ပေကျင်း၊ မတ် ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ မြို့ပြလေကြောင်းကဏ္ဍက နိုင်ငံ၏ နွေရာသီ-ဆောင်းဦး လေကြောင်းပို့ဆောင်ရေးရာသီအတွက် အစီအစဉ်သစ်များကို စတင်ဖော်ဆောင်လျက်ရှိပြီး အပြည်ပြည်ဆိုင်ရာခရီးစဉ်များမှာလည်း ယမန်နှစ် ကာလတူထက် ၁.၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း တရုတ်နိုင်ငံ မြို့ပြလေကြောင်းစီမံခန့်ခွဲရေးဦးစီးဌာန (CAAC) ထံမှ သိရသည်။
ဘန်ကောက်၊ မတ် ၂၉ ရက် (ဆင်ဟွာ) အရှေ့အလယ်ပိုင်းဒေသတွင် လက်ရှိဖြစ်ပွားနေသော တင်းမာမှုများကြားမှ စွမ်းအင်ပြတ်တောက်မည့် အလားအလာအပေါ် စိုးရိမ်ပူပန်မှုများ ပြေလျော့ရေးအထောက်အကူဖြစ်စေရန် ဒေသတွင်း မိတ်ဖက်များနှင့်အတူ သံတမန်ရေး ညှိနှိုင်းမှုများ ပြုလုပ်ပြီးနောက် ထိုင်းနိုင်ငံ၏ ရေနံတင်သင်္ဘောများ ဟော်မုဇ်ရေလက်ကြားကို ဘေးကင်းစွာဖြတ်သန်းခွင့် အောင်မြင်စွာရရှိခဲ့ကြောင်း ထိုင်းအစိုးရ ပြည်သူ့ဆက်ဆံရေးဌာနထံမှ သိရသည်။
ပေကျင်း၊ မတ် ၂၉ ရက် (ဆင်ဟွာ) မွေးမြူရေးကန်တွင် မွေးမြူထားသော တရုတ်စတာဂျင်ငါး အကောင်ရေ ၅၅၀,၀၀၀ ခန့်အား နိုင်ငံတစ်ဝန်း ဒေသအသီးသီးရှိ မြစ်များအတွင်းသို့ မတ် ၂၈ ရက်က လွှတ်ပေးခဲ့ကြောင်း တရုတ်နိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာနထံမှ သိရသည်။
တီဟီရန်၊ မတ် ၂၉ ရက် (ဆင်ဟွာ) အီရန်၏ လေကြောင်းရန်ကာကွယ်ရေးစနစ်များက နိုင်ငံတောင်ပိုင်း လေပိုင်နက်အတွင်း အမေရိကန်၏ F-16 Fighting Falcon တိုက်လေယာဉ်တစ်စင်းနှင့် MQ-9 Reaper ဒရုန်းတစ်စင်းကို ပစ်ချခဲ့ကြောင်း အီရန် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ် (IRGC) က မတ် ၂၈ ရက်၌ အခိုင်အမာပြောကြားခဲ့သည်။
ကိုင်ရို၊ မတ် ၂၉ ရက် (ဆင်ဟွာ) အီရန်နှင့် အမေရိကန်-အစ္စရေးကြား ပဋိပက္ခမှာ အချိန်တစ်လတိုင်ရှိလာပြီဖြစ်သလို ဆယ်စုနှစ်များအတွင်း အရှေ့အလယ်ပိုင်းဒေသ၏ အကြီးမားဆုံး မီးတောက်မှာ ဒေသတစ်ခွင် ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သလို ကမ္ဘာတစ်ဝန်း၌လည်း ဆိုးရွားသော ထိတ်လန့်မှုများ ဖြစ်ပေါ်လျက်ရှိသည်။
ပေကျင်း၊ မတ် ၂၉ ရက် (ဆင်ဟွာ) မတ် ၂၈ ရက်၌ ကြေညာခဲ့သည့် ယာယီအစီအစဉ်များနှင့်အတူ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ အီလက်ထရွန်းနစ်နည်းလမ်းဖြင့် ကူးသန်းရောင်းဝယ်မှု (e-commerce) ဆိုင်ရာ သဘောတူညီချက် ကျင့်သုံးမှုအပေါ် ထောက်ခံအားပေးကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဝမ်ဝန်ထောင်းက ပြောကြားခဲ့သည်။
ရှီးအန်း၊ မတ် ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရှီးအန်းမြို့တွင် မတ် ၂၈ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် နိုင်ငံတကာ လူငယ်တံခွန်စိုက် ဘောလုံးပြိုင်ပွဲတွင် တရုတ် ယူ-၂၃ အမျိုးသားဘောလုံးအသင်းက ရှန့်ယွီဝမ့်၏ နောက်ကျပင်နယ်တီဂိုးကြောင့် မြောက်ကိုရီးယား ယူ-၂၃ အမျိုးသားဘောလုံးအသင်းနှင့် ၁ ဂိုးစီ သရေကျခဲ့သည်။
နယူးယောက်၊ မတ် ၂၉ ရက် (ဆင်ဟွာ) အမေရိကန် မရိန်းတပ်ဖွဲ့ဝင်နှင့် သင်္ဘောသား အင်အား ၃,၅၀၀ ပါဝင်သော တပ်ဖွဲ့တစ်ဖွဲ့မှာ မတ် ၂၇ ရက်၌ အရှေ့အလယ်ပိုင်းသို့ ရောက်ရှိလာခဲ့ကြောင်း အမေရိကန်ဗဟိုကွပ်ကဲရေးဌာနချုပ် (CENTCOM) က မတ် ၂၈ ရက်၌ ကြေညာခဲ့သည်။
ရန်ကုန်၊ မတ် ၂၉ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၏ မြို့တော်နေပြည်တော်တွင် ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီး၏ တစ်နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို မတ်လ ၂၈ ရက်က ကျင်းပခဲ့ကြောင်း နိုင်ငံပိုင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) ၏...
-အီရန်တွင် သီတင်းပတ်များနှင့်ချီ မြေပြင်စစ်ဆင်ရေးများ လုပ်ဆောင်ရန် ပင်တဂွန် ပြင်ဆင်နေဟု ဆို -အီရန်နိုင်ငံ တောင်ပိုင်း လေပိုင်နက်အတွင်း အမေရိကန်၏ F-16 တိုက်လေယာဉ်နှင့် MQ-9 ဒရုန်းတို့ကို ပစ်ချနိုင်ခဲ့ဟု အီရန်၏ IRGC အခိုင်အမာပြော -အီရန်က ပါကစ္စတန်အလံ လွှင့်ထူထားသည့် နောက်ထပ်သင်္ဘောအစင်း ၂၀ ကို ဟော်မုဇ်ရေလက်ကြားမှ...