ပြင်ပ လှုပ်ရှားမှုများ ပြုလုပ်

ပေကျင်း ၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ Shenzhou-14 အာကာသယာဉ်မှူးများဖြစ်သည့် ချိုက်ရွှိကျယ် နှင့် ချန်တုန်းတို့သည် အာကာသယာဉ် ပြင်ပလုပ်ငန်းများဆောင်ရွက်ခြင်း(EVAs) ပြုလုပ်ရန် စက်တင်ဘာ ၁၇ ရက်က အာကာသစခန်း လက်တွေ့စမ်းသပ်ခန်းမော်ဂျူး ဝန့်ထျန်းမှ အောင်မြင်စွာ ထွက်ခွာခဲ့ကြောင်း လူလိုက်ပါနိုင်သော အာကာသယာဉ်အေဂျင်စီ(CMSA)ထံမှ သိရသည်။အာကာသယာဉ်မှူး ချိုက်ရွှိကျယ်က ပေကျင်းစံတော်ချိန် မွန်းလွဲ ၁ နာရီ ၃၅ မိနစ်၌ ဝန့်ထျန်း၏ လေလုံအခန်းငယ် တံခါးပေါက်အား ဖွင့်လှစ်ခဲ့ပြီး မွန်းလွဲ ၃ နာရီ ၃၃ မိနစ်အထိ ချိုက်ရွှိကျယ် နှင့် ချန်တုန်းတို့ နှစ်ဦးလုံး ပြင်ပ၌ ရှိနေခဲ့ကြောင်း CMSA က ပြောကြားခဲ့သည်။
ယင်းမှာ Shenzhou-14 အာကာသယာဉ်မှူးများက ဒုတိယအကြိမ်မြောက် အာကာသယာဉ် ပြင်ပလုပ်ငန်းများ ဆောင်ရွက်ခြင်း(EVAs)အား ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ချိုက်ရွှိကျယ်အတွက်မူ ပထမဆုံးအကြိမ် ဖြစ်ကြောင်း သိရသည်။

စက်ယန္တရားလက်တံငယ်၏ အကူအညီဖြင့် အာကာသယာဉ်မှူးနှစ်ဦးသည် အာကာသယာဉ်ပြင်ပ အထောက်အကူပြုလက်ကိုင်များ တပ်ဆင်ခြင်း နှင့် ဝန်လျှပ်စီးပတ်လမ်းများ၏ တိုးချဲ့ထားသော ပန့်အစုံအပါအဝင် အာကာသယာဉ် ပြင်ပလုပ်ငန်းများစွာကို လုပ်ဆောင်သွားမည် ဖြစ်သည်။ ထို့ပြင် အာကာသယာဉ်မှူးများသည် အာကာသယာဉ်ပြင်ပ ကယ်ဆယ်ရေးစွမ်းရည်ကို အတည်ပြုစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

အာကာသယာဉ် ပြင်ပလုပ်ငန်းများဆောင်ရွက်ခြင်း(EVAs) လုပ်ဆောင်နေစဉ် အာကာသယာဉ်မှူး လျိုရန်သည် ပင်မမော်ဂျူးအတွင်း ရှိနေခဲ့ပြီး ၎င်း၏ လုပ်ဖော်ကိုင်ဖက်များအား ကူညီပံ့ပိုးပေးနေခဲ့ကြောင်း CMSA က ဆိုသည်။

ချန်တုန်း နှင့် လျိုရန်တို့သည် စက်တင်ဘာ ၂ ရက်တွင် Shenzhou-14 အာကာသယာဉ်မှူးအဖွဲ့၏ ပထမဆုံး အာကာသယာဉ် ပြင်ပလုပ်ငန်းများဆောင်ရွက်ခြင်း(EVAs) ပြီးစီးခဲ့ပြီး လက်တွေ့စမ်းသပ်ခန်းမော်ဂျူး ဝန့်ထျန်းသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။ (Xinhua)

——————————

China’s Shenzhou-14 astronauts conduct extravehicular activities
China’s Shenzhou-14 astronauts Cai Xuzhe and Chen Dong successfully exited the space station lab module Wentian on Saturday to conduct extravehicular activities (EVAs), according to the China Manned Space Agency (CMSA).

At 1:35 p.m. (Beijing Time), Cai opened the hatch of Wentian’s airlock cabin. By 3:33 p.m., both Cai and Chen were outside, said the CMSA.
This is the second time that Shenzhou-14 astronauts have conducted EVAs, and the first time for Cai.

With the aid of the small mechanical arm, the pair will conduct a series of extravehicular tasks, including the installation of extravehicular assistance handles and the extended pump set of the load circuits. They will also verify the extravehicular rescue capability.
During the EVAs, astronaut Liu Yang was inside the core module, supporting her crewmates, according to the CMSA.

Chen Dong and Liu Yang completed the Shenzhou-14 crew’s first EVAs and returned to Wentian on Sept. 2.

Xinhua News Agency correspondents reporting from Beijing.
(XHTV)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.