Connect with us

Africa & Middle East

ယူဂန်ဒါနိုင်ငံတွင် ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ်၏ စာသင်ကျောင်း အာဟာရကျွေးမွေးခြင်း အစီအစဉ်အတွက် အမေရိကန်ဒေါ်လာ ၅ သန်း တရုတ်နိုင်ငံ လှူဒါန်း

ယူဂန်ဒါနိုင်ငံ ကာရာမိုဂျာဒေသ မူလတန်းကျောင်းတွင် ကမ္ဘာ့ဒုက္ခသည်နေ့အတွက် သီချင်းသီဆိုနေသော ဒုက္ခသည်ကလေးများအား တွေ့ရစဉ် (ဆင်ဟွာ)

ကမ်ပါလာ၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)

ယူဂန်ဒါနိုင်ငံ အရှေ့မြောက်ပိုင်းရှိ မိုးခေါင်ရေရှားသော ကာရာမိုဂျာဒေသရှိ ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ် (World Food Program) ၏ စာသင်ကျောင်း အာဟာရကျွေးမွေးခြင်း အစီအစဉ်အတွက် တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ ၅ သန်း ပေးလှူခဲ့ကြောင်း သိရသည်။

WFP ၏ ဋ္ဌာနေဆိုင်ရာ ညွှန်ကြားရေးမှူး El-Khidir Daloum က တရုတ်နိုင်ငံမှ လှူဒါန်းမှုသည် စာသင်ကျောင်း အာဟာရ ကျွေးမွေးခြင်းအစီအစဉ်အား မြှင့်တင်ပေးနို်င်မည် ဖြစ်ကြောင်း၊ ယင်း အစီအစဉ်သည် ကလေးငယ်များ ကျောင်းတက်နိုင်ရေး၊ အတန်းပညာပြီးဆုံးစေရေးနှင့် ဒေသတွင်း ပညာသင်ကြားမှု လွယ်ကူရေး စသည်တို့အတွက် အထောက်အပံ့ဖြစ်စေကြောင်း ပြောကြားခဲ့သည်။

ယခုလို ကူညီထောက်ပံ့မှုသည် ယင်းဒေသတွင် စိုးရိမ်ဖွယ်ရာ အာဟာရ ချို့တဲ့ခြင်းနှင့် အခြားသော ကိစ္စရပ်များဖြင့် ရင်ဆိုင်ကြုံတွေ့နေရသော WFP အစီအစဉ်၌ အဓိကရန်ပုံငွေ ရှားပါးမှုအား ဖြည့်တင်းပေးလိုက်ခြင်းလည်း ဖြစ်သည်။“WFP အနေနဲ့ မကြာသေးမီနှစ်များက ကာရာမိုဂျာဒေသတွင် ဆက်ပြီးလုပ်ဖို့အတွက် အဓိကရန်ပုံငွေ လိုငွေပြတာနဲ့ ရင်ဆိုင်နေရတယ်။ ဒါပေမဲ့ အခုလက်ရှိ တရုတ်နိုင်ငံက အများကြီး ကူညီလှူဒါန်းလိုက်ပြီဖြစ်တယ်” ဟု Daloum က ပြောခဲ့သည်။ထို့ပြင် တရုတ်နိုင်ငံသည် ယူဂန်ဒါရှိ WFP အတွက် လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းများ ဆက်လက် လုပ်ကိုင်နိုင်ရန် အရေးကြီးသော အလှူရှင်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117