Connect with us

North America

အမေရိကန် သမ္မတ အိုဘားမားသည် အော်ရီဂွန် ရှိ ကောလိပ် တွင်သေနတ် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် လွှတ်တော် နှင့် သေနတ် အခွင့်အရေး တောင်းဆိုသူများ အုပ်စုကို အပြင်းအထန် ရှုံချ

အော်ရီဂွန်ပြည်နယ် တောင်ပိုင်း ရိုစ့်ဘတ်မြို့ရှိ အန်ကွာ ကောလိပ် တွင်ကြာသပတေးနေ့က သေနတ်နှင့်ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူများအား ဆေးရုံသို့သယ်ဆောင် နေစဉ်(ဆင်ဟွာ)

ဝါရှင်တန်၊ အောက်တိုဘာ ၂ရက် (ဆင်ဟွာ)

အမေရိကန် သမ္မတ အိုဘားမားသည် ကြာသပတေးနေ့၌ အော်ရီဂွန် ရှိ ကောလိပ် အတွင်း သေနတ် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်သည့် ဥပဒေ ပြန်လည်ပြင်ဆင် ရာတွင် ပိတ်ဆို့တားမြစ်ခဲ့သည့် လွှတ်တော် နှင့် သေနတ်နှင့်ပတ်သက်သည့်အခွင့်အရေး တောင်းဆိုသူများ အုပ်စုကို အပြင်းအထန်ပြစ်တင် ရှုံ့ချခဲ့သည်။

အမေရိကန် သမ္မတမှ သေနတ် ပစ်ခတ်မှုအတွင်း သေဆုံးသွားသူများအတွက် အလွန်ဝမ်းနည်းပါကြောင်း တီဗီအစီအစဉ် မိန့်ခွန်း တွင် ပြောကြားခဲ့သည်။

ထို့ပြင် ကြာသပတေးနေ့ မိန့်ခွန်းတွင် အိုဘားမားမှ စနစ်တကျနှင့် ဘေးကင်းမှုကို အလေးထားသည့် အမေရိကန်လက်နက်ကိုင်ဆောင်သူများ အား သေနတ် နှင့်ပတ်သက်သည့် အခွင့်အရေး တောင်းဆိုသူများ အုပ်စုသည် အမေရိကန်လက်နက်ကိုင်ဆောင်သူများ၏ သေနတ် နှင့်ပတ်သက်သည့် အမြင်များကို ကိုယ်စားပြုခြင်း ရှိ မရှိ မေးမြန်းခဲ့သည်။

၂၀၁၂ခုနှစ် တွင် နယူးတောင်းမြို့တွင်ဖြစ်ပွားခဲ့သည့် ကျောင်းတွင်း သေနတ်ပစ်ခတ်မှုကြောင့် လူ ၂၈ ဦးသေဆုံးပြီးနောက် အိုဘားမားအစိုးရသည် ပိုမို တင်းကျပ်သော သေနတ်ကိုင်ဆောင်ခွင့် ဥပဒေကိုပြဌာန်းရန် ကြိုးစားခဲ့သော်လည်း လွှတ်တော်တွင် ရီပတ်ဘလီကန် ဥပဒေပြု အမတ်များနှင့် သေနတ်အခွင့်အရေး တောင်းဆိုသူများ အုပ်စု မှ ကန့်ကွက်ခဲ့ သောကြောင့် ရှုံးနိမ့်ခဲ့ရသည်။

အော်ရီဂွန်ပြည်နယ် တောင်ပိုင်း ရိုစ့်ဘတ်မြို့ရှိ အန်ကွာ ကောလိပ် တွင်ကြာသပတေးနေ့က သေနတ်နှင့်ပစ်ခတ်မှု ဖြစ်ပွားခဲ့သောကြောင့် အနည်းဆုံး လူ ၁၀ဦးသေဆုံးပြီ အယောက် ၂၀ကျော်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။

အသက် ၂၀ကျော် အရွယ်ရှိ အမျိုးသား သေနတ်သမားသည် ရဲတပ်ဖွဲ့များနှင့် အပြန်အလှန်ပစ်ခတ်ခြင်း မဖြစ်ပွားခင် ကောလိပ်အတွင်းရှိ သိပ္ပံအဆောက်အအုံ မှစတင်ပြီး ရက်စက်စွာ ပစ်ခတ်ခဲ့ကြောင်း မျက်မြင်သက်သေများ၏ ထွက်ဆိုချက်များအရ သိရှိရသည်။

ဒေါက်ကလပ် စီရင်စု မှ ရှယ်ရစ်ဖ် ဂျွန် ဟန်လင်း က အခင်းဖြစ်ပွားရာနေရာတွင် သေနတ်သမား သေဆုံးသွားကြောင်း နှင့် သေနတ်သမား ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခြင်း မရှိကြောင်းသိရသည်။ (Xinhua)