Connect with us

Asia

အိန္ဒိယနှင့် ကနေဒါတို့က သံတမန်များကို အပြန်အလှန် ပြည်နှင်ဒဏ်ပေး

အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီတွင် အိန္ဒိယနိုင်ငံတော်အလံ ၂၀၁၉ ခုနှစ် ဩဂုတ် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ/ အော့တဝါ၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ကနေဒါသံတမန် ၆ ဦးအား သတ်မှတ်ကာလအတွင်း နိုင်ငံအတွင်းမှ ထွက်ခွာရန် တောင်းဆိုထားပြီး ကနေဒါမှ ၎င်းတို့၏ သံတမန် ၆ ဦး ပြန်လည်ခေါ်ယူရန် ဆုံဖြတ်လိုက်ကြောင်း အောက်တိုဘာ ၁၄ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ထိုနေ့တွင်ပင် ကနေဒါနိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း အကြမ်းဖက် ရာဇ၀တ် လှုပ်ရှားမှုတွင် သံသယရှိသည်ဟု အကြောင်းပြ၍ အိန္ဒိယ သံတမန် ၆ ဦးအား ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း ကြေညာခဲ့သည်။အိန္ဒိယ အစိုးရက အိန္ဒိယနိုင်ငံဆိုင်ရာ ကနေဒါ ယာယီတာဝန်ခံ အပါအဝင် သံတမန် ၆ ဦးကို အောက်တိုဘာ ၁၉ ရက် ၂၃ နာရီ ၅၉ မိနစ် မတိုင်မီ အိန္ဒိယနိုင်ငံမှ ထွက်ခွာရန် တောင်းဆိုထားကြောင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၄ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင်ကနေဒါနိုင်ငံမှ အိန္ဒိယမဟာမင်းကြီး အပါအဝင် သံတမန် ၆ ဦးကို ပြန်လည်ခေါ်ယူရန် အိန္ဒိယဘက်က ဆုံးဖြတ်ခဲ့ကြောင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုနေ့ ညနေပိုင်းတွင် အခြားကြေညာချက်တစ်ခုတွင် ထုတ်ပြန်ခဲ့သည်။ “အိန္ဒိယအနေနဲ့ အိန္ဒိယ သံတမန်တွေရဲ့ လုံခြုံရေးအတွက် ကနေဒါအစိုးရရဲ့ ကတိကဝတ်ကို အယုံအကြည်မရှိဘူး။ ဒါကြောင့် မဟာမင်းကြီးနဲ့ ပစ်မှတ်ထားခံရတဲ့ တခြား သံတမန်တွေကို ပြန်လည်ခေါ်ယူဖို့ အိန္ဒိယအစိုးရက ဆုံးဖြတ်ခဲ့တယ်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ကနေဒါနိုင်ငံဆိုင်ရာ အိန္ဒိယ မဟာမင်းကြီးနှင့် အခြားသံတမန်များသည် ၂၀၂၃ ခုနှစ် အိန္ဒိယနွယ်ဖွား ဆစ်ခ်ဘာသာခွဲထွက်ရေးသမားတစ်ဦး လုပ်ကြံသတ်ဖြတ်ခံရမှု စစ်ဆေးချက်၏ “သံသယရှိသူ” ဖြစ်သည်ဟူသော ကနေဒါနိုင်ငံမှ အကြောင်းကြားစာကို အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနက အောက်တိုဘာ ၁၃ ရက်တွင် လက်ခံရရှိကြောင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါနေ့ အစောပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနသည် အောက်တိုဘာ ၁၄ ရက်တွင် အိန္ဒိယနိုင်ငံဆိုင်ရာ ကနေဒါ ယာယီတာဝန်ခံကို ဆင့်ခေါ်ပြီး ပြင်းထန်စွာ ငြင်းဆိုခဲ့သလို အဆိုပါ လုပ်ကြံသတ်ဖြတ်ခံရမှုတွင် အိန္ဒိယသံတမန်များ ပါဝင်ပတ်သက်သည်ဟူသော စွပ်စွဲမှုကို “အဓိပ္ပါယ်မရှိသော စွပ်စွဲမှု” ဟု ပြောဆိုခဲ့သည်။

