Connect with us

North America

အမေရိကန်နိုင်ငံ အိုဟိုင်းအိုးပြည်နယ် ရှိ အစိုးရ ဝက်ဘ်ဆိုက်များတွင် IS စစ်သွေးကြွ ထောက်ခံရေး စာသားများ ဖြင့် အဟက်ခံရ

အိုဟိုင်းအိုးပြည်နယ် ရှိ အစိုးရ ဝက်ဘ်ဆိုက်များ အဟက်ခံရချိန်တွင် ပေါ်လာသည့် နောက်ခံ စာသားအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အိုဟိုင်းအိုးပြည်နယ် ရှိ အစိုးရဝက်ဘ်ဆိုက်များစွာတွင် ဇွန်လ ၂၅ ရက်က အစိုးရဆန့်ကျင်ရေး နှင့် IS စစ်သွေးကြွ ထောက်ခံရေး စာသား တစ်ခု ပေါ်လာပြီး အဟက်ခံခဲ့ရကြောင်း ပြည်တွင်း သတင်းတစ်ခု ကဖော်ပြခဲ့သည်။

“Team System Dz.” အမည်ရှိ ဟက်ကာအဖွဲ့က သမ္မတ ထရမ့် နှင့် ပြည်သူအားလုံးသည် အစ္စလာမ်ဘာသာဝင်များ၏နိုင်ငံများတွင် စီးဆင်းနေသော သွေးစက်တိုင်းအတွက် တာဝန်ယူရမည်ဖြစ်ကြောင်း အစိုးရဝက်ဘ်ဆိုက်များကို ဖောက်ထွင်းကာ ဝင်ရောက်ရေးသားခဲ့ကြောင်း သိရသည်။

အဟက်ခံရသည့် အစိုးရဝက်ဘ်ဆိုက်များတွင် အိုဟိုင်းအိုးပြည်နယ် အုပ်ချုပ်ရေးမှူး John Kasich ၏ရုံး ၊ အိုဟိုင်းအိုးပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် ပြင်ဆင်ရေး ဋ္ဌာန၊ အိုဟိုင်းအိုးပြည်နယ် ကာစီနိုထိန်းချုပ်ရေး ကော်မရှင်၊ အိုဟိုင်းအိုးပြည်နယ် အလုပ်သမားရုံး နှင့် ကျန်းမာရေးရုံး၊ အိုဟိုင်းအိုးပြည်နယ် အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဋ္ဌာန နှင့် ကျန်းမာရေး အာမခံဋ္ဌာန တို့၏ ဝက်ဘ်ဆိုက်များပါဝင်ကြောင်း သိရသည်။

ယင်း ဝက်ဘ်ဆိုက်များ၏ ပင်မစာမျက်နှာများအား တီးလုံးနောက်ခံတစ်ခု နှင့် အနက်ရောင် နောက်ခံတစ်ခု တို့ဖြင့် အစားထိုးဖော်ပြခဲ့ပြီး နေ့လည် ၁နာရီ မတိုင်ခင် ၎င်းဝက်ဘ်ဆိုက်အားလုံး ကို အွန်လိုင်းတွင်မတွေ့ရှိရတော့ကြောင်း သိရသည်။

အိုဟိုင်းအိုးပြည်နယ် အစိုးရရုံး၏ ပြောရေးဆိုခွင့်ရှိသူ က “အခြေအနေကို သိသိချင်း ပြန်လည်ပြင်ဆင်ဖို့ ချက်ချင်း လုပ်ဆောင်ခဲ့ပြီး အပြည့်အဝ ဖြေရှင်းနိုင်ဖို့အတွက် ဆက်လက် စောင့်ကြည့် ဖြေရှင်းသွားမှာဖြစ်ပါတယ်” ဇွန်လ ၂၅ ရက် နေ့လည်ပိုင်းတွင် ထုတ်ပြန်သည့် ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။

USA Today သတင်း က “Team System Dz.” အဖွဲ့သည် အစ္စရေးဆန့်ကျင်ရေး အာရပ်ဆယ်ကျော်သက်များဖြစ်ပြီး ၎င်းတို့သည် New Brunswick တက္ကသိုလ်၏ ကျောင်းသားသမဂ္ဂ ဝက်ဘ်ဆိုက် နှင့် Canadian food truck’s sandwich ဝက်ဘ်ဆိုက် ကဲ့သို့သော ဝက်ဘ်ဆိုက်များစွာကို ဖောက်ထွင်းခဲ့ကြကြောင်း ဖော်ပြခဲ့သည်။ (Xinhua)