Connect with us

World

အမေရိကန် နိုင်ငံ ဆင်းရဲနွမ်းပါးသည့် ခရိုင် က တရုတ် နိုင်ငံ လုပ်ငန်း ကုမ္ပဏီများကြောင့် အခွင့်အလမ်းများ ပြန်လည်ရရှိ

တရုတ် နိုင်ငံ လုပ်ငန်း ကုမ္ပဏီ က အမေရိကန် နိုင်ငံ Ballard ခရိုင် တွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားသော ဇာမဏီ စက္ကူထုတ် စက်ရုံအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝစ်ခ်လစ်ဖီး ၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ)

“ မိမိ တို့အနေဖြင့် လူအင်အား နှင့် အလုပ်အကိုင် အခွင့်အလမ်း ဟူသည့် ဆုံးရှုံးမှု နှစ်မျိုး ကို တစ်ချိန်တည်းတွင်း ခံစားခဲ့ရဖူးပြီး ယင်းအခြေအနေ အား ၂၀၁၈ ခုနှစ် တွင် စတင် ပြောင်းလဲနိုင်ခဲ့ခြင်းမှာ အဓိက အားဖြင့် တရုတ် နိုင်ငံ လုပ်ငန်း ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှု လာရောက် ပြုလုပ်ပေးခဲ့ခြင်းကြောင့် ဖြစ်သည်။” ဟု Ballard ခရိုင် အုပ်ချုပ်ရေးမှူး Todd Cooper က ဆင်ဟွာ သတင်းဌာန ၏ တွေ့ဆုံမေးမြန်းမှု အား ဖြေကြားရာတွင် ပြောကြား ခဲ့သည်။

Ballard ခရိုင် သည် အမေရိကန် နိုင်ငံ Kentucky ပြည်နယ် အနောက်ပိုင်း တွင် တည်ရှိပြီး အကြီးစား ကုန်ထုတ်လုပ်မှုလုပ်ငန်း ၊ ငါးလုပ်ငန်း နှင့် စိုက်ပျိုးရေး လုပ်ငန်း ကို အားထားသည့် ခရိုင် က နှစ်ပေါင်းများစွာ စီးပွားရေး ကျဆင်းမှု ဒဏ်ကို နှစ်ပေါင်းများစွာ ခံစား ခဲ့ရပြီး အလုပ်လက်မဲ့မှု များလည်း အဆက်မပြတ် မြင့်တက် လာခဲ့သည်။

“ မိမိတို့ အနေဖြင့် ၁၂ နှစ် ဆက်တိုက် အလုပ်လက်မဲ့မှု နှုန်း မြင့်တက်သည့် အချိန်ကာလ တစ်ခု ကို ဖြတ်သန်းခဲ့သည်” ဟု ဝစ်ခ်လစ်ဖီး အလုပ်ရုံး က ဆင်ဟွာ သတင်းဌာန သို့ ပြောကြား ခဲ့သည်။

Ballard ခရိုင် တွင် လွန်ခဲ့သည့် ၁၀ နှစ် အတွင်း တာယာ ထုတ်လုပ်သည့် စက်ရုံ ၂ ရုံ က လုပ်ငန်း ရပ်ဆိုင်း ခဲ့ရပြီး လျှပ်စစ်ဓာတ်အားပေး စက်ရုံ က ဝန်ထမ်းများ အား လျှော့ချ ခဲ့ရကာ ထောင်ပေါင်းများစွာ သော အလုပ်သမားများ က အလုပ်လက်မဲ့ ဖြစ်ခဲ့ရသည်။ လွန်ခဲ့သည့် ၂ နှစ် တွင် စက္ကူထုတ်လုပ်သည့် စက်ရုံ တစ်ရုံ ထပ်မံ ပိတ်သိမ်း ခဲ့ရသဖြင့် အခြေအနေ က ပိုမို ဆိုးရွား လာခဲ့သည်။ ခရိုင် အတွင်းရှိ လူငယ်များ က မွေးရပ်မြေ ကို စွန့်ခွာ ကာ မြို့ကြီးများ သို့ အလုပ်အကိုင် များသွားရောက် ရှာဖွေ ခဲ့ရသည်။

လက်ရှိချိန်တွင် Ballard ခရိုင် ၌ လူပေါင်း ၈,၂၀၀ ကျော် သာ ကျန်ရှိတော့ ပြီး ၁၆ဒသမ၄ ရာခိုင်နှုန်းသော သူများ က ဆင်းရဲနွမ်းပါးသည့် အဆင့်အောက် တွင် ရောက်ရှိနေကြသည်။ “လွန်ခဲ့သည့် ၁၀ လ တာ ကာလ အတွင်း ဖြစ်ပွား ခဲ့သည့် ကိစ္စရပ်များ က လွန်စွာ အံ့အား သင့်စရာ ကောင်းပြီး မိမိ တို့ အနေဖြင့် တရုတ် နိုင်ငံ ရင်းနှီးမြှုပ်နှံမှု မှ တဆင့် ရရှိခဲ့သည့် အခွင့်အလမ်းများ အပေါ် လွန်စွာ ကျေးဇူးတင်ကြောင်း” Ballard ခရိုင် အုပ်ချုပ်ရေးမှူး Todd Cooper က ပြောကြား ခဲ့သည်။

