Connect with us

North America

တောမီးကြောင့် အမေရိကန် အရီဇိုးနားပြည်နယ် အရေးပေါ်အဆင့်ကြေညာ

အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ် တောမီး လောင်ကျွမ်းခဲ့သည့် နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

လော့စ်အိန်ဂျလစ်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်တွင် တောမီးလောင်ကျွမ်းမှု တိုးမြင့်လာသဖြင့် ပြည်နယ် အုပ်ချုပ်ရေးမှူး Doug Ducey က ဇွန်လ ၂၃ ရက်က အရေးပေါ်အဆင့် ကြေညာလိုက်လိုက်သည်။

အရေးပေါ် ရန်ပုံငွေအဖြစ် အမေရိကန် ဒေါ်လာ ၂၀၀,၀၀၀ သုံးစွဲရန် အုပ်ချုပ်ရေးမှူးက တရားဝင် ခွင့်ပြုထားပြီး အရီဇိုးနားပြည်နယ် သစ်တောနှင့် မီးသတ် စီမံခန့်ခွဲမှု ဋ္ဌာနမှ လိုအပ်သည့် ဖြည့်စွက် အရင်းအမြစ်များ ထောက်ပံ့ပေးရန် ပြည်နယ်ဆိုင်ရာ အရေးပေါ်ကောင်စီထံ တောင်းဆိုထားကြောင်း သိရသည်။

လာမည့်နှစ် ဘဏ္ဍာနှစ်အစဖြစ်သော ဇူလိုင်လ ၁ ရက်နေ့တွင် ထပ်မံပေးအပ်မည့် ဖြည့်စွက် ရန်ပုံငွေ မရရှိမီတိုင်အောင် အရေးပေါ်ကာလအဖြစ် သတ်မှတ်ထားမည် ဖြစ်ကြောင်း Ducey ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။

ထို့ပြင် ယင်း ပြည်နယ်အနေဖြင့် အပူချိန်နှင့် လေတိုက်နှုန်း မြင့်မားသည့် ထူးထူးခြားခြား မီးလောင်ကျွမ်းလေ့ရှိသော ရာသီ အတွေ့အကြုံ ရှိထားပြီး ဖြစ်ကြောင်း ကြေညာချက်က ဆိုသည်။

ပြီးခဲ့သည့် ဧပြီလမှစ၍ အရီဇိုးနားပြည်နယ်တွင် တောမီးလောင်ကျွမ်းမှု ၁၂ ကြိမ်နှင့်အထက် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“အရီဇိုးနား ဝန်းကျင်က တောမီး လောင်ကျွမ်းမှုတွေကို တက်ညီလက်ညီ တုံ့ပြန်ခဲ့ကြသူ ရဲရင့်တဲ့ အမျိုးသား အမျိုးသမီးတွေကို ကျေးဇူးတင်ပါတယ်၊ သူတို့ရဲ့ အလုပ်အကိုင်တွေနဲ့ ကျွန်တော်တို့ရဲ့ လူမှု အသိုက်အဝန်းကို ကာကွယ်ဖိ့ု့ လိုအပ်တဲ့ အရင်းအမြစ်တိုင်းကို သေသေချာချာ ရရှိဖို့ ဒီနေ့ ကြေညာချက် ထုတ်ပြန်ရခြင်း ဖြစ်ပါတယ်” ဟု Ducey က ဒေသတွင်း KVOA ရုပ်သံဋ္ဌာနသို့ ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် ဒေသတွင်း KVOA ရေဒီယိုမှလည်း လော့စ်အိန်ဂျလစ်မှ ၆၄၀ ကီလိုမီတာ ကွာဝေးသည့် Flagstaff မြို့ရှိ ဆန်ဖရန်စ္စကိုတောင်ထိပ်မှ တောမီးခိုးကြီးများ တွေ့ရှိရကြောင်း၊ ဒေသဆိုင်ရာ ကျန်းမာရေးဋ္ဌာနမှလည်း ဒေသခံများအား အပြင်မထွက်ကြရန်၊ အထူးသဖြင့် နှလုံးရောဂါ၊ အဆုတ်ရောဂါ၊ ပန်းနာရင်ကျပ်ရောဂါ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများအနေဖြင့် အပြင် လုံးဝမထွက်ကြရန် အရေးပေါ် အကြံပြုချက် ထုတ်ပြန်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.