Connect with us

Eastern Europe

ယူကရိန်းအကြီးတန်းထောက်လှမ်းရေးအရာရှိတစ်ဦး ကိဗ်မြို့၌ လုပ်ကြံခံရ


ကိဗ် ၊ ဇွန် ၂၈ ရက်(ဆင်ဟွာ)

ယူကရိန်းနိုင်ငံ အကြီးတန်းထောက်လှမ်းရေးအရာရှိတစ်ဦးသည် နိုင်ငံမြို့တော် ကိဗ်မြို့၌ ဇွန်လ ၂၇ ရက်တွင် ကားမီးလောင်ပေါက်ကွဲမှုအတွင်း သေဆုံးသွားကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာန အဓိကထောက်လှမ်းရေးညွှန်ကြားမှုဦးစီးဌာန မှ ဗိုလ်မှူးကြီး Maksym Shapoval သည် ၎င်းနေထိုင်ရာ ရပ်ကွက်အတွင်းရှိ လမ်းမပေါ်တွင် ကားမီးလောင်ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်ကဆိုသည်။

ယူကရိန်းနိုင်ငံ အကြီးတန်းထောက်လှမ်းရေး အရာရှိတစ်ဦး လုပ်ကြံခံသည့် နေရာအား လုံခြုံရေးတပ်ဖွဲ့ဝင်များ စစ်ဆေးနေစဉ်(ဆင်ဟွာ)

ယူကရိန်းနိုင်ငံ အကြီးတန်းထောက်လှမ်းရေး အရာရှိတစ်ဦး လုပ်ကြံခံသည့် နေရာအား လုံခြုံရေးတပ်ဖွဲ့ဝင်များ စစ်ဆေးနေစဉ်(ဆင်ဟွာ)

ယူကရိန်းနိုင်ငံ အကြီးတန်းထောက်လှမ်းရေး အရာရှိတစ်ဦး လုပ်ကြံခံသည့် နေရာအား လုံခြုံရေးတပ်ဖွဲ့ဝင်များ စစ်ဆေးနေစဉ်(ဆင်ဟွာ)

ယူကရိန်းနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန အဆိုအရ ပေါက်ကွဲမှုသည် ဒေသစံတော်ချိန် နံနက် ၈ နာရီတွင် ဖြစ်ပွားခဲ့ကြောင်း ၊ ၎င်းဖြစ်စဉ်တွင် ခရီးသွား နှစ်ဦးလည်း အနည်းငယ်ထိခိုက်ဒဏ်ရာရသွားကြောင်း သိရသည်။

အဆိုပါ ဖြစ်ရပ်အား အကြမ်းဖက်တိုက်ခိုက်မှုတစ်ခု အဖြစ် ယူကရိန်းအစိုးရက စုံစမ်းစစ်ဆေးမှုပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းအရင်းအမြစ်များကို ကိုးကား၍ ယူကရိန်းမီဒီယာများက ရေးသားဖော်ပြသည်။ Shapoval သည် အရှေ့ယူကရိန်း၌ ဖြစ်ပွားနေသော ပဋိပက္ခတွင် ပါဝင်ပတ်သက်ခဲ့သူတစ်ဦးဖြစ်သည်။

ယခုနှစ် မတ်လကလည်း အခြား ယူကရိန်းထောက်လှမ်းရေးအရာရှိတစ်ဦးဖြစ်သည့် ယူကရိန်းလုံခြုံရေးဌာန မှ ဗိုလ်မှူးကြီး Olexandr Kharaberyush သည် နိုင်ငံ၏ အရှေ့ပိုင်း Donetsk ဒေသ၌ ကားဗုံးပေါက်ကွဲမှုအတွင်း သေဆုံးခဲ့ရကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.