Connect with us

Science & Technology

တရုတ်နိုင်ငံ၏ C919 လေယာဉ် ဒုတိယအကြိမ်မြောက် အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့

C919 လေယာဉ်အား တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ ထုတ်လုပ်သော ကြီးမားသည့် ခရီးသည်တင်လေယာဉ် C919 သည် ဒုတိယအကြိမ်မြောက် စမ်းသပ် ပျံသန်းမှုအဖြစ် စက်တင်ဘာလ ၂၈ ရက်က ၂ နာရီနှင့် ၄၆ မိနစ်ကြာ အောင်မြင်စွာ ပျံသန်းနိုင်ခဲ့ကြောင်း သိရသည်။

ကုတ် ၁၀၁၀၁ လေယာဉ်သည် ရှန်ဟိုင်း Pudong အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာပျံသန်းခဲ့ပြီး ပင်လယ်အမြင့် ပေ ၁၀,၀၀၀ အမြင့်ထိ ရောက်ရှိခဲ့သည်။

အဆိုပါ လေယာဉ်သည် ဒုတိယအကြိမ်မြောက် ပျံသန်းခြင်းဖြစ်ပြီး ပြီးခဲ့သည့် မေလက ပွဲဦးထွက် ပျံသန်းခဲ့သည်။

နောက်ပိုင်းတွင် စမ်းသပ်ပျံသန်းမှုများအား ရှီးအန်းတွင် ပြုလုပ်မည်ဟု ဆိုသည်။

C919 လေယာဉ်ကို အောင်မြင်စွာ စမ်းသပ်ပျံသန်းမှုများ လုပ်ဆောင်နိုင်ခဲ့၍ အမေရိကန်၊ အနောက်ဥရောပနှင့် ရုရှားတို့ပြီးလျှင် တရုတ်က စတုတ္ထမြောက် ခရီးသည်တင် ဧရာမလေယာဉ်ကြီးများ ထုတ်လုပ်သည့် နိုင်ငံ ဖြစ်ကြောင်း သိရသည်။

ထို လေယာဉ်သည် ၄၀၇၅ ကီလိုမီတာ စံချိန်တင် ပြေးဆွဲနိုင်ပြီး နောက်ဆုံးပေါ် Airbus 320 နှင့် ဘိုးရင်း ၇၃၇ မျိုးဆက်သစ်တို့နှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည်ဟု ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.