Media
တောင်ကြီးမြို့တွင် မြင်တွေ့ရသည့် ရှင်လောင်းလှည့်လည်ပွဲ
တောင်ကြီး၊ မတ် ၂၁ ရက် (ဆင်ဟွာ)
ဗုဒ္ဓဘာသာဝင် မြန်မာတို့၏ အစဉ်အလာ ဓလေ့တစ်ခုဖြစ်တဲ့ သားရှင်ပြု လှည့်လည်ပွဲ တစ်ခုကို မတ် ၂၁ ရက် မွန်းလွဲပိုင်းက တောင်ကြီးမြို့ အရှေ့မြို့ပတ်လမ်းနှင့် ရေထွက်ဦးလမ်းထောင့်တွင် တွေ့မြင်ရသည်။ မိဘတို့အနေဖြင့် မိမိတို့၏ သားငယ်ကို မင်းမြောက်တန်ဆာ ဆင်မြန်းပေးကာ ဆင်များ၊ မြင်းများဖြင့်လှည့်ခြင်း၊ မြို့များ၌ မော်တော်ကားဖြင့် ရှင်လောင်းလှည့်ပွဲအဖြစ် လှည့်လည်ကြလေ့ ရှိကြောင်း သိရသည်။ (Xinhua)