Connect with us

Media

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အင်ဒိုနီးရှားနိုင်ငံ သမ္မတအဖြစ် ရွေးကောက်ခံရသော ပရာဘိုဝို ဆူဘီယမ်တိုထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

ပေကျင်း၊ မတ် ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အင်ဒိုနီးရှားနိုင်ငံ သမ္မတအဖြစ် ရွေးကောက်ခြင်းခံရသော ပရာဘိုဝို ဆူဘီယမ်တိုထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို မတ် ၂၀ ရက်က ပေးပို့ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် အစဉ်အလာရှိ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းများဖြစ်ကြောင်း၊ နှစ်နိုင်ငံ၏ ပူးတွဲကြိုးပမ်းအားထုတ်မှုများဖြင့် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်မှုမှာ မြန်ဆန်ခဲ့ရာ စည်းလုံးညီညွတ်မှုရှိသော နိုင်ငံရေးအပြန်အလှန်ယုံကြည်မှုတိုးတက်စေပြီး မဟာဗျူဟာမြောက် စုပေါင်းတိုးတက်မှုနှင့် နှစ်နိုင်ငံ အပြန်အလှန် အကျိုးကျေးဇူးရှိသော ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေကြောင်း ရှီက မှတ်ချက်ပြုခဲ့သည်။

ထို့ပြင် နှစ်နိုင်ငံအနေဖြင့် တရုတ်-အင်ဒိုနီးရှား အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေးကဏ္ဍသစ် ဖွင့်လှစ်ထားကြောင်း သမ္မတ ရှီက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ သမ္မတ ရှီက ၎င်းအနေဖြင့် တရုတ်-အင်ဒိုနီးရှားဆက်ဆံရေး တိုးတက်မှုကို အထူးအလေးထားကြောင်း၊ ရွေးကောက်ခံသမ္မတ ပရာဘိုဝို ဆူဘီယမ်တိုနှင့်အတူ နှစ်နိုင်ငံ ပြည်သူများအတွက် အကျိုးကျေးဇူးများ ပိုမိုဆောင်ကြဉ်းပေးနိုင်ရေး၊ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ သာယာဝပြောရေးနှင့် တည်ငြိမ်ရေးအတွက် ခိုင်မာသောတွန်းအားသစ် ဖြည့်တင်းနိုင်ရေးအတွက် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရာတွင် ကြီးမားသော အောင်မြင်မှုများ ခိုင်မာမှုရှိစေရန်၊ အဓိကဖွံ့ဖြိုးဆဲနိုင်ငံများကြား ဘုံဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စည်းလုံးညီညွတ်မှုနှင့် ညှိနှိုင်းဆောင်ရွက်မှု၏ သာဓကအဖြစ်ဆောင်ရွက်ရန် မျှော်လင့်ကြောင်း သဝဏ်လွှာ၌ ဖြည့်စွက်ဖော်ပြထားသည်။ (Xinhua)

…………………….
(English Version)
Xi congratulates Prabowo Subianto on election as Indonesian president
BEIJING, March 21 (Xinhua) — Chinese President Xi Jinping on Wednesday congratulated Prabowo Subianto on his election as Indonesian president.
Noting that China and Indonesia are traditional friendly neighbors, Xi said that with the joint efforts of the two sides, the development of bilateral relations has embarked on the fast track, with increasingly consolidated political mutual trust, deepening synergy of development strategies and fruitful mutually beneficial cooperation.
The two sides have opened a new chapter in building a China-Indonesia community with a shared future, Xi said.
Xi added that he attaches great importance to the development of China-Indonesia relations and looks forward to working with President-elect Prabowo Subianto to secure greater achievements in building a community with a shared future, and set an example of solidarity and coordination for common development among major developing countries, so as to bring more benefits to the two peoples and inject strong impetus into regional and global prosperity and stability.