Connect with us

Media

အင်ဒိုနီးရှားနိုင်ငံက လျှပ်စစ်ယာဉ်များ ဝယ်ယူခြင်းအတွက် ထောက်ပံ့ကြေး အစီအစဉ် စတင်ဆောင်ရွက်

ဂျကာတာ ၊ မတ် ၂၂ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အစိုးရက လျှပ်စစ်မော်တော်ဆိုင်ကယ်များ ဝယ်ယူရေးအတွက် ထောက်ပံ့ကြေးအစီအစဉ်တစ်ခုကို မတ် ၂၀ ရက်တွင် တရားဝင် စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အစိုးရက မတ် ၂၁ ရက်မှစတင်၍ လျှပ်စစ်မော်တော်ဆိုင်ကယ် ဝယ်ယူမှုတစ်ခုစီတိုင်းအတွက် ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၄၅၅ ဒေါ်လာ ၊ လျှပ်စစ်ယာဉ်များအဖြစ်သို့ ပြောင်းလဲရေးအတွက် အမေရိကန်ဒေါ်လာ ၆၅ ဒေါ်လာ ဘတ်ဂျက်ချထားပေးခဲ့ကြောင်း သိရသည်။

ဘဏ္ဍာရေးဝန်ကြီး Sri Mulyani Indrawati က ယင်းအစီအစဉ်အတွက် ၂၀၂၄ ခုနှစ်အထိ စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၅၅ သန်း ခွဲဝေသတ်မှတ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းမှာ ၂၀၂၄ ခုနှစ်အထိ လျှပ်စစ်ယာဉ် ထိုးဖောက်ဝင်ရောက်မှု ၁၀ ရာခိုင်နှုန်း ရောက်ရှိရန် ရည်မှန်းထားကြောင်း သိရသည်။ (Xinhua)

………………………………..
(English Version)
Indonesia launches subsidy for electric vehicles
Indonesia’s government on Monday officially launched a program of subsidies for purchasing electric motorcycles.
The government has budgeted 455 U.S. dollars in subsidy for each purchase of electric motorcycles and 65 U.S. dollars for converting to electric vehicles starting on Tuesday.
Finance Minister Sri Mulyani Indrawati said that a total of 455 million U.S. dollars will be allocated for the program until 2024. It aims to reach 10 percent electric vehicle penetration as of 2024.
Xinhua News Agency correspondents reporting from Jakarta.
(XHTV)