Connect with us

North America

အမေရိကန် မြို့ငယ်လေးတွင် အရှေ့အလယ်ပိုင်းအရေးက အမေရိကန် ရွေးကောက်ပွဲအပေါ် ရိုက်ခတ်မှု ရှိလာ

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့တွင် ပါလက်စတိုင်းထောက်ခံရေး စုဝေးဆန္ဒပြမှုတွင် ပါဝင်နေကြသူများအား ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒီးယားဘွန်း၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

အမေရိကန် သမ္မတ ရွေးကောက်ပွဲ အချက်အချာကျသော ဘက်ပြောင်းနိုင်သည့် အဓိက ပြည်နယ် မီချီဂန် အရှေ့တောင်ပိုင်းတွင် ဒီးယားဘွန်းမြို့ ဟုခေါ်သော မြို့တစ်မြို့ရှိသည်။ နာမည်ကျော် ဖို့ဒ်မော်တော်ကားကုမ္ပဏီရုံးချုပ်သည် ယင်းမြို့တွင် အခြေစိုက်ပေသည်။

ဒီးယားဘွန်းမြို့တွင် လူဦးရေ စုစုပေါင်း ၁၁၀,၀၀၀ နီးပါးရှိပြီး အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိက ဒေသများမှ လာသည့် အာရေဗျနွယ်ဖွား ၅၅ ရာခိုင်နှုန်း ရှိရာ ယင်းမြို့သည် အမေရိကန်နိုင်ငံ အာရေဗျနွယ်ဖွား လူဦးရေ အများအပြားရှိသည့် မြို့ကြီးဖြစ်ကြောင်း ၂၀၂၃ ခုနှစ် လူဦးရေ စာရင်းများတွင် ဖော်ပြထားသည်။ လွန်ခဲ့သည့် အမေရိကန် သမ္မတ ရွေးကောက်ပွဲများတွင် ဒီးယားဘွန်းမြို့ သည် ကာလတစ်လျှောက်လုံး ဒီမိုကရက်တစ်ပါတီ၏ “ဆန္ဒမဲပေးရာ ဂိုဒေါင်” ဖြစ်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ် သမ္မတ ရွေးကောက်ပွဲတွင် ယင်းမြို့က လက်ရှိသမ္မတ ဘိုင်ဒန်အား မဲပေးသည့် မဲဆန္ဒရှင်မှာ ၇၄ ရာခိုင်နှုန်းအထိ မြင့်မားခဲ့ရာ ဘိုင်ဒန်သည် မဲအရေအတွက် ၁၅၀,၀၀၀ ခန့် အားသာချက်ဖြင့် မီချီဂန်ပြည်နယ်တွင် အနိုင်ပိုင်းခဲ့ပြီး နောက်ဆုံး ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခုအကြိမ် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခတွင် ပါလက်စတိုင်းအရပ်သားများ သေဆုံးဒဏ်ရမှု အရေအတွက် မြင့်တက်လာမှု၊ ဘိုင်ဒန်အစိုးရက အစ္စရေးကို စစ်ရေးအကူအညီများ ဆက်တိုက်ပေးနေမှုများနှင့်အတူ ဒီးယားဘွန်းရှိ အာရေဗျနွယ်ဖွား မဲဆန္ဒရှင်များ၏ ဒီမိုကရက်တစ်ပါတီအပေါ် “သစ္စာရှိမှု အတိုင်းအတာ” သိသိသာသာ လျော့ကျလာရာ ယင်းမြို့မှာ “ဘက်မငြိမ်သည့်မြို့” ဖြစ်လာခဲ့သည်။ ယခုနှစ် နွေဦးရာသီက အမေရိကန်တစ်ဝန်း ဖြစ်ပွားခဲ့သော ပါကလက်စတိုင်းထောက်ခံသည့် ဆန္ဒပြမှုဒီရေလှိုင်းတွင် ဒီးယားဘွန်းမြို့သည် ဗဟိုအချက်အချာတစ်ခု ဖြစ်ခဲ့ပေသည်။

