Connect with us

Education & Health

တနသာၤရီတိုင်းဒေသကြီးတွင်အခြေခံပညာမူလတန်းကျောင်းများ ယာယီပိတ်ထားရာမှ ပြန်လည်ဖွင့်လှစ်

တနသာင်္ရီတိုင်းဒေသကြီး ၏ မြို့တော် ထားဝယ်မြို့အဝင်အားတွေ့ရစဉ် (ဓာတ်ပုံ-- အင်တာနက်)

ရန်ကုန်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)

တနသာၤရီတိုင်းဒေသကြီးအတွင်းကြက်ငှက်တုပ် ကွေးရောဂါH 5N1သည် သြဂုတ် ၄ ရက်မှစ၍ ကြက်ခြံများတွင်ဖြစ်ပွားမှုမရှိခြင်း၊ လူသို့ကူးစက်မှု များ မရှိခြင်းတို့အပြင် လူတွင်ဖြစ်ပွားသော ရာသီတုပ်ကွေးရောဂါH1N1သည် ဓာတ်ခွဲစစ်ဆေးချက်အရ မျိုးစိတ်သစ်မဟုတ်ဘဲ ကမ္ဘာတစ်ဝန်းလုံးတွင်ဖြစ်ပွားခဲ့သော တုပ်ကွေး အမျိုးအစားတစ်မျိုးတည်းသာဖြစ်ကြောင်းသိရှိရသည့်အတွက် တနသာၤရီတိုင်းဒေသကြီးအတွင်း အခြေခံပညာမူလတန်း ကျောင်းများအား သြဂုတ် ၈ ရက်မှစ၍ ပြန်လည်ဖွင့်လှစ်ပြီဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

ကြက်ခြံများ ပြန်လည်မွေးမြူခွင့်နှင့် ပတ်သက်ပြီး တိုင်းဒေသကြီး ကြက်ငှက်တုပ်ကွေးရောဂါကာကွယ် ထိန်းချုပ်ရေးကော်မတီက သတ်မှတ်ထားသည့်စည်း မျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာမှုရှိမှကြက် မွေးမြူခွင့်အား စိစစ်ခွင့်ပြုမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က သြဂုတ် ၇ ရက်တွင် သတင်းထုတ်ပြန်ထားကြောင်းသိရသည်။

တိုင်းအစိုးရအဖွဲ့တိုင်းဒေသကြီး/ ခရိုင်/မြို့နယ် ကြက်ငှက်တုပ်ကွေး ရောဂါကာကွယ်ထိန်းချုပ် တားဆီးရေးကော်မတီများ၊ ဒေသခံပြည်သူများ၊ ကြက်ခြံပိုင်ရှင်များ၊ ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းညှိနှိုင်း၍ ကြက်ငှက်တုပ်ကွေးရောဂါH 5N1ဖြစ်ပွားခဲ့သောကြက်ခြံများမှကြက်သေကောင်ရေ ၆၃၈၅ ကောင်နှင့် ကြက်သုတ်သင်ရှင်းလင်းကောင် ရေ ၂၇,၃၂၃ ကောင် စုစုပေါင်း ၃၃,၇ဝ၈ ကောင် အား ရောဂါဖြစ်ပွားမှုကိုထိန်းချုပ်ရန်နှင့်ပြန့်ပွားမှုမရှိစေရန် ရှင်းလင်းသုတ်သင်မြေမြှုပ်ခြင်းများ၊ ပိုး သတ်သန့်စင်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.