Connect with us

China

မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း၏ ESG အစီရင်ခံစာထုတ်ပြန်

မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်က ကျင်းပသော မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း၏ ESG အစီရင်ခံစာထုတ်ပြန်ခြင်းအခမ်းအနား၌ အမှာစကားပြောကြားနေသည့် မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဋ္ဌေးကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ)
မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း၏ ပထမဆုံးသော ESG (သဘာဝပတ်ဝန်းကျင်၊ လူမှုရေးနှင့် စီမံခန့်ခွဲမှု) အစီရင်ခံစာ ထုတ်ပြန်ခြင်းအခမ်းအနားကို ဒီဇင်ဘာ ၁၇ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစီရင်ခံစာထုတ်ပြန်ခြင်းအခမ်းအနားတွင် မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဋ္ဌေးက မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းက မြန်မာနိုင်ငံ၏ လူမှုစီးပွားတိုးတက်မှုအပေါ် အပြုသဘော အထောက်အကူပြုလျက်ရှိကြောင်း ပြောကြားခဲ့သည်။ မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းက အရေးပါသော အခြေခံအဆောက်အအုံစီမံကိန်းအဖြစ်သာမက ကော်ပိုရိတ်လူမှုစီးပွားတာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ စံပြစီမံကိန်း၊ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုနှင့် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံကြား အပြန်အလှန်အကျိုးပြုသော ပူးပေါင်းဆောင်ရွက်မှုအဖြစ်လည်းပဲ ဖော်ဆောင်လျက်ရှိကြောင်း ၎င်းက ဆိုသည်။
Southeast Asia Crude Oil Pipeline ကုမ္ပဏီလီမိတက်နှင့် Southeast Asia Gas Pipeline ကုမ္ပဏီလီမိတက် ဒုတိယဥက္ကဋ္ဌ Li Haiping က မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းက လမ်းကြောင်းတစ်လျှောက်နေရာများတွင် သာယာဝပြောမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ကာ ဒေသခံပြည်သူများအတွက် သိသာထင်ရှားသော အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးမည်ဟု ကတိပြုထားကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင် ကုမ္ပဏီအနေဖြင့် ယဉ်ကျေးမှုပေါင်းစည်းရေးကို တက်ကြွစွာတိုးမြှင့်ဆောင်ရွက်လျက်ရှိသလို မြန်မာနိုင်ငံတွင် အောင်မြင်သောကော်ပိုရိတ်လုပ်ငန်းကြီးတစ်ခု ဖြစ်ပေါ်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း၏ ESG အစီရင်ခံစာသည် မြန်မာနိုင်ငံတွင် တရားဝင်စီမံခန့်ခွဲမှု၊ အကျိုးရှိစွာလုပ်ငန်းဆောင်ရွက်မှု၊ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု၊ အလုပ်သမားဆိုင်ရာ လူမှုဖူလုံရေးနှင့် လူမှုစီးပွားတာဝန်ယူမှု၊ တာဝန်ခံမှု စသည့် ဦးတည်ချက်ငါးရပ်ဖြင့် စီမံကိန်းစတင်ဆောင်ရွက်ချိန်မှစ၍ Southeast Asia Crude Oil Pipeline ကုမ္ပဏီလီမိတက်နှင့် Southeast Asia Gas Pipeline ကုမ္ပဏီလီမိတက်၏ လူမှုစီးပွားတာဝန်ယူမှုများနှင့် အောင်မြင်မှုများကို အကဲဖြတ်ထားခြင်းလည်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်က ကျင်းပသော မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း၏ ESG အစီရင်ခံစာထုတ်ပြန်ခြင်းအခမ်းအနား၌ အမှာစကားပြောကြားနေသည့် Southeast Asia Crude Oil Pipeline ကုမ္ပဏီလီမိတက်နှင့် Southeast Asia Gas Pipeline ကုမ္ပဏီလီမိတက် ဒုတိယဥက္ကဋ္ဌ Li Haiping ကို တွေ့ရစဉ် (ဆင်ဟွာ)

……………………………..
(English Version)
ESG report of China-Myanmar pipeline project launched
YANGON, Dec. 17 (Xinhua) — An event to launch the first ESG (Environmental, Social, and Governance) report of China-Myanmar Oil and Gas Pipeline Project was held here on Tuesday.
During the report-launching event, U Kyaw Htay, director of Information and Public Relations Department, Myanmar’s Ministry of Information, spoke highly of the China-Myanmar Oil and Gas Pipeline Project and praised the project’s positive contribution to Myanmar’s social development. He pointed out that the China-Myanmar Oil and Gas Pipeline Project is not only an important infrastructure construction project, but also a model project for corporate social responsibility, demonstrating the deep“Paukphaw”(fraternal) friendship and mutually beneficial cooperation between China and Myanmar.
Li Haiping, vice president of Southeast Asia Crude Oil Pipeline Co., Ltd. and Southeast Asia Gas Pipeline Co., Ltd., said that the China-Myanmar Oil and Gas Pipeline Project is committed to promoting prosperity and development in the areas along the route and bringing tangible benefits to local people. The company also actively promotes cultural integration, and strives to become an outstanding corporation in Myanmar.
The ESG report of China-Myanmar Oil and Gas Pipeline Project reviews the social responsibilities and achievements of Southeast Asia Crude Oil Pipeline Co., Ltd. and Southeast Asia Gas Pipeline Co., Ltd. in Myanmar since the start of the project from five aspects: lawful management, value creation, green development, employee welfare, and social responsibility.
Photo 1: U Kyaw Htay, director of the Information and Public Relations Department of Myanmar’s Ministry of Information, speaks at the launching event of the ESG (Environmental, Social, and Governance) report of China-Myanmar Oil and Gas Pipeline Project in Yangon, Myanmar, Dec. 17, 2024. (Xinhua/Myo Kyaw Soe)
Photo 2: Li Haiping, vice president of Southeast Asia Crude Oil Pipeline Co., Ltd. and Southeast Asia Gas Pipeline Co., Ltd., speaks at the launching event of the ESG (Environmental, Social, and Governance) report of China-Myanmar Oil and Gas Pipeline Project in Yangon, Myanmar, Dec. 17, 2024. (Xinhua/Myo Kyaw Soe)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.