Connect with us

Africa & Middle East

FIFA ကမ္ဘာ့ကလပ်အသင်းများ ဘောလုံး ပြိုင်ပွဲတွင် ရီးယဲမက်ဒရစ်အသင်း ဗိုလ်စွဲ

ကမ္ဘာ့ ကလပ်အသင်းများ ဘောလုံးပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သော ရီးယဲလ်မက်ဒရစ်အသင်းအား တွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဒူဘိုင်း ၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ)

အာရပ်စော်ဘွားများပြည်ထောင်စု(UAE) မြို့တော် အဘူဒါဘီမြို့၌ ဒီဇင်ဘာ ၁၅ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ကမ္ဘာ့ကလပ်အသင်းများ ဘောလုံးပြိုင်ပွဲ(FIFA Club World Cup) ဗိုလ်လုပွဲတွင် စပိန်နိုင်ငံ၏ ရီးယဲလ်မက်ဒရစ်အသင်းက ဘရာဇီးနိုင်ငံ၏ ဂရီမီယို(Gremio) အသင်းအား ၁ ဂိုး- ဂိုးမရှိဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့ကြောင်း သိရသည်။

ရီးယဲလ်အသင်းအတွက်တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲကစားချိန် ၅၃ မိနစ်တွင် ရရှိသော အလွတ်တည်ကန်ဘောမှ တဆင့် တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။အဆိုပါ ကမ္ဘာ့ကလပ်အသင်းများ ဘောလုံးပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သဖြင့် ရီးယဲလ်မက်ဒရစ်အသင်းသည် ဘောလုံးရာသီတစ်ခုထဲတွင် ပြိုင်ပွဲအမျိုးအစားပေါင်း ၅ ခု၌ ဗိုလ်စွဲခဲ့သော စံချိန်သစ် တစ်ရပ်ကို တင်နိုင်ခဲ့ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.