Connect with us

Science & Technology

ဖွံ့ဖြိုးမှုလမ်းကြောင်း ပေါ်တွင် အရှိန်အဟုန်မြင့် တိုးတက်လာသည့် တရုတ်နိုင်ငံ၏ မြန်နှုန်းမြင့်ရထားနည်းပညာ

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ဖူရှင်းကျည်ဆန်ရထားတစ်စင်းအားတွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးသည် ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍကို ဘက်ပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိရာ တရုတ်နိုင်ငံသည်လည်း ကမ္ဘာ့အမြန်ဆုံး ကျည်ဆန်ရထားများကို စက်တင်ဘာ ၂၁ ရက် တွင် စတင်ပိုင်ဆိုင်လာခဲ့ပြီး ၎င်း၏ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍတွင် စာမျက်နှာသစ်တစ်ခုကို ဖွင့်လှစ်နိုင်ခဲ့သည်။

တရုတ်နိုင်ငံ ပေကျင်းမြို့ နှင့် ရှန်ဟိုင်းမြို့ အကြားပြေးဆွဲနေသည့် တရုတ်အခေါ် ဖူရှင်း (ပြန်လည်နုပျိုခြင်း) အမည်ရှိ ပြည်တွင်းဖြစ်ရထားများက တရုတ်နိုင်ငံ သည် မြန်နှုန်းမြင့်ရထားလောကတွင် ဦးဆောင်နေကြောင်းကို ခိုင်မာစွာ သက်သေထူလိုက်ခြင်းပင်ဖြစ်သည်။

မြန်နှုန်းမြင့်ရထားအသစ်များသည် တစ်နာရီလျှင် ၃၅၀ကီလိုမီတာနှုန်းဖြင့် ပုံမှန်ပြေးဆွဲနိုင်ပြီး တရုတ်နိုင်ငံ၏ ရှုပ်ထွေးသော ရထားလမ်းကြောင်းများပေါ်တွင် ခရီးသွားကြာချိန်ကို ၄.၅နာရီမှ ၅နာရီအထိ လျှော့ချပေးနိုင်ခဲ့သည်။ ပုံမှန်အားဖြင့် လန်ဒန်မြို့မှ ပါရီမြို့သို့ ၂နာရီ ၁၆မိနစ် မောင်းနှင်ရသော်လည်း ယင်းမြန်နှုန်းမြင့်ရထားသည် ၎င်း၏အမြန်နှုန်းဖြင့် မောင်းနှင်ပါက မူလကြာချိန်ထက် နာရီဝက် စော၍ ရောက်ရှိနိုင်သည်။

တရုတ်နိုင်ငံ ရထားလမ်းသိပ္ပံအကယ်ဒမီ (CARS) ၏ ရထားစက်ခေါင်းနှင့် မော်တော်ကားသုတေသနဋ္ဌာန မှ သုတေသီ ကျန်းပေါင် က “Wi-fi အခမဲ့ အသုံးပြုနိုင်ခြင်း၊ အားသွင်းပေါက်များပိုမိုပါဝင်ခြင်း နှင့် နောက်မှီခုံများပါဝင်ခြင်းတို့ကြောင့် ဖူရှင်း မြန်နှုန်းမြင့်ရထားဟာ စီးနင်းသူများအတွက် သက်သောင့်သက်သာဖြစ်စေတဲ့အပြင် လုံခြုံစိတ်ချမှုလည်း ရှိပါတယ်” ဟုပြောကြားခဲ့သည်။

ကျန်းက “တရုတ်နိုင်ငံဟာ ၎င်းရဲ့ မြန်နှုန်းမြင့်ရထားလမ်းကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်တဲ့နေရာမှာ လုံခြုံစိတ်ချမှုကို လေးလေးနက်နက်ထည့်သွင်းစဉ်းစားပါတယ်” ဟုပြောကြားခဲ့သည်။

ဖူရှင်းရထားတွင် အာရုံခံကိရိယာပေါင်း ၂,၅၀၀ ကျော်ပါရှိပြီး ယခင်ရထားပုံစံများထက် အခု၅၀၀ကျော် ပိုမိုပါဝင်ကာ ရထားတွဲအားလုံးတွင် တပ်ဆင်ထားသော အချက်ပေးကိရိယာ ၁,၅၀၀ ကျော်မှ အချက်အလက်များကိုလည်း တစ်ပြိုင်နက်တည်း စုဆောင်းနိုင်ပါသည်။ ထို့အပြင် အအေးခံစနစ်၊ ဘရိတ်စနစ် နှင့် လေအေးပေးစနစ်များတွင် ပြဿနာတစ်စုံတစ်ရာဖြစ်ပေါ်လာပါက အသံစနစ်များက အချက်ပေးမည်ဖြစ်သည်။ ထို့အပြင် လိုအပ်ပါက ရထားအား အရှိန်လျှော့ခြင်း အပြင် ရပ်တန့်ခြင်းတို့ကိုပင် ပြုလုပ်နိုင်ပါသည်။