၂၀၁၈ ခုနှစ် တွင် တရုတ် နိုင်ငံ လုပ်ငန်း ကုမ္ပဏီ က ဒေဝါလီ ခံယူသွားသည့် အမေရိကန် စက္ကူထုတ် စက်ရုံ  အား ဝယ်ယူခဲ့ပြီး ဇာမဏီ စက္ကူထုတ် စက်ရုံ အဖြစ် နာမည်ပေး ခဲ့ကာ ယခုနှစ် မေလ ၌ ထုတ်လုပ်မှု လုပ်ငန်းများ ပြန်လည် စတင် ခဲ့သည်။ ယခုနှစ် သြဂုတ်လ တွင် တရုတ် နိုင်ငံ လုပ်ငန်း ကုမ္ပဏီ က စက္ကူထုတ် စက်ရုံ တွင် ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ သန်း ၂၀၀ ထပ်မံ တိုးချဲ့ ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့ပြီး ယခင် ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ သန်း ၁၅၀ နှင့် ပေါင်းကာ ဒေသတွင်း အတွက် အလုပ်အကိုင် အခွင့်အလှမ်း ၅၀၀ ကို ဖန်တီးပေးခဲ့သည်။

တရုတ် နိုင်ငံ လုပ်ငန်း ကုမ္ပဏီ များ က Ballard ခရိုင် ၌ ငါးလုပ်ငန်း စသည့် လုပ်ငန်း များ တွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ် ကာ စက်မှုဇုန် တည်ထောင်ရာ တွင်လည်း တရုတ် နိုင်ငံ လုပ်ငန်း ကုမ္ပဏီ များစွာ ရင်းနှီးမြှုပ်နှံမှု လာရောက် ပြုလုပ် ခဲ့ကြောင်း သိရှိရသည်။

Ballard ခရိုင် အုပ်ချုပ်ရေးမှူး Todd Cooper က လွန်ခဲ့သည့် နှစ် တွင် တရုတ် နိုင်ငံ နှင့် အမေရိကန် နိုင်ငံ အကြား ကုန်သွယ်မှု ဆက်ဆံရေး က စိန်ခေါ်မှုများ နှင့် ကြုံတွေ့ခဲ့ရသော်လည်း အမေရိကန် နိုင်ငံ ဒေသတွင်း အစိုးရ အနေဖြင့် တရုတ် နိုင်ငံ နှင့် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန် တက်ကြွစွာ ဆောင်ရွက်ခဲ့ကြကြောင်း ၊ မိမိ တို့ ခရိုင်ရှိ စီမံကိန်းများ ၏ ဖွံ့ဖြိုးတိုးတက်မှု နှင့် လက်တွေ့ အကောင်အထည်ဖော်မှုများ က ယင်းအခြေအနေ ကို ဆန့်ကျင်ဆောင်ရွက်သည့် ထူးခြားချက် တစ်ခု ဖြစ်ကြောင်း ၊ Ballard ခရိုင် အနေဖြင့် ပိုမိုများပြား သည့် တရုတ် နိုင်ငံ လုပ်ငန်း ကုမ္ပဏီ များ လာရောက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် ဖိတ်ခေါ်ပြီး အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးခြင်းဖြင့် လူငယ်များ မွေးရပ်မြေတွင် နေထိုင်နိုင်ရန် ထိန်းသိမ်းသွားလိုကြောင်း ပြောကြား ခဲ့သည်။

Kentucky ပြည်နယ် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဌာန ၏ စာရင်းပြုစုချက် အရ လက်ရှိချိန်တွင် ပြည်နယ် အတွင်း ၌ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သည့် တရုတ် နိုင်ငံ လုပ်ငန်း ကုမ္ပဏီများ က အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၈,၇၀၀ ကျော် ကို ဖန်တီးပေး နိုင်ခဲ့ကြောင်း  သိရှိရသည်။

Kentucky ပြည်နယ် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဌာန နိုင်ငံတကာ စီမံကိန်း ဌာန ဌာနမှူး Craig McKinney က Kentucky ပြည်နယ် နှင့် တရုတ် နိုင်ငံ အကြား မိတ်ဖက် ဆက်ဆံရေး က ဒေသတွင်း ဆက်ဆံရေး ကို အလေးထား ပြီး ချစ်ခင်းရင်းနှီးမှု နှင့် တက်ကြွစွာ ရှေ့သို့ချီတက်သည့် ကောင်းမွန်သော အလားအလာ ကို ပေါ်လွင်စေခဲ့ကြောင်း ပြောကြား ခဲ့သည်။(Xinhua)