Connect with us

International Organizations

တရုတ်နိုင်ငံအနေဖြင့် ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေးအတွက် အထောက်အကူပြုရန် ဘက်မလိုက်မှုနှင့် တရားမျှတမှုကို ထိန်းသိမ်းလျက်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ ပြောကြား

နယူးယောက်မြို့၌ ကျင်းပသည့် UN Summit of the Future ထိပ်သီးညီလာခံတွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အထူးကိုယ်စားလှယ်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ မိန့်ခွန်းပြောကြားနေပုံကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအနေဖြင့် ဂါဇာဒေသ၌ အပစ်အခတ်ရပ်စဲရေးကို အထောက်အကူပြုရန် ဘက်မလိုက်မှုနှင့် တရားမျှတမှုကို ထိန်းသိမ်းလျက်ရှိကြောင်း စက်တင်ဘာ ၂၄ ရက်က ပြုလုပ်သည့် ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးအတွင်း အီရန်နိုင်ငံ သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန်နှင့် တွေ့ဆုံစဉ် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ပြောကြားခဲ့သည်။
အီရန်နိုင်ငံနှင့် ဆော်ဒီအာရေဗျနိုင်ငံကဲ့သို့ ဒေသတွင်းနိုင်ငံများအနေဖြင့် ၎င်းတို့၏ဆက်ဆံရေး တိုးတက်ကောင်းမွန်စေရန်၊ ဒေသတွင်း လုံခြုံရေးကိစ္စရပ်များအား စည်းလုံးညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် ဖြေရှင်းရန်၊ အရှေ့အလယ်ပိုင်းဒေသ၏ ကံကြမ္မာအား ၎င်းတို့၏လက်ဝယ်၌ ထိန်းချုပ်နိုင်ရန် အစဉ်တစိုက်လုပ်ဆောင်ရာတွင် တရုတ်နိုင်ငံက အထောက်အကူပေးလျက်ရှိကြောင်း ဝမ်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံနှင့် အီရန်နိုင်ငံတို့သည် လူသားများ၏ တိုးတက်မှုအား ထင်ထင်ရှားရှား အထောက်အကူပြုခဲ့သည့် သက်တမ်းကြာမြင့်သော ခေတ်မီလူမှုအဖွဲ့အစည်းများဖြစ်ကြောင်း၊ တစ်နိုင်ငံ၏ တိုးတက်မှုကို အခြားတစ်နိုင်ငံက အပြန်အလှန် အထောက်အကူပေးရန်အတွက် နယ်ပယ်အသီးသီးတွင် အီရန်နိုင်ငံနှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန် တရုတ်နိုင်ငံက အသင့်ရှိပါကြောင်း ဝမ်က အလေးအနက်ပြောကြားခဲ့သည်။
နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦး၏ မဟာဗျူဟာမြောက် လမ်းညွှန်မှုအောက်တွင် တရုတ်နိုင်ငံနှင့် အီရန်နိုင်ငံအကြား ဘက်ပေါင်းစုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး တိုးတက်အောင်လုပ်ဆောင်ရန် တရုတ်နိုင်ငံက အသင့်ရှိကြောင်းလည်း ဝမ်က ပြောကြားခဲ့သည်။
နိုင်ငံတကာနှင့် ဒေသတွင်းအခြေအနေ မည်သို့ပင်ပြောင်းလဲစေကာမူ တရုတ်နိုင်ငံက အီရန်နိုင်ငံ၏ ယုံကြည်ရသော မိတ်ဖက်အဖြစ် အစဉ်အမြဲရှိနေမည်ဖြစ်ကြောင်း၊ အီရန်နိုင်ငံ၏ အချုပ်အခြာအာဏာ၊ နယ်မြေပိုင်နက် ပြည့်စုံမှုနှင့် နိုင်ငံ၏ဂုဏ်သိက္ခာကို ကာကွယ်စောင့်ရှောက်ရာတွင် ဆက်လက်အထောက်အကူပေးမည်ဖြစ်ကြောင်း၊ အီရန်နိုင်ငံ၏ ပြည်တွင်းရေးအား ပြင်ပမှ ဝင်ရောက်စွက်ဖက်မှုနှင့် ဒဏ်ခတ်ပိတ်ဆို့မှုများကို ဆန့်ကျင်ကြောင်း ဝမ်က ဆိုသည်။
အီရန်နိုင်ငံ သမ္မတ ပီဇက်ရှ်ကီယန်ကလည်း အီရန်နိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကိုလည်းကောင်း၊ တရုတ်နိုင်ငံနှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး တိုးတက်စေရေးအတွက်လည်းကောင်း အခိုင်အမာ ကတိကဝတ်ပြုကြောင်း၊ အီရန်နိုင်ငံက ရပ်ဝန်းနှင့်ပိုးလမ်းမ အဆိုပြုချက်တွင် ‌တက်ကြွစွာပါဝင်ရန် ဆန္ဒရှိပါကြောင်း ပြောကြားခဲ့သည်။
အပြောင်းအလဲမြန်ဆန်သော မျက်မှောက်ကမ္ဘာ၌ နိုင်ငံအချို့က တစ်ဖက်သတ်ဝါဒနှင့် လွှမ်းမိုးခြယ်လှယ်ရေး အစီအမံများကို ကျင့်သုံးလျက်ရှိရာ အီရန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့အနေဖြင့် ပူးပေါင်းဆောင်ရွက်မှုများ အခိုင်အမာလုပ်ဆောင်ကာ၊ စိန်ခေါ်မှုများကို လက်တွဲရင်ဆိုင်၍ နိုင်ငံစုံ မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရေးစနစ်နှင့် နိုင်ငံတကာတွင် တရားမျှတမှုနှင့် ဘက်မလိုက်မှုတို့ကို အတူတကွထိန်းသိမ်းသင့်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)
…………………….
(English Version)
China upholds fairness and justice to promote Gaza ceasefire — Chinese FM
NEW YORK, Sept. 24 (Xinhua) — China upholds fairness and justice to promote a ceasefire in Gaza, Chinese Foreign Minister Wang Yi said on Tuesday when meeting Iranian President Masoud Pezeshkian during the 79th session of the United Nations General Assembly.
China supports regional countries like Iran and Saudi Arabia in continuing to improve their relations and resolving regional security issues through unity and cooperation, taking control of the Middle East’s fate into their own hands, said Wang, also a member of the Political Bureau of the Communist Party of China Central Committee.
Noting that both China and Iran are ancient civilizations that have made significant contributions to human progress, Wang said that China is ready to enhance practical cooperation with Iran in various fields to support each country’s development.
Under the strategic guidance of the two heads of state, China is ready to develop the comprehensive strategic partnership between China and Iran, Wang said.
Regardless of changes in the international or regional situation, China will always be a trustworthy partner for Iran, continuing to support Iran in safeguarding its sovereignty, territorial integrity, and national dignity, while opposing external interference in Iran’s internal affairs as well as sanctions, Wang said.
Pezeshkian said that Iran is firmly committed to the one-China policy and developing friendly relations with China, adding that Iran is willing to actively participate in the Belt and Road Initiative.
In this rapidly changing world, as some countries pursue unilateralism and hegemonic practices, Iran and China should strengthen cooperation, join hands to face challenges, and jointly uphold multilateralism and international fairness and justice, he said. Enditem
English Caption
Wang Yi, special representative of Chinese President Xi Jinping, member of the Political Bureau of the Communist Party of China Central Committee and Chinese foreign minister, addresses the UN Summit of the Future in New York, Sept. 23, 2024. (Xinhua/Li Rui)