ရထားတွဲများ ထိခိုက်ခြင်းနှင့် လူသေဆုံးမှုများ မဖြစ်ပေါ်စေရန် ရထားသစ်များတွင် တစ်စုံတစ်ခုနှင့် တိုက်မိသည့်အခါ တန်ပြန်ထွက်ပေါ်လာသော စွမ်းအင်ကိုစုပ်ယူနိုင်သော ပိုမိုအဆင့်မြှင့်တင်ထားသည့် ကိရိယာများကိုတပ်ဆင်ထားသည်။

ယင်းကိရိယာများသည် ၂၁၀တန်အလေးချိန်ရှိသည့် အရာဝတ္တုကို တစ်မီတာအမြင့်အထိ မတင်နိုင်သည့် စွမ်းအင်ပမာဏလောက်ကို စုပ်ယူနိုင်ကြောင်း ကျန်းပြောကြားခဲ့သည်။

ဖူရှင်းရထားများ သည် နှစ်၃၀သက်တမ်းအထိ အသုံးပြုနိုင်ပြီး လက်ရှိရထားပုံစံများထက် ၁၀နှစ် ကျော်အသုံးပြုနိုင်သည့်အပြင် တစ်နာရီလျှင် ၃၅၀ကီလိုမီတာဖြင့်မောင်းနှင်သည့်အခါ စွမ်းအင်သုံးစွဲမှု ကို ၁၀ရာခိုင်နှုန်း လျှော့ချနိုင်သည်။

ဆယ်စုနှစ်တစ်ခုကျော်အထိ တရုတ်နိုင်ငံသည် ကမ္ဘာ့အဆင့်မီ မြန်နှုန်းမြင့် ရထားလမ်းစနစ်တစ်ခုကို တည်ဆောက်ရန် ဖွံ့ဖြိုးပြီးနိုင်ငံများထံမှ လေ့လာခဲ့ပြီး ယခုအခါ အနောက်နိုင်ငံ၏ အကူအညီတစ်စုံတစ်ခုကိုမျှ လက်ခံအသုံးပြုထားခြင်းမရှိသည့် ဖူရှင်းမြန်နှုန်းမြင့်ရထား ဖြင့် ပြီးပြည့်စုံသော နည်းပညာဆိုင်ရာမူပိုင်ခွင့် ကို ပိုင်ဆိုင်ထားပြီးဖြစ်ပါသည်။

ပို့ဆောင်ဆက်သွယ်ရေးအစီအစဉ်ရေးဆွဲမှု နှင့် စီမံခန့်ခွဲမှုဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးဖြစ်သည့် ဆွန်းက “စက်ပိုင်းဆိုင်ရာ အပိုပစ္စည်းများ နဲ့ အစိတ်အပိုင်းများကို အကောင်းဆုံးထုတ်လုပ်တဲ့ နိုင်ငံတွေဆီက လိုအပ်တဲ့ ပစ္စည်းအစိတ်အပိုင်းတွေ ဝယ်ယူခြင်းဟာ နိုင်ငံတကာဈေးကွက်ရဲ့ ပုံမှန်ဖြစ်စဉ် တစ်ခုဖြစ်ပါတယ်” ဟုပြောကြားခဲ့သည်။

“ဥပမာအားဖြင့် ကမ္ဘာအနှံ့က ရထားထုတ်လုပ်သူများဟာ ရထားနဲ့ သက်ဆိုင်တဲ့ ထရန်စစ္စတာများကို ပြင်သစ်နိုင်ငံက ဝယ်ယူသလို တရုတ်နိုင်ငံမှ ရထားတွဲဆက်တန်းများကို ပြည်ပထုတ်လုပ်သူများက ယုံကြည်မှုအပြည့်နဲ့ ဝယ်ယူကြပါတယ်” ဟု ဆွန်းကပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး မြန်နှုန်းမြင့် ရထားလမ်းကွန်ရက်ကို ပိုင်ဆိုင်ထားပြီး ၂၀၁၆ခုနှစ်အကုန်တွင် ရထားလမ်းအရှည် ၂၂,၀၀၀ကီလိုမီတာ ရှိကာ တစ်ကမ္ဘာလုံး ရထားလမ်းအရှည်စုစုပေါင်း၏ ၆၀ရာခိုင်နှုန်းခန့်နှင့် တူညီသည်။

