Connect with us

Africa & Middle East

ဆော်ဒီတွင် အမျိုးအမီးများ ကုန်တင်ကားများ နှင့်ဆိုင်ကယ်များမောင်းနှင်ခွင့်ပေးမည်

မော်တော်ယာဉ်မောင်းနှင်နေသည့် ဆော်ဒီအမျိုးသမီးတစ်ဦးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ရီယာ့ဒ်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ)

ဆော်ဒီယာဉ်စည်းကမ်းထိန်းသိမ်းရေး အာဏာပိုင်များက အမျိုးသမီးများအနေဖြင့် ကုန်တင်ကားများ နှင့် ဆိုင်ကယ်များ မောင်းနှင်ခွင့်ရရှိတော့မည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၅ရက်ကပြောကြားခဲ့ကြောင်း Al Arabiya ပြည်တွင်းသတင်းဋ္ဌာနက ဖော်ပြခဲ့သည်။

ဆော်ဒီအာရေဗီးယားနိုင်ငံသည် ၂၀၁၈ခုနှစ် နှစ်လယ်ပိုင်းတွင် အမျိုးသမီးများ အား ကုန်တင်ကား နှင့် ဆိုင်ကယ် မောင်းနှင်ခွင့် တရားဝင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ဆော်ဒီဘုရင် ဆယ်လ်မန်ဘင်အဗ္ဗဒူလာဇစ်အယ်ဆော့ က ဆော်ဒီနိုင်ငံသား အမျိုးသားများ နှင့် အခြားနေထိုင်သူများကိုသာ မော်တော်ယာဉ်မောင်းနှင်ခွင့်ပေးထားသည့် ဆယ်စုနှစ်များစွာကြာမြင့်နေပြီ ဖြစ်သော တားမြစ်ချက်ကို ပယ်ဖျက်၍ စက်တင်ဘာလတွင် ဆော်ဒီနိုင်ငံသား အမျိုးသမီးများကို မော်တော်ယာဉ်မောင်းနှင်ခွင့်ပြုရန် အမိန့်ပေးခဲ့ကြောင်း သိရသည်။တားမြစ်ချက်အား မပယ်ဖျက်ခင် အချို့သော ဥပဒေဆိုင်ရာပြင်ဆင်ချက်များ နှင့် အမျိုးသမီးများ ယာဉ်မောင်းသင်တန်း သင်ကြားရန် နည်းလမ်းများကို ရှာဖွေရန်အတွက် အချိန်ကာလသတ်မှတ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)