Videos
သွားလာရခက်ခဲသောတောင်ကြားလမ်းတွင်ခက်ခဲစွာဖောက်လုပ်ရသောရထားလမ်း
စီချွမ်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက စီချွမ် တိဘက် ပြေးဆွဲမည့်ရထားလမ်းကို ဖောက်လုပ်လျက်ရှိသည်။ ထိုရထားလမ်းကို ကမ္ဘာပေါ်တွင် ဖောက်လုပ်ရန်ခက်ခဲသော ရထားလမ်းအဖြစ်သတ်မှတ်ထားကြသည်။ ရထားလမ်းဖောက်လုပ်ရာလမ်းသည် မြေပြန့်မဟုတ်ဘဲ တောင်များကို ကွေ့ပတ်ကာ ဖောက်လုပ်ရသောကြောင်ြ့ဖစ်သည်။ ၁၇ဝဝ ကီလိုမီတာရှည်လျားမည့် အဆိုပါရထားလမ်းသည် ချန်ဒူးနှင့် လာဆာ ကို ဖြတ်သန်းသွားမည်ဖြစ်သည်။ ထိုသို့ရထားလမ်းဖောက်လုပ်ရာတွင် မြေပြိုမှု၊ ကျောက်တောင်များပြိုကျမှု ၊ ရေခဲနှင့် ဆီးနှင်းများအရည်ပျော်ကာပြိုကျလာမှု ဘေးအန္တရာယ်တို့နှင့်ကြုံတွေ့နိုင်သည်။ ထိုနေရာမှာ ကမ္ဘာပေါ်တွင် မြေသားမျက်နှာပြင်လှုပ်ရှားမှုအများဆုံးဒေသထဲမှ တစ်ခုလည်းဖြစ်သည်။ ရထားလမ်းပိုင်း၏ ၈ဝ ရာခိုင်နှုန်းမှာ ဥမင်လိုဏ်ခေါင်းများနှင့် တံတားများဖြင့် ဖောက်လုပ်ထားခြင်းဖြစ်သည်။ တစ်နာရီလျင်ရထားအမြန်နှုန်း ၂ဝဝ ကီလိုမီတာနှုန်းဖြင့် သွားနိုင်ရေးအတွက်ဖောက်လုပ်ရန်စီစဉ်ထားသည်။ ယခင်က ၄၈ နာရီကြာ အချိန်ပေးသွားလာရသည့် ထိုလမ်းခရီးတွင် ရထားလမ်းဖောက်လုပ်ပြီးစီးပါက အချိန် ၁၃ နာရီခန့်သာကြာမြင့်မည်ဟုလည်းသိရသည်။ အဆိုပါစီမံကိန်းအတွက် ကုန်ကျငွေအမေရိကန်ဒေါ်လာ ၃၆.၈၈ ဘီလီယံ ရှိမည်ဖြစ်သည်။ (Xinhua)