တရုတ်နိုင်ငံသည် ကျည်ဆန်ရထားများကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရင်း အခြားအကျိုးရလဒ် တစ်ခုကိုလည်း ရရှိခဲ့သည်။ ဆိုလိုသည်မှာ ဘူမိအနေအထား၊ ရာသီဥတု အပါအဝင် လေထုအခြေအနေ မတူညီမှုများကို ထည့်သွင်းစဉ်းစားရခြင်းက တရုတ်အင်ဂျင်နီယာများ၏ တီထွင်ကြံဆနိုင်မှု စွမ်းရည်ကို သာမန်ထက်ကျော်လွန်စေပြီး နည်းပညာပိုင်းဆိုင်ရာ အောင်မြင်မှု အသစ်များကို ရရှိစေခဲ့သည်။

တရုတ်နိုင်ငံ ရှိ ရထားလမ်းများသည် နွေးသမပိုင်းဇုန် နှင့် အအေးပိုင်းဇုန်တွင် ဖောက်လုပ်ထားခြင်းဖြစ်ပြီး အများအားဖြင့် ကမ်းရိုးတန်း နှင့် ကုန်းမြင့်ဒေသများရှိ မြေပျော့ နှင့် ချော်မြေများပေါ်တွင် တည်ရှိသည်။ ထို့အပြင် ဆီးနှင်းထူထပ်သော တောင်များ နှင့် မြစ်များကိုရှောင်လွှဲရန် ရထားလမ်း ၈၀ရာခိုင်နှုန်းကျော်ကို ဥမင်လိုဏ်ခေါင်းများနှင့် တံတားများပုံစံ တည်ဆောက်ထားသည်။

လိုအပ်ချက်များပြားသော ဘူမိဆိုင်ရာအခြေအနေအခက်အခဲများက တရုတ်အင်ဂျင်နီယာများ နှင့် ဆောက်လုပ်သူများကို အတွေ့အကြုံများ ပိုမိုရင့်သန်လာကာ တရုတ်နိုင်ငံထုတ် ရထားများသည်လည်း ပိုမိုယုံကြည်စိတ်ချရလာပြီး အများနှင့်သဟဇာတဖြစ်လာခဲ့သည်။

ဖူရှင်း ရထားများသည် အနုတ် ၄၀ဒီဂရီ စင်တီဂရိတ် မှ ၄၀ဒီဂရီစင်တီဂရိတ် အထိ အပူချိန်ကို ခံနိုင်ရည်ရှိပြီး ဘူမိဗေဒအနေအထား နှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေအမျိုးမျိုးကို ခံနိုင်ရည်ရှိကြောင်း တရုတ်ရထားလမ်းကော်ပိုရေးရှင်း၏ အင်ဂျင်နီယာချုပ် ဟဲဟွာဝူ ကပြောကြားခဲ့သည်။

အနာဂတ်တွင် ဖူရှင်းရထားများသည် တရုတ်နိုင်ငံက အဓိကတင်ပို့သော မြန်နှုန်းမြင့်ရထားဖြစ်လာမည်ဖြစ်ပြီး တရုတ်ပြည်တွင်းဖြစ်ရထားများသည် အင်ဒိုနီးရှား၊ ရုရှား၊ အီရန် နှင့် အိန္ဒိယနိုင်ငံများသို့ တင်ပို့ရန် အသင့်ဖြစ်နေပြီဖြစ်သည်။

ပရော်ဖက်ဆာ ဆွန်းအပါအဝင် ကျွမ်းကျင်ပညာရှင်များက ယခုရထားပုံစံသစ်ကို အထူးသဖြင့် အာရှ၊ဥရောပ နှင့် အာဖရိက မှ နိုင်ငံများအပါအဝင် နိုင်ငံပေါင်းစုံက ကြိုဆိုကြမည်ဖြစ်ကြောင်း ထောက်ခံပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍတွင် စာမျက်နှာသစ်ဖွင့်လှစ်ပေးနိုင်သည့် ဖူရှင်းမြန်နှုန်းမြင့်ရထား ကို နိုင်ငံတကာ၏ လိုအပ်ချက် နှင့် ပြည့်စုံစေရန် တရုတ်နိုင်ငံသည် လုံခြုံစိတ်ချမှု၊ ပြုပြင်ထိန်းသိမ်းမှု၊ သက်တောင့်သက်သာရှိမှု နှင့် နည်းပညာပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှုများကို အဓိကထားဆောင်ရွက်ပြီး မြန်နှုန်းမြင့်ရထားစနစ်ကို တိုးတက်အောင် မရပ်မနားဆောင်ရွက်သွားမည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.