Connect with us

Politics

မြန်မာ နိုင်ငံ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရန် အတွက် တရုတ် နိုင်ငံ က လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အနေဖြင့် အမေရိကန် ဒေါ်လာ ၇.၃၇ သန်း လွှဲပြောင်းပေးအပ်

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူး ရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်း ဆိုင်ရာ လက်မှတ်ရေးထိုး နေစဉ်(ဆင်ဟွာ)

နေပြည်တော် ၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ အစိုးရ က မြန်မာ နိုင်ငံ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရန် အတွက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူး ရန်ပုံငွေ တစ်ရပ် အား ဇန်နဝါရီ ၂၃ ရက် နံနက်ပိုင်း အချိန် တွင် နေပြည်တော် ရှိ မြန်မာ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန တွင် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် မှ တစ်ဆင့် ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၇.၃၇ သန်း အား ဝန်ကြီးဌာန သို့ လဲွဲှပြောင်းပေးအပ် ခဲ့သည်။

လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား သို့ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် နှင့် သံရုံး သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ မြန်မာ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတန်း အတွင်းဝန် ဦးမြင့်သူ နှင့် မြန်မာ နိုင်ငံ ဝန်ကြီးဌာန အသီးသီး မှ တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက် ခဲ့ကြပြီး အခမ်းအနား တွင် လွှဲပြောင်းပေးအပ်ခြင်း နှင့် ပတ်သက်၍ လက်မှတ်ရေးထိုး ခဲ့ကြသည်။

လွှဲပြောင်းပေးအပ် ပွဲ အခမ်းအနား တွင် တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် က လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု က အချိန်တို အတွင်း လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာသည့် စီမံကိန်း တစ်ခု ဖြစ်ပြီး ဒေသတွင်း ထိရောက်မှု အရှိဆုံး ပူးပေါင်းဆောင်ရွက်မှု တစ်ခု ဖြစ်ကြောင်း ၊ လက်ရှိချိန် တွင် မြန်မာ နိုင်ငံ အစိုးရ ဌာန အသီးသီး က လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု တွင် တက်ကြွစွာ ပါဝင် ဆောင်ရွက်သည် ကို တွေ့ရှိရသည့် အတွက် ဝမ်းမြောက်မိကြောင်း ၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု က အဓိက အား ဖြင့် ပြည်သူလူထု တို့၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရန် ကို ဦးစားပေး ဆောင်ရွက်ခြင်း ဖြစ်ပြီး စိုက်ပျိုးရေး ၊ ပညာရေး နှင့် နည်းပညာ စသည့် ကဏ္ဍ များတွင် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ခြင်း ဖြစ်ကြောင်း ၊ လန်ချန်း-မဲခေါင် ဒေသ ရှိ နိုင်ငံများ က တောတောင်ရေမြေခြင်း ထိစပ်နေသည့် အိမ်နီးချင်း နိုင်ငံများ ဖြစ်ကြပြီး သဘာ၀ အလျှောက် ဖြစ်တည် နေသည့် ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း တစ်ခု လည်း ဖြစ်ကြောင်း ၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အား အောင်မြင်အောင် ဆောင်ရွက်ခြင်း က ဒေသတွင်း အတူတကွ ဖွံ့ဖြိုးတိုးတက်မှု အတွက်လည်း အထောက်အကူ ဖြစ်စေမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် အား လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူး ရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား တွင် မြင်တွေ့ရစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတန်း အတွင်းဝန် ဦးမြင့်သူ အား ရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား တွင် မြင်တွေ့ရစဉ်(ဆင်ဟွာ)

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူး ရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူး ရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူး ရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူး ရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူး ရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတန်း အတွင်းဝန် ဦးမြင့်သူ က ဆင်ဟွာ သတင်းဌာန ၏ မေးမြန်းမှု အား ဖြေကြားခဲ့ရာတွင် ယခု အကြိမ် ရန်ပုံငွေ က တရုတ် နိုင်ငံ မှ ဒုတိယ အကြိမ်မြောက် မြန်မာ နိုင်ငံ အား လွှဲပြောင်းပေးအပ်ခြင်းဖြစ်ပြီး စီမံကိန်း ၁၉ အတွက် ရန်ပုံငွေ ရရှိခဲ့ကြောင်း ၊ မြန်မာ နိုင်ငံ လယ်ယာစိုက်ပျိုးရေး နှင့် လူမှု လုံခြုံရေး နှင့် ပတ်သက်သည့် စီမံကိန်း တို့ က လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူး ရန်ပုံငွေ အများဆုံး ရရှိနိုင်ခဲ့ပြီး အခြား ကဏ္ဍအသီးသီး အတွက်လည်း ရန်ပုံငွေများ ရရှိခဲ့ကြောင်း ၊ မြန်မာ နိုင်ငံ အနေဖြင့် လယ်ယာစိုက်ပျိုးရေး ကို အခြေခံသည့် နိုင်ငံ ဖြစ်သည့် အတွက် လယ်ယာစိုက်ပျိုးရေး စီမံကိန်း များအား တင်ပြခဲ့ရာတွင် ရန်ပုံငွေ များ တရုတ် နိုင်ငံ မှ ရရှိခဲ့ကြောင်း ၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု က ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု တစ်ခု ဖြစ်သော်လည်း တရုတ် နိုင်ငံ ခေတ်သစ်ပိုးလမ်းမကြီး စီမံကိန်း ၏ အစိတ်အပိုင်း တစ်ခု တွင်လည်း ပါဝင်ကြောင်း ၊ တရုတ် နိုင်ငံ အစိုးရ မှ ထောက်ပံ့ပေးသည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု စီမံကိန်း က မြန်မာ နိုင်ငံ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး နှင့် နှစ်နိုင်ငံ ချစ်ကြည်ဆက်ဆံရေး အတွက် အထောက်အကူ ဖြစ်စေခဲ့ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ အစိုးရ အနေဖြင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၅ ရက် တွင် မြန်မာ နိုင်ငံ အား လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူး ရန်ပုံငွေ ပထမ အကြိမ် လွှဲပြောင်းပေးအပ်ခြင်း အနေဖြင့် စီမံကိန်း ၁၀ ခု အတွက် အမေရိကန် ဒေါ်လာ ၂.၄ သန်း ပေးအပ်ခဲ့ပြီး ယခု အကြိမ် တွင် စီမံကိန်း ပေါင်း ၁၉ ခု အတွက် အမေရိကန် ဒေါ်လာ ၇.၃၇ သန်း ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း ၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အား ၂၀၁၆ ခုနှစ် တွင် စတင်ဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး အဓိက ရည်ရွယ်ချက် အနေဖြင့် မဲခေါင်ဒေသ နိုင်ငံများ ၌ စီးပွားရေး နှင့် လူမှုရေး စသည် တို့ ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရန် အတွက် တရုတ် နိုင်ငံ က ဦးဆောင် ၍ ဆောင်ရွက် ပေးသည့် အစီအစဉ် တစ်ရပ် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အစိုးရ အနေဖြင့် ၂၀၁၇ ခုနှစ် တွင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူး ရန်ပုံငွေ အား ထူထောင်ပေးခဲ့ခြင်း ဖြစ်ပြီး အမေရိကန် ဒေါ်လာ သန်း ၃၀၀ မတည်ပေးခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အစိုးရ က မဲခေါင်ဒေသ နိုင်ငံ ၏ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်သည့် စီမံကိန်း များအား ရန်ပုံငွေ လွှဲပြောင်းပေးအပ်မှုများ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.