ကနေဒါနိုင်ငံခြားရေး ဝန်ကြီးဌာနက အကြမ်းဖက် ရာဇ၀တ် လှုပ်ရှားမှုတွင် သံသယရှိသည်ကို အကြောင်းပြ၍ ကနေဒါနိုင်ငံရှိ အိန္ဒိယ မဟာမင်းကြီးနှင့် အခြား သံတမန် ၅ ဦးအား ပြည်နှင်ဒဏ်ပေးရန် ကြေညာကြောင်း အောက်တိုဘာ ၁၄ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ကနေဒါရဲတပ်ဖွဲ့သည် ခိုင်လုံသော သက်သေအထောက်အထားများ စုစည်းခဲ့ပြီးဖြစ်ရာ တစ်ဆင့်တိုး စုံးစမ်းစစ်ဆေးရန်နှင့် သက်ဆိုင်သူများအား ရဲတပ်ဖွဲ့ ခေါ်ယူမေးမြန်းရန် အိန္ဒိယအနေဖြင့် သံတမန်နှင့် ကောင်စစ်ဝန် လွတ်ငြိမ်းချမ်းသာခွင့်ကို စွန့်လွှတ်ပြီး စုံစမ်းစစ်ဆေးမှုတွင် ပူးပေါင်းဆောင်ရွက်ရန် ကနေဒါဘက်က တောင်းဆိုကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ သို့သော် အိန္ဒိယဘက်က ငြင်းဆိုမှုနှင့် ကနေဒါနိုင်ငံသားများ၏ လူထုလုံခြုံရေးကို ထည့်သွင်းစဉ်းစားခြင်းကြောင့် ကနေဒါဘက်က အထက်ပါ လူ ၆ ဦးအား ပြည်နှင်ဒဏ်ပေးရေး သတိပေးချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အိန္ဒိယသံတမန်များကို ပြည်နှင်ဒဏ်ပေးရေး ဆုံးဖြတ်ချက်သည် သေသေချာချာ စဉ်းစားထားခြင်းဖြစ်ကြောင်း၊ ကနေဒါရဲတပ်ဖွဲ့က လုံလောက်၊ ရှင်းလင်းပြတ်သာ၊ တိကျသော သက်သေအထောက်အထားများ စုဆောင်းခဲ့ပြီး ဤလူ ၆ ဦးမှာ ကနေဒါ ဆစ်ခ်ဘာသာခေါင်းဆောင် Hardeep Singh Nijjar လုပ်ကြံသတ်ဖြတ်မှု၌ ပါဝင်ပတ်သက်သူများဖြစ်သည်ဟု သေချာမှသာလျှင် ဆုံးဖြတ်ချက်ချမှတ်ထားခြင်းဖြစ်ကြောင်း ကနေဒါနိုင်ငံခြားရေးဝန်ကြီး Joly က ထိုနေ့တွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ် ဇွန်လတွင် ကနေဒါနိုင်ငံသား Nijjar သည် ကနေဒါနိုင်ငံ ဗြိတိသျှကိုလံဘီယာပြည်နယ်တွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။ Nijar သည် ၁၉၉၀ ပြည့်နှစ်များတွင် အိန္ဒိယမှ ကနေဒါသို့ ပြောင်းရွှေ့လာသူဖြစ်ပြီး ၎င်းသည် အိန္ဒိယနိုင်ငံ အချို့ဒေသများ လွတ်လပ်ရေးရရန် ထောက်ခံအားပေးခဲ့ရာ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လတွင် အိန္ဒိယအစိုးရက ၎င်းကို အကြမ်းဖက်သမားဟု သတ်မှတ်ခဲ့သည်။ လုပ်ကြံသတ်ဖြတ်မှုတွင် အိန္ဒိယအစိုးရ ပါဝင်ပတ်သက်သည်ဟု ကနေဒါနိုင်ငံက ဖော်ထုတ်ခဲ့သော်လည်း အိန္ဒိယဘက်က ငြင်းဆိုခဲ့သည်။ နှစ်နိုင်ငံ အပြန်အလှန် စွပ်စွဲကာ သံတမန်များကိုလည်း အပြန်အလှန် ပြည်နှင်ဒဏ်ပေးခဲ့ပြီး အိန္ဒိယနိုင်ငံသည် ကနေဒါနိုင်ငံသားများအား ဗီဇာပိတ်ပင်ခဲ့သည်။ (Xinhua)

…………………………………….
(Chinese Version)
印度和加拿大相互驱逐外交官
新华社新德里/渥太华10月14日电 印度外交部14日发表声明,要求6名加拿大外交官限期离境,并决定从加拿大撤回6名外交官。同日,加拿大外交部宣布以涉嫌暴力犯罪活动为由驱逐6名印度外交官。
印度外交部14日晚发表声明说,印度政府要求加拿大包括驻印度临时代办在内的6名外交官于19日23时59分前离开印度。
当天下午,印度外交部在另一份声明中说,印方已决定从加拿大撤回高级专员等6名外交官。声明说:“印度对加拿大政府确保印度外交官安全的承诺没有信心。因此,印度政府决定撤回高级专员和其他被针对的外交官。”
当天早些时候,印度外交部在新闻公报中说,印外交部13日收到加拿大方面通报称,印度驻加拿大高级专员和其他外交官是2023年一名印度裔锡克教分离主义者遇刺案调查的“嫌疑人员”。印度外交部14日召见加拿大驻印度临时代办进行严厉反驳,并否认有关印度外交人员参与该谋杀案的指控,称其为“荒谬的诬陷”。
加拿大外交部14日发表声明,宣布以涉嫌暴力犯罪活动为由驱逐印度驻加高级专员和其他5名外交官。声明说,加警方收集了确凿证据,为进一步调查并允许警方约谈相关人员,加方要求印度方面放弃外交和领事豁免并配合调查。但由于印度方面予以拒绝,并考虑到加拿大人的公共安全问题,加拿大向上述6人发出了驱逐通知。
加拿大外交部长乔利当天表示,驱逐印度外交官的决定经过慎重考虑,是在加警方收集了充分、明确和具体的证据,确定6人是加拿大锡克教领袖哈迪普·辛格·尼贾尔遇刺案涉案人员之后作出的。
去年6月,拥有加拿大国籍的尼贾尔在加拿大不列颠哥伦比亚省遭枪杀。尼贾尔上世纪90年代从印度移民至加拿大,他主张印度部分地区独立,2020年7月被印度政府列为恐怖分子。加方指认印度政府卷入谋杀,遭印方否认。两国互相指责,并驱逐对方外交官,印度还对加拿大公民实施签证禁令。(完)
图说:这是2019年8月8日在印度首都新德里拍摄的印度国旗。新华社记者张迺杰摄