Connect with us

Media

လက်ဘနွန်-အစ္စရေး နယ်စပ်တွင် အခြေအနေတင်းမာလာမှုကို ထိန်းသိမ်းရှောင်ရှားကြရန် UNIFIL ခေါင်းဆောင်က တောင်းဆို

လက်ဘနွန်နိုင်ငံတောင်ပိုင်းတွင် အခြေအနေတင်းမာလာမှု အရှိန်အဟုန်ကို မြင့်တက်စေနိုင်သော မည်သည့်လှုပ်ရှားမှုမဆို ရှောင်ကြဉ်ရန် လက်ဘနွန်အခြေစိုက် ကုလသမဂ္ဂယာယီတပ်ဖွဲ့ (UNIFIL) ခေါင်းဆောင် Aroldo Lazaro Saenz က လက်ဘနွန်နိုင်ငံ နှင့် အစ္စရေးနိုင်ငံတို့အား တောင်းဆိုကြောင်း မတ် ၂၀ ရက်တွင် ထပ်မံပြောကြားခဲ့သည်။

လက်ဘနွန်အခြေစိုက် ကုလသမဂ္ဂယာယီတပ်ဖွဲ့ (UNIFIL) သည် တောင်ပိုင်းမှ အစ္စရေးတပ်ဖွဲ့များ ရုပ်သိမ်းခြင်းအား စောင့်ကြည့်ရန် ၁၉၇၈ ခုနှစ်မှစတင်ကာ လက်ဘနွန်နိုင်ငံတောင်ပိုင်းတွင် လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

နောက်ဆုံးအချက်အလက်များအရ UNIFIL တွင် နိုင်ငံပေါင်း ၄၈ နိုင်ငံမှ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင် ၁၀,၁၂၂ ဦးခန့် ပါဝင်ကြောင်း သိရသည်။ (Xinhua)
………………………………………..
(English Version)
UNIFIL chief calls for restraint to avoid escalation on Lebanon-Israel borders
Aroldo Lazaro Saenz, chief of the United Nations Interim Force in Lebanon (UNIFIL), reiterated on Monday his calls for Lebanon and Israel to refrain from any action that could lead to an escalation in southern Lebanon.
UNIFIL has been operating in southern Lebanon since 1978 to monitor the withdrawal of Israeli forces from the south.
According to its latest data, UNIFIL includes about 10,122 peacekeepers from 48 countries.
Xinhua News Agency correspondents reporting from Beirut. (XHTV)