Connect with us

Media

မြန်မာနိုင်ငံ လှည်းကူးမြို့နယ်တွင် ရိုးရာဓလေ့ ရှင်လောင်းလှည့်ပွဲကျင်းပ

ရန်ကုန်၊ မတ် ၁၅ ရက် (ဆင်ဟွာ)

မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာအရ ကျင်းပပြုလုပ်ကြသော ရဟန်းခံ ရှင်ပြု နားသ အလှူတော်မင်္ဂလာပွဲ၏ ရှင်လောင်းလှည့်ပွဲတစ်ပွဲကို ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်တွင် မတ် ၁၅ ရက် မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ ရှင်လောင်းလှည့်ပွဲတွင် မြတ်စွာဘုရားရှင်ရုပ်ပွားတော်အား ပင့်ဆောင်လာသည့် မော်တော်ယာဉ်က ရှေးဦးစွာ ထွက်ခွာလာပြီး ထိုယာဉ်အနောက်တွင် မောင်ရင်လောင်းများအား တင်ဆောင်လာသည့် မြင်း၊ နွားလှည်းများလိုက်ပါလာခဲ့သည်။ ရှင်လောင်းလှည့်ပွဲတွင် မောင်ရင်လောင်းမိဘ အလှူဒါယကာ၊ အလှူဒါယိကာမများက သင်္ကန်းပရိက္ခရာများပိုက်ကာ လှပျိုဖြူလေးများက ကွမ်းတောင်၊ ပန်းတောင်များကိုင်ဆောင်ပြီး အိုးစည်၊ ဒိုးပတ်၊ အတီးအမှုတ်၊ အကအခုန်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117