ဒီးယားဘွန်းရှိ အာရေဗျနွယ်ဖွား နေထိုင်သူ အများစုမှာ ယီမင်၊ လက်ဘနွန်၊ ဆီးရီးယား၊ အီရတ်နှင့် ပါလက်စတိုင်း စသည့်နေရာများမှ ဖြစ်သည်။ ယခုအကြိမ် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခဖြစ်ပွားသည့် နောက်ခံအခြေအနေတွင် ဒီးယားဘွန်းသည် မီချီဂန်ပြည်နယ် အာရေဗျနွယ်ဖွား ရွှေ့ပြောင်းနေထိုင်သူ အများဆုံး တစ်စုတစ်စည်းတည်း နေထိုင်သည့် မြို့အနေဖြင့် ၎င်း၏ပြည်သူ့ဆန္ဒသည် ယင်းပြည်နယ် ရွေးကောက်ပွဲရလဒ်၏ ဦးတည်ရာလမ်းညွှန် ဖြစ်လာနိုင်ပေသည်။ မီချီဂန်ပြည်နယ်နှင့် ပင်ဆယ်ဗေးနီးယားပြည်နယ်၊ ဝစ္စကွန်းဆင်းပြည်နယ်နှင့် မြောက်ကယ်ရိုလိုင်းနားပြည်နယ် စသည်တို့မှာ အချက်အချာကျသည့် ဘက်ပြောင်းနိုင်သော ပြည်နယ်များအဖြစ် ရှုမြင်ထားရာ အမေရိကန်သမ္မတရွေးကောက်ပွဲရလဒ်ကို အပြောင်းအလဲဖြစ်စေနိုင်သည်။

မကြာသေးမီက ဒီးယားဘွန်းသို့ သွားရောက်တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ရာတွင် ယခုနှစ်ပိုင်းများ၌ မီချီဂန်ပြည်နယ် မော်တော်ကားလုပ်ငန်း စသည့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ကျဆင်းလာခြင်းကြောင့် ဒီးယားဘွန်းမြို့ပြနေရာ၌ စွန့်ပစ်ထားသည့် စက်ရုံများနှင့် အဆောက်အဦ ဖြိုဖျက်ပြီးနောက် ကျန်ရစ်ခဲ့သည့် မြေယာအများအပြားကို တွေ့ခဲ့ရသည်။ မြို့ပြနေရာရှိ လမ်းမကြီးတွင် သွားလာသည့်မော်တော်ယာဉ် အရေအတွက်မှာမူ မများလှပေ။ လမ်းနှစ်ဖက်တွင် တစ်ထပ်၊ နှစ်ထပ် အဆောက်အဦနိမ့် ဆိုင်ခန်း အများအပြားရှိရာ ဆိုင်တိုင်းနီးပါး၏ ဆိုင်းဘုတ်ပေါ်တွင် အာရေဗျဘာသာစကားဖြင့် ရေးထားကြသည်။

၁၁ နာရီခွဲခန့်တွင် ဗလီဝတ်ကျောင်းတော်ကြီးတစ်ခုမှ ဆုတောင်းဝတ်ပြုသံများ ပေါ်ထွက်လာသည်။ ရိုးရာဝတ်စုံ ဝတ်ဆင်ထားသည့် အာရေဗျနွယ်ဖွားများက တစ်စတစ်စ ရောက်ရှိလာပြီး စုပေါင်း ဝတ်ပြုကြသည်။ ယခုအကြိမ် သမ္မတ ရွေးကောက်ပွဲ သို့မဟုတ် လက်ရှိ အရှေ့အလယ်ပိုင်းဒေသ အခြေအနေအပေါ် သဘောထားအမြင်ကို မေးမြန်းရာတွင် အများစုက လက်ခါ၊ ခေါင်းရမ်းပြီး ဖြေဆိုရန် ငြင်းဆိုခဲ့ကြပေသည်။ ကြိမ်ဖန်များစွာ မေးမြန်းမှုများ အဖြေမရရှိခဲ့သော်လည်း နောက်ဆုံးတွင် အာမက် ဟုခေါ်သော ယီမင်နွယ်ဖွား အသက် ၁၆ နှစ်အရွယ် လူငယ်လေးက “ကျွန်တော်ကတော့ ပါလက်စတိုင်းကို အားပေးတယ်။ သမ္မတလောင်းနှစ်ယောက်ကိုတော့ ဘယ်သူ့ကိုမှ အားမပေးဘူး” ဟု သတင်းထောက်ကို ပြောကြားခဲ့သည်။

