Connect with us

Africa & Middle East

ဂါဇာ နှင့် West Bank ဒေသတွင် အစ္စရေးစစ်တပ် နှင့် ပါလက်စတိုင်းနိုင်ငံသားများအကြား ပဋိပက္ခများဖြစ်ပွားရာ ပါလက်စတိုင်း ၃၂ဦး ဒဏ်ရာရရှိ

ဆန္ဒပြသူ ပါလက်စတိုင်းနိုင်ငံသားများ အား အစ္စရေးစစ်တပ်မှ မျက်ရည်ယိုဗုံးများဖြင့် ဖြိုခွဲစဉ် (ဆင်ဟွာ)

ဂါဇာ၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသ နှင့် အနောက်ဘက်ကမ်း West Bank ဒေသတွင် ဖေဖော်ဝါရီ ၂၃ ရက် က အစ္စရေး စစ်သားများ နှင့် ပါလက်စတိုင်းနိုင်ငံသား ဆန္ဒပြသူများအကြား အဓိကရုဏ်းများ ဖြစ်ပွားခဲ့ရာ ပါလက်စတိုင်း ၃၂ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က ဒီဇင်ဘာ ၆ ရက်တွင် ဂျေရုဆလင်မြို့အား အစ္စရေးနိုင