Connect with us

Media

တရုတ်နိုင်ငံက အဝေးထိန်းအာရုံခံဂြိုဟ်တုသစ် လွှတ်တင်

ကျိုချွမ် ၊ စက်တင်ဘာ ၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအနောက်မြောက်ပိုင်းရှိ ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ အာကာသအတွင်းသို့ အဝေးထိန်းအာရုံခံဂြိုဟ်တုသစ်တစ်စင်းအား စက်တင်ဘာ ၇ ရက်တွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။

Yaogan-33 03 ဂြိုဟ်တုအား ပေကျင်းစံတော်ချိန် နံနက် ၂ နာရီ ၁၄ မိနစ်တွင် Long March-4C သယ်ဆောင်ရေးဒုံးပျံဖြင့် လွှတ်တင်ခဲ့ပြီး သတ်မှတ်ထားသည့် ဂြိုဟ်ပတ်လမ်းကြောင်းသို့ အောင်မြင်စွာ ဝင်ရောက်သွားခဲ့ကြောင်း သိရသည်။
ယင်းဂြိုဟ်တုအား သိပ္ပံဆိုင်ရာလက်တွေ့သုတေသနများ ၊ မြေယာသယံဇာတစာရင်းကောက်ယူမှုများ ၊ သီးနှံအထွက်နှုန်းခန့်မှန်းချက်နှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ၊ ကယ်ဆယ်ရေးတို့အတွက် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………………
(English Version)
China launches new remote sensing satellite
China sent a new remote sensing satellite into space from the Jiuquan Satellite Launch Center in northwest China on Thursday.
The satellite, Yaogan-33 03, was launched by a Long March-4C carrier rocket at 2:14 a.m. (Beijing Time) and has entered the planned orbit successfully.
It will be used for scientific experiments, land resources surveys, crop yield estimation, and disaster prevention and relief.
Xinhua News Agency correspondents reporting from Jiuquan, China.(XHTV)

 

 

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.