Connect with us

Africa & Middle East

ဘရာဇီးနိုင်ငံ သမ္မတက တိရစ္ဆာန်ဆေးကုသရေးဆိုင်ရာ စက်မှုလုပ်ငန်းအား COVID-19 ကာကွယ်ဆေးများ ထုတ်လုပ်ရန်ခွင့်ပြု

ဘရာဇီးနိုင်ငံ ဆောပိုလိုမြို့ရှိ Congonhas လေဆိပ်တွင် ပိုးသတ်ဆေးဖျန်းနေသည့် ဝန်ထမ်းများအား တွေ့ရစဉ် (ဆင်ဟွာ)

ဘရာစေးလေးယား၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ သမ္မတ ဂျေအာ ဘိုဆိုနာရို (Jair Bolsonaro) သည် တိရစ္ဆာန်ဆေးကုသရေးဆိုင်ရာ စက်ရုံများမှ COVID-19 ကာကွယ်ဆေးများ ထုတ်လုပ်ခြင်းနှင့် ထိရောက်သော ဆေးဝါးဆိုင်ရာ ပါဝင်ပစ္စည်းများ ထုတ်လုပ်ခြင်းတို့ကို ခွင့်ပြုသည့် ဥပဒေတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။အဆိုပါ ဥပဒေတွင် စိတ်ပါဝင်စားသော အဖွဲ့များအနေဖြင့် လူသားများအသုံးပြုရန် ကာကွယ်ဆေးများ ထုတ်လုပ်ရာတွင် ပါဝင်သည့် အဆောက်အအုံများအတွက် ကျန်းမာရေးနှင့်ညီညွတ်သော စံချိန်စံနှုန်းများနှင့် ဇီဝလုံခြုံရေး လိုအပ်ချက်များအားလုံးကို လိုက်နာရန် လိုအပ်ကြောင်း ဇူလိုင် ၁၆ ရက်တွင် ထုတ်ပြန်သော တရားဝင်ပြန်တမ်းအရ သိရသည်။

လူသားအသုံးပြုရန်အတွက် ကာကွယ်ဆေးများ ထုတ်လုပ်ခြင်း၊ ထုပ်ပိုးခြင်း၊ တံဆိပ်ကပ်ခြင်းနှင့် သိုလှောင်ခြင်းများအား တိရစ္ဆာန်ကာကွယ်ဆေးများ ထုတ်လုပ်ခြင်းများမှ နေရာသီးခြားခွဲခြား ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဥပဒေ၌ ဖော်ပြချက်အရ သိရသည်။ (Xinhua)

——————————————–
(English Version)

Brazilian president authorizes veterinary industry to produce COVID-19 vaccines

BRASILIA, July 16 (Xinhua) — Brazilian President Jair Bolsonaro has signed a law authorizing the manufacture of COVID-19 vaccines by veterinary facilities, as well as the production of active pharmaceutical ingredients.

The law requires interested parties to comply with all sanitary standards and biosafety requirements for facilities engaged in the production of vaccines for human use, according to the Official Gazette on Friday.

The production, packaging, labeling and storage of vaccines for human use must be done in facilities physically separated from those for the manufacture of veterinary vaccines, according to the law. Enditem

Photo : Staff conduct disinfection at Congonhas Airport in Sao Paulo, Brazil, June 16, 2020. (Xinhua/Rahel Patrasso)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.