Connect with us

Media

တရုတ်နိုင်ငံက ကမ္ဘာ့လေထုနှင့်အာကာသပတ်ဝန်းကျင်အား စောင့်ကြည့်ရေး ဂြိုဟ်တုများ လွှတ်တင်

ကျိုချွမ်၊ မတ် ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ အာကာသအတွင်းသို့ ဂြိုဟ်တုအုပ်စု တစ်စုအား မတ် ၂၁ ရက်တွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။
Yunhai-2 02 ဂြိုဟ်တုများကို Long March-2D သယ်ဆောင်ရေးဒုံးပျံဖြင့် ပေကျင်းစံတော်ချိန် မွန်းလွဲ ၁ နာရီ ၂၇ မိနစ်တွင် လွှတ်တင်ခဲ့ခြင်း ဖြစ်ပြီး သတ်မှတ်ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ ဝင်ရောက်သွားခဲ့ကြောင်း သိရသည်။

ယင်းဂြိုဟ်တုများကို ကမ္ဘာ့လေထုပတ်ဝန်းကျင် လေ့လာဆန်းစစ်ခြင်း ၊ အာကာသပတ်ဝန်းကျင် စောင့်ကြည့်ခြင်း ၊ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ၊ လျော့ချခြင်း နှင့် သိပ္ပံဆိုင်ရာ လက်တွေ့ သုတေသနများတွင် အဓိက အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………………
(English Version)
Xinhua News | China launches satellites to monitor atmospheric, space environments
China on Thursday sent a group of satellites into space from the Jiuquan Satellite Launch Center in northwest China.
The Yunhai-2 02 satellites were launched by a Long March-2D carrier rocket at 1:27 p.m. (Beijing Time) and have entered the planned orbit.
These satellites will be used mainly for atmospheric environment detection, space environment monitoring, disaster prevention and reduction, and scientific experiments.