အာမက်က မိမိအနေဖြင့် ဆန္ဒမဲပေးရန် အသက်မပြည့်မီသေးသော်လည်း “အမေရိကန်အစိုးရက အရှေ့အလယ်ပိုင်းအရေးမှာ လက်မလျှိုသင့်ဘူး၊ အစ္စရေးကို လက်နက်တွေမပံ့ပိုးသင့်ဘဲ ပြည်တွင်း ပြည်သူလူထုရဲ့ နေထိုင်မှုဘဝကို ပိုပြီး အာရုံစိုက်သင့်တယ်” ဟု ဆိုသည်။

မလှမ်းမကမ်း၌ရှိသော ကုန်စုံဆိုင်တံခါးဝတွင် ယီမင်နွယ်ဖွား အမျိုးသားနှစ်ဦးကို တွေ့လိုက်သည်။ ထုပ်ပိုးမှုလုပ်ငန်း အလုပ်သမား တစ်ဦးဖြစ်သည့် ဆားဒ်က အရှေ့အလယ်ပိုင်းဒေသအခြေအနေ ရှုပ်ထွေးနေကြောင်း၊ မိမိအနေဖြင့် ဆုတောင်းရုံမှတစ်ပါး အခြားနည်းလမ်းမရှိကြောင်း၊ သမ္မတရွေးကောက်ပွဲအပေါ်တွင်မူ မည်သူ့ကို မဲပေးရမည်မှာ မစဉ်းစားရသေးကြောင်း ပြောကြားခဲ့သည်။
ဟာမတ်ရာဖေး တစ်မိသားစုလုံး အမေရိကန်၌ နေထိုင်သည်မှာ နှစ်ပေါင်း ၃၀ ကျော်ရှိပြီဖြစ်ရာ ၎င်းအတွက်ဆိုလျှင် လက်ရှိ အရှေ့အလယ်ပိုင်းဒေသ အခြေအနေအပေါ် အမေရိကန်၏ သဘောထားမှာ”ယုံတမ်းစကားချည်း”သာ ဖြစ်ကြောင်း၊ မဲ ပေးရမည်လား၊ မပေးရဘူးလား ဆိုသည်ကို မိမိအနေဖြင့် မဆုံးဖြတ်ရသေးကြောင်း ပြောကြားခဲ့သည်။

မီချီဂန်တက္ကသိုလ် အာရုံကြောသိပ္ပံ အထူးပြုလေ့လာသူ ပါလက်စတိုင်းနွယ်ဖွား ဘွဲ့ကြိုကျောင်းသား အိုမာ ဂန်နမ်က ပါတီနှစ်ရပ်လုံး၏ အရှေ့အလယ်ပိုင်း မူဝါဒကို ကျေနပ်မှုမရှိကြောင်း ပြောကြားခဲ့သည်။
ဘိုင်ဒန်အစိုးရ၏ ပါလက်စတိုင်း-အစ္စရေး မူဝါဒက “လုံးဝ လက်ခံနိုင်စရာ မရှိ” ကြောင်း၊ သမ္မတလောင်း နှစ်ဦးဖြစ်သည့် ဟားရစ်နှင့် ထရမ့် နှစ်ဦးစလုံးတွင် အရှေ့အလယ်ပိုင်းပဋိပက္ခ အဆုံးသတ်မည့် မျှော်လင့်ချက်ကို မတွေ့ရပါက မဲမပေးရန် ဆုံးဖြတ်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။

