Connect with us

Eastern Europe

ပူတင်၏ သမ္မတ တာဝန်ထမ်းဆောင်မှုကို ရုရှားပြည်သူအများစု အသိအမှတ်ပြု

ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်အားတွေ့ ရစဉ်(ဆင်ဟွာ)

မော်စကို ၊ မေ ၂၅ ရက်(ဆင်ဟွာ)

ဗလာတီမာပူတင်အား ရုရှားနိုင်ငံ၏ သမ္မတ အဖြစ်ဆောင်ရွက်မှုကို ကောင်းမွန်ကြောင်း ရုရှားပြည်သူ ၈၁ ရာခိုင်နှုန်းကျော်က အသိအမှတ်ပြုခဲ့သည်ဟု မေလ ၂၄ ရက်တွင်ပြုလုပ်သည့် လွတ်လပ်သော သဘောထားစစ်တမ်းကောက်ယူမှု တစ်ခုအရ သိရသည်။

ထို့အပြင် ပြည်သူ ၄၆ ရာခိုင်နှုန်းကျော်က ဒီမီထရီ မက်ဗီဒဗ် ၏ စွမ်းဆောင်ချက်အပေါ် ရုရှားနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် သဘောကျကြောင်း ရုရှားနိုင်ငံရှိ အစိုးရအဖွဲ့မဟုတ်သော Levada Analytical Center ၏ သဘောထားစစ်တမ်းကောက်ယူမှုတွင် ဖော်ပြထားသည်။

အဆိုပါ စစ်တမ်းကောက်ယူမှုမှာ ရုရှားနိုင်ငံရှိ ဒေသ ၄၈ ခု မှ ပြည်သူ ၁၆ဝဝဝ အား မေလ ၁၉ ရက် မှ ၂၂ ရက်အတွင်း မေးမြန်းခဲ့သော သဘောထားဆန္ဒဖြစ်ကြောင်း သိရသည်။

သမ္မတပူတင် ၊ ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov တို့သုံးဦးအား ရုရှားနိုင်ငံ၏ ယုံကြည်ဖွယ်ရာအကောင်းဆုံး နိုင်ငံရေးသမား သုံးဦးအဖြစ် စစ်တမ်းရလဒ်များက ဖော်ပြခဲ့သည်။

စစ်တမ်းရလဒ်များအရ ပြည်သူ ၅၆ ရာခိုင်နှုန်းက ရုရှားနိုင်ငံသည် မှန်ကန်သောလမ်းကြောင်းတစ်ခုအပေါ်တွင် လျှောက်လှမ်းနေသည်ဟု ယုံကြည်ခဲ့ကြပြီး ၊ ၎င်းမှာ လွန်ခဲ့သောလတွင် ရှိခဲ့သည့် ၅၁ ရာခိုင်နှုန်းထက် ပို၍ မြင့်မားနေကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.