Connect with us

Education & Health

လှည်းကူးမြို့နယ်ရှိသောက်ရေသန့်လုပ်ငန်း(၅)ရုံအား ရက်အကန့်အသတ်မရှိ ပိတ်သိမ်းအရေးယူ

လှည်းကူးမြို့နယ် ရှိ ရေသန့်စက်ရုံတို့ အားရှောင်တခင်စစ်ဆေးစဉ် (ဓာတ်ပုံ-- YGN FDA)

ရန်ကုန်၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ)

လှည်းကူးမြို့နယ်ရှိ ထောက်ခံချက်လျှောက်ထားခြင်းမရှိသော သောက်ရေသန့်လုပ်ငန်း(၅)ရုံအား ရက်အကန့်အသတ်မရှိ ပိတ်သိမ်းအရေးယူခြင်းနှင့် စိစစ်ဆဲ၊ထောက်ခံချက်ရရှိပြီးသော စက်ရုံ(၄)ရုံအား ယာယီရပ်ဆိုင်းအရေးယူခြင်းအားဆောင်ရွက်ခဲ့ကြောင်းအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ-ရန်ကုန် ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

၉.၈.၂၀၁၇ရက်နေ့တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ-ရန်ကုန်ရုံးအဖွဲ့သည် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီမှအဖွဲ့ဝင်များ (မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊စည်ပင်၊ထွေအုပ်၊ရဲ)၊ စားသုံးသူရေးရာဦးစီးဌာနတို့ဖြင့် လှည်းကူးမြို့နယ်ရှိ အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်လျှောက်ထားခြင်းမရှိသော သောက်ရေသန့်လုပ်ငန်း(၅)ရုံအား ရှောင်တခင်စစ်ဆေးခဲ့ပြီး စက်ရုံများမှာ ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ်(GMP)နှင့် ကိုက်ညီမှုမရှိသောကြောင့် စက်ရုံပိုင်ရှင်များအား ခံဝန်ထိုးခြင်းနှင့် ရက်အကန့်အသတ်မရှိ ပိတ်သိမ်းအရေးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းသောက်ရေသန့်လုပ်ငန်းများအနေဖြင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသို့ ထောက်ခံချက်လျှောက်ထားပြီး GMPနှင့်အညီ ကိုက်ညီမှသာ ပြန်လည် ထုတ်လုပ်ခွင့်ပြုမည်ဖြစ်ပါသည်။ ပိတ်သိမ်းအရေးယူခဲ့သော သောက်ရေသန့်များမှာ စွမ်း၊ ဖိုးချစ်၊Myat Noe Eain ၊ Kar Kar နှင့် ရိဒ်သက်စမ်းရေ အမှတ်တံဆိပ်များဖြစ်ပါသည်။ထို့ပြင် ဇူလိုင်လအတွင်း လှည်းကူးမြို့နယ်တွင် ပိတ်သိမ်းအရေးယူခဲ့သော သောက်ရေသန့် လုပ်ငန်းများအနက် ဆက်လက်ဖြန့်ဖြူးရောင်းချနေသော နန္ဒာဂီရိ နှင့် ကောင်းကင် သောက်ရေသန့် လုပ်ငန်းများအားလည်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းမပြုရန် ခေါ်ယူ၍ အထူးသတိပေးခဲ့ပြီး စိစစ်ဆဲနှင့် ထောက်ခံချက်ရရှိပြီးသော သောက်ရေသန့်စက်ရုံ(၄)ရုံအား ထပ်မံရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ရာ စက်ရုံများမှာ ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ်နှင့်(GMP)မကိုက်ညီခြင်း၊ မလိုက်နာခြင်းတို့ တွေ့ရှိရပါသဖြင့် စက်ရုံစစ်ဆေးတွေ့ရှိချက်များအပေါ်မူတည်၍ စက်ရုံများအား (၁)ပတ်မှ (၂)လ အထိ အသီးသီးထုတ်လုပ်မှုများအား ယာယီရပ်ဆိုင်းခြင်းများ ဆောင်ရွက်ခဲ့ပြီး ဖြန့်ဖြူးရောင်းချခြင်းမပြုရန်နှင့် စက်ရုံအားပြုပြင်မှုများ ဆောင်ရွက်ရန် သတိပေးမှာကြားခဲ့ပါသည်။

ဇူလိုင်လ နှင့် သြဂုတ်လအတွင်း လှည်းကူးမြို့နယ်တွင် ထောက်ခံချက်လျှောက်ထားခြင်းမရှိသော သောက်ရေသန့်လုပ်ငန်း(၉)ခု၊ စိစစ်ဆဲနှင့် ထောက်ခံချက်ရရှိထားသော သောက်ရေသန့်လုပ်ငန်း(၈) ရုံ စုစုပေါင်း (၁၇)ရုံ အရေးယူခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.