မီချီဂန် ပြည်နယ်သည် ဒီမိုကရက်တစ်ပါတီ၏ “အနိုင်ရမှုကို မဖြစ်မနေ ထိန်းထား” ရမည့် ပြည်နယ်ဖြစ်သလို ရီပက်ဘလစ်ကန်ပါတီ၏ “သွားရည် တမြမြ” လိုချင်နေသည့် နေရာလည်းဖြစ်သည်။ အောက်တိုဘာ ၂၈ ရက်အထိ ဟားရစ်နှင့် ထရမ့်တို့၏ မီချီဂန်ပြည်နယ် ရွေးကောက်ပွဲမှာ အလွန် အကြိတ်အနယ် ယှဉ်ပြိုင်နေရကြောင်း ပြည်သူ့စစ်တမ်းကောက်မှုများတွင် ဖော်ပြထားသည်။ ပြည်သူ့စစ်တမ်းကောက်ယူသည့် ဝက်ဘ်ဆိုက်“၅၃၈” က အောက်တိုဘာ ၂၈ ရက်တွင် ပြည်သူ့စစ်တမ်းရလဒ်များကို ပေါင်းစည်းပြီးရရှိသော ယေဘုယျ ကိန်းဂဏန်းအချက်အလက်များတွင် မီချီဂန်ပြည်နယ်၌ ဟားရစ်ကို ထောက်ခံအားပေးမှုမှာ ၄၇.၇ ရာခိုင်နှုန်း ဖြစ်ရာ ထရမ့်ထက် ၀.၅ ရာခိုင်နှုန်းပွိုင့်သာ မြင့်ကြောင်း ဖော်ပြထားသည်။ အခြား ပြည်သူ့စစ်တမ်းဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် “RealClearPolitics” ၏ အောက်တိုဘာ ၂၈ ရက် စာရင်းများတွင် ယင်းပြည်နယ်၌ ထရမ့်ကို အားပေးမှုမှာ ၄၇.၉ ရာခိုင်နှုန်း ရှိပြီး ဟားရစ်ထက် ၀.၁ ရာခိုင်နှုန်းပွိုင့်မြင့်ကြောင်း ဖော်ပြထားသည်။

ဒီးယားဘွန်းမြို့တော်ဝန် Abdullah Hammoud က မြို့တော်ဝန်အနေဖြင့် ၎င်းသည် မည်သည့် သမ္မတလောင်းကိုမျှ ထောက်ခံမည် မဟုတ်ကြောင်း မကြာသေးမီက ပြောကြားခဲ့သည်။ ဤမြို့တွင် နေထိုင်သည့် အာရေဗျနွယ်ဖွားများက ပါတီနှစ်ရပ်လုံး၏ နိုင်ငံရေးအပြောအဆိုများကို စိတ်ပါဝင်စားမှုမရှိဘဲ ငြီးငွေ့နေကြပြီ ဖြစ်ကြောင်း၊ “အမေရိကန်က အစ္စရေးကို စစ်ရေးအကူအညီတွေ ပံ့ပိုးနေတာက ပြဿနာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

လက်ဘနွန်နိုင်ငံ Beqaa တောင်ကြားတွင် ရိုက်ကူးသည့် အစ္စရေးလေကြောင်းတိုက်ခိုက်မှုအတွင်း ပျက်စီးသွားသော မော်တော်ကားအား ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဖီလာဒဲလ်ဖီးယားမြို့ရှိ သမ္မတလောင်းစကားစစ်ထိုးပွဲ မီဒီယာစင်တာမှ ရိုက်ကူးသော တိုက်ရိုက်ထုတ်လွှင့်သည့်ဗီဒီယိုတွင် ရုပ်မြင်သံကြား စကားစစ်ထိုးပွဲ၌ ပါဝင်သည့် အမေရိကန် ဒီမိုကရက်တစ်သမ္မတလောင်း၊ ဒုတိယသမ္မတဟားရစ် (ယာ) နှင့် ရီပက်ဘလစ်ကန်သမ္မတလောင်း၊ သမ္မတဟောင်း ထရမ့်တို့အား ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………………..
(Chinese Version)

美国大选手记|在美国小城,中东局势冲击美国大选
新华社美国迪尔伯恩10月30日电(记者邓仙来 许缘 胡友松)在美国总统选举关键摇摆州密歇根州东南部有一个名叫迪尔伯恩的城市,著名车企福特汽车公司总部便坐落于此。
2023年的人口统计显示,迪尔伯恩近11万总人口中,来自中东和北非地区的阿拉伯裔居民占比达到55%,该市成为美国阿拉伯裔人口占多数的最大城市。在过往的美国总统选举中,迪尔伯恩向来是民主党的“票仓”。在2020年总统选举中,该市投票给现任总统拜登的选民占比高达74%,拜登以约15万票的优势拿下密歇根州,并最终在大选中胜出。
然而,随着本轮巴以冲突中巴勒斯坦平民伤亡数量攀升、拜登政府持续不断向以色列提供军事援助,迪尔伯恩的阿拉伯裔选民对民主党“忠诚度”显著下降,该市俨然成为“摇摆市”。在今年春天席卷全美的支持巴勒斯坦示威浪潮中,迪尔伯恩成为中心之一。
迪尔伯恩的阿拉伯裔居民大多来自也门、黎巴嫩、叙利亚、伊拉克和巴勒斯坦等地。在本轮巴以冲突背景下,迪尔伯恩作为密歇根州阿拉伯裔移民最集中的城市,其民意很有可能成为该州选举结果的风向标。密歇根州与宾夕法尼亚州、威斯康星州和北卡罗来纳州等被视为关键摇摆州,有可能左右美国总统选举结果。
记者日前在迪尔伯恩走访时看到,由于近年来密歇根州汽车业等制造业的衰败,迪尔伯恩市区有不少废弃的厂房和建筑拆除后留下的荒地。市区主干道上来往车辆并不多,路两旁多是一两层的低矮店铺,几乎每家店面的招牌上都写有阿拉伯文字。
大约11点半,一座规模较大的清真寺宣礼塔里传出诵经声。身着传统服饰的阿拉伯裔民众陆续聚集,参加礼拜。记者试图询问对本次总统选举或当前中东局势的看法,很多人都摆手或摇头。
多次询问未果后,终于有一位名叫艾哈迈德的16岁也门裔小伙对记者说:“我支持巴勒斯坦。对于两位总统候选人,我谁也不支持。”
艾哈迈德说,自己还没到法定投票年龄,但“美国政府不应该插手中东事务,不应该给以色列提供武器,而应该更关注国内的民生问题。”
记者又在不远的一家杂货店门口遇见两名也门裔男子。来自包装行业的工人萨阿德说,中东局势一团糟,自己除了祈祷没有任何办法,至于总统选举,还没想好投票给谁。哈穆德·亚费全家已经在美国生活了30多年,在他看来,美国针对当前中东局势的表态“都是无稽之谈”,自己还没决定要不要去投票。
在密歇根大学神经科学专业就读的巴勒斯坦裔本科生奥马尔·甘纳姆表示,他对两党的中东政策都不满意。他说,拜登政府的巴以政策让他“完全不能接受”。如果两名总统候选人哈里斯和特朗普都不能让他看到美国结束中东冲突的希望,他就放弃投票。
密歇根既是民主党“必保”之州,也是共和党“垂涎”之地。民调显示,截至28日,哈里斯和特朗普在密歇根州的选情非常胶着。民调网站“538”28日综合若干民调结果得出的平均数据显示,哈里斯在密歇根州支持率为47.7%,仅比特朗普高0.5个百分点。另一家民调网站“真正透明政治”28日的统计显示,特朗普在该州支持率为47.9%,比哈里斯高0.1个百分点。
迪尔伯恩市长阿卜杜拉·哈穆德日前表示,作为市长,他不会为任何总统候选人背书。他说,本市阿拉伯裔居民已经厌倦了两党的政治说辞,“美国向以色列提供军事援助才是问题所在”。
1. 1月13日,在美国首都华盛顿,人们参加声援巴勒斯坦的集会游行活动。新华社发(亚伦摄)
2. 这是10月29日在黎巴嫩贝卡谷地拍摄的在以色列空袭中损毁的汽车。新华社发(马希尔·卡马尔摄)
3. 这张9月10日在美国费城总统辩论媒体中心拍摄的视频直播画面显示,美国副总统、民主党总统候选人哈里斯(右)和美国前总统、共和党总统候选人特朗普在费城参加电视辩论。新华社记者李睿摄