Connect with us

Education & Health

မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကို အာရှ-ပစိဖိတ် ဒေသ ပညာအရည်အသွေးလေ့လာအကဲဖြတ် ကွန်ယက် အဖွဲ့ဝင်အဖြစ် ခွင့်ပြုခဲ့ပြီး ဖြစ်

မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ-- မြန်မာနိုင်ငံစာစစ်ဦးစီးဌာန)

ရန်ကုန်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကို အာရှ-ပစိဖိတ် ဒေသ ပညာအရည်အသွေးလေ့လာအကဲဖြတ် ကွန်ယက် (Network on Education Quality Monitoring in the Asia Pacific) အဖွဲ့ဝင်အဖြစ် ခွင့်ပြုခဲ့ပြီး ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ ယနေ့ သတင်းထုတ်ပြန်ချက် အရ သိရသည်။

မြန်မာနိုင်ငံအား အာရှ-ပစိဖိတ် ဒေသ ပညာအရည်အသွေးလေ့လာအကဲဖြတ် ကွန်ယက် အဖွဲ့ဝင်အဖြစ် ၂၀၁၇ ခုနှစ် မတ်လ (၂၀) ရက်နေ့တွင် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၁။ အာရှ-ပစိဖိတ် ဒေသ ပညာအရည်အသွေး လေ့လာအကဲဖြတ် ကွန်ယက်ကို ၂၀၁၃ ခုနှစ် မတ်လ တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ဤကွန်ယက်သည် ပညာအရည်အသွေး လေ့လာအကဲဖြတ်ရေး နှင့် ပတ်သက် ၍ အသိပညာ၊ အတွ့အကြုံ နှင့် ကျွမ်းကျင်မှုများ ကို ဒေသတွင်း နိုင်ငံများ အချင်းချင်း နှီးနှောဖလှယ် နိုင်မည့် စုဆုံရာ နေရာတစ်ခု အဖြစ် ရည်ရွယ်ကြောင်း သိရသည်။

အာရှ−ပစိဖိတ်ဒေသ အတွင်းရှိ ကျောင်းသားများ၏ သင်ယူမှု ကို စစ်ဆေး အကဲဖြတ် နည်းစနစ်များ အသုံးပြု၍ သင်ယူမှု အရည်အသွေး တိုးတက်စေခြင်းဖြင့် ပညာရေးစနစ်ကို ခိုင်မာအောင် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ သင်ရိုးညွှန်းတန်း နှင့် သင်ကြားမှု နည်းစနစ်များ အပါအဝင် စာသင်ခန်းတွင်း လေ့လာ သင်ယူမှုကို တိုးတက်စေသည့် အထောက်အပံ့များ ၊အချင်းချင်း ကောင်းမွန်စွာ ချိတ်ဆက် နိုင်ရေး အတွက် ဂရုပြုဆောင်ရွက်မည် ဖြစ်ကြောင်း၊ ယူနက်စကို အာရှ−ပစိဖိတ် ဆိုင်ရာ ပညာရေးအဖွဲ့ရုံး(ယူနက်စကို−ဘန်ကောက်) သည် အာရှ-ပစိဖိတ် ဒေသ ပညာအရည်အသွေးလေ့လာအကဲဖြတ် ကွန်ယက် အတွင်းဝန်ရုံးအဖြစ် တာဝန်ယူ ဆောင်ရွက်ပေး နေကြောင်း၊

အာရှ-ပစိဖိတ် ဒေသ ပညာအရည်အသွေးလေ့လာအကဲဖြတ် ကွန်ယက် အနေဖြင့် စွမ်းဆောင်ရည် မြှင့်တင်ခြင်း (Capacity Building) သုတေသန (research) နှင့် အသိပညာ ဖလှယ်ခြင်း (Knowledge Sharing) ဟူသော အဓိကလုပ်ငန်းစဉ် (၃) ရပ် ချမှတ်ထားပြီး အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.