Connect with us

North America

အမေရိကန် လေကြောင်းလိုင်း မှ လေယာဉ်တစ်စင်း နယူးယောက် သို့ အရေးပေါ်ဆင်းသက်ခဲ့ရ

အမေရိကန် လေကြောင်းလိုင်း မှ လေယာဉ်တစ်စင်း (ဆင်ဟွာ)

နယူးယောက်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

အမေရိကန် လေကြောင်းလိုင်း မှ လေယာဉ်တစ်စင်း သည် တနင်္လာနေ့က ဖီးနစ် မှ ဘော့စတွန် သို့ ပျံသန်းနေစဉ်အတွင်း လေယာဉ်မှူး တစ်ဦး ဖျားနာ သေဆုံးခဲ့ပြီးနောက် နယူးယောက်ပြည်နယ် အထက်ပိုင်း Syracuse တွင် အရေးပေါ် ဆင်းသက် ခဲ့ရကြောင်း လေကြောင်းလိုင်း ပြောရေးဆိုခွင့် ရှိသူမှ တရားဝင် ပြောကြားခဲ့သည်။

တနင်္လာနေ့တွင် ခရီးသည် ၁၄၇ ဦးနှင့် လေယာဉ် ဝန်ထမ်း ငါးဦးအား တင်ဆောင် လာသော အမေရိကန် လေယာဉ် အမှတ် 550 သည် လေယာဉ်ခရီးစဉ် တစ်ဝက်အရောက် ၌ လေယာဉ်မှူး တစ်ဦးသည် နေမကောင်းဖြစ်လာခဲ့ပြီး ဒေသစံ တော်ချိန် နံနက် ရး၀၀ နာရီခန့်တွင် Syracuse သို့ အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း လေကြောင်းလိုင်း၏ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက ဆင်ဟွာ သို့ အတည်ပြု ပြောကြားသည်။

အဆိုပါ Airbus 320 ၏ လေယာဉ်မှူး မကျန်းမာဖြစ်ပြီးနောက် တွဲဖက် လေယာဉ်မှူးသည် လေယာဉ်အား ထိန်းချုပ်ခဲ့ပြီး Syracuse သို့ ဆင်းသက်ခဲ့သည်။

“ ကံမကောင်းစွာနဲ့ပဲ ကျွန်တော်တို့ရဲ့ လေယာဉ်မှူး ကွယ်လွန်သွားခဲ့တယ် ” ဟု အမေရိကန် လေကြောင်း လိုင်းက သတင်း ထုတ်ပြန်ချက်ထဲ တွင် ပြောသည်။ ၎င်းဖြစ်စဉ်သည် မယုံကြည် နိုင်လောက်အောင် ဝမ်းနည်း ဖွယ်ဖြစ်ပြီး လေယာဉ်မှူး ၏ မိသားစုနှင့် လုပ်ဖော်ကိုင်ဖက်များ အတွက်လည်း အလွန်တရာ အလေးအနက် ဂရုစိုက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လေယာဉ်မှူး ၏ အမည်ကိုတော့ ထုတ်ဖော်ပြောထားခြင်း မရှိသလို သေဆုံးရခြင်း အကြောင်းအရင်းကိုလည်း ပြောဆိုထားခြင်း မရှိသေးပေ။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.