Connect with us

North America

ကမ္ဘာ့ချန်ပီယံရှစ် ပြေးခုန်ပစ်ပြိုင်ပွဲတွင် တိုင်ဆန်ဂေး ပါဝင်ခွင့်မရ

ကမ္ဘာ့ ပြေးခုန်ပစ်ပြိုင်ပွဲတစ်ခုတွင် ဝတ်စုံအနီရောင်ဝတ်ဆင်ထားသော အမေရိကန်အပြေးသမား တိုင်ဆန်ဂေး(ယာ) အားတွေ့ ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)

ယခင်ကမ္ဘာ့ပြေးခုန်ပစ်ချန်ပီယံဟောင်း တိုင်ဆန်ဂေးသည် အမေရိကန်နိုင်ငံ Sacramento တွင် ကျင်းပပြုလုပ်ခဲ့သည့် အမေရိကန်ပြေးခုန်ပစ်ချန်ပီယံရှစ်ပြိုင်ပွဲ၌ အောင်မြင်မှု မရရှိခဲ့သဖြင့် ၎င်းသည် ယခုနှစ်တွင် ကျင်းပမည့် ကမ္ဘာ့ပြေးခုန်ပစ်ချန်ပီယံရှစ်ပြိုင်ပွဲတွင်ပါဝင် ယှဉ်ပြိုင်ခွင့်ရတော့မည် မဟုတ်ကြောင်း သိရသည်။

ဇွန်လ ၂၅ ရက်က ပြုလုပ်ခဲ့သည့် အမေရိကန်ပြေးခုန်ပစ်ပြိုင်ပွဲ၏ မီတာ ၂ဝဝ အကြိုဗိုလ်လုပွဲတွင် ဂေးသည် ၂၁.၃၇ စက္ကန့်ဖြစ်သာ ပန်းဝင်ခဲ့သဖြင့် ၎င်းသည် ဗိုလ်လုပွဲစဉ် နှင့် ဝေးကွာခဲ့ရသည်။ အသက် ၃၄ နှစ်အရွယ်ရှိ ဂေးသည် ဇွန်လ ၂၄ ရက်တွင် ကျင်းပခဲ့သည့် မီတာ ၁ဝဝ အပြေးပြိုင်ပွဲတွင်လည်း တတိယ နေရာမှသာ ပန်းဝင်ခဲ့ကြောင်း သိရသည်။ပြီးခဲ့သော ၂ဝ၁၆ ခုနှစ် အောက်တိုဘာလက Kentucky ၌ တိုင်ဆန်ဂေး၏ ဆယ်ကျော်သက်အရွယ် သမီးငယ်သည် သေနတ်ပစ်ခံခဲ့ရပြီးနောက်ပိုင်းတွင် ဂေးအနေဖြင့် အားကစားပြိုင်ပွဲများအပေါ် အာရုံစူးစိုက်မှုမပြုလုပ်နိုင်ခဲ့ကြောင်း ၎င်းက သတင်းသမားများအားပြောကြားခဲ့သည်။“ အနည်းဆုံး တစ်ရက်ကို နှစ်ကြိမ်လောက် လေ့ကျင့်နိုင်ဖို့မျှော်လင့်ထားပါတယ်။ အခုချိန်ထိ ကျွန်တော်ကျန်းမာရေးကောင်းပါတယ်” ဟု ၎င်းက ဆိုသည်။ တိုင်ဆန်ဂေးသည် ကမ္ဘာ့မီတာ ၁ဝဝ အပြေးပြိုင်ပွဲတွင် လက်ရှိချန်ပီယံ အူစိန်ဘော့တင်ထားသော ၉.၅၈ စက္ကန့်စံချိန်နောက် ဒုတိယနေရာဖြင့် ရပ်တည်လျက်ရှိကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117