Connect with us

Science & Technology

တရုတ်တွင် ကမ္ဘာ့အမြင့်ဆုံး ဥမင်လိုဏ်ခေါင်းအား ဖွင့်လှစ်

ချင်းဟိုင်း-တိဘက် ကုန်းပြင်မြင့် ပေါ်ရှိ ချိုလာတောင်ပတ်လမ်းအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ချန်ဒူး၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်ရှိ ကမ္ဘာ့အမြင့်ဆုံး ဥမင်လိုဏ်ခေါင်း၌ ယာဉ်များ ဖြတ်သန်းသွားလာနိုင်ရန် စက်တင်ဘာ ၂၆ ရက်တွင် စတင်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

လွန်ခဲ့သည့် ၁၅နှစ်က စတင်ဆောင်ရွက်ခဲ့သော ယင်းစီမံကိန်း သည် ချင်းဟိုင်း-တိဘက် ကုန်းပြင်မြင့် ပေါ်ရှိ ချိုလာတောင်ကို ဖြတ်၍ဖောက်လုပ်ထားခြင်းဖြစ်ပြီး ၇ကီလိုမီတာ ရှည်လျားသည့် ဥမင်လိုဏ်ခေါင်းတစ်ခုနှင့် ၅ကီလိုမီတာ ရှည်လျားသော အရန်လမ်းများပါရှိကြောင်း သိရသည်။

အဆိုပါ ဥမင်လိုဏ်ခေါင်း သည် ပင်လယ်ရေပြင်အထက် မီတာ ၄,၀၀၀ တွင် တည်ရှိပြီး ၎င်း၏ အရှည်၊ ပါးလွှာသည့် လေထုအလွှာ နှင့် အပူချိန်လျော့နည်းမှုတို့ကို ပေါင်းစပ်ထည့်သွင်းစဉ်းစားပြီး ယင်း ဥမင်လိုဏ်ခေါင်းအား ရှုပ်ထွေးခက်ခဲစွာ တည်ဆောက်ထားခြင်းဖြစ်ကြောင်း ဥမင်လိုဏ်ခေါင်းပုံစံရေးဆွဲသူ ဝေ့ရန်ချင်း ကပြောကြားခဲ့သည်။

အထွေထွေလေ့လာဆန်းစစ်မှုများကို ၂၀၀၂ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့သည့် ၂၀၁၂ခုနှစ်မတိုင်ခင် စီမံချက်အား အပြီးသတ်ရေးဆွဲရန် ပညာရှင်များက ၈နှစ်ကြာ အချိန်ယူခဲ့ရကြောင်း သိရသည်။

၎င်းက နှစ်လမ်းသွား ဥမင်လိုဏ်ခေါင်း တွင် တစ်နာရီလျှင် ၄၀ကီလိုမီတာဖြင့် မောင်းနှင်နိုင်ပြီး ၎င်းအား ဖြတ်သန်းရန် ၁၀မိနစ်ကြာမြင့်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ထို့ပြင် ၎င်းက ချိုလာတောင်အား ပတ်၍ဖောက်လုပ်ထားသော ယခင်ကားလမ်းတွင် မြေပြိုမှုများ၊ လေပြင်းများ နှင့် ရေခဲများကြောင့် လမ်းချော်မှုများရှိနေပြီး ၂နာရီကြာ မောင်းနှင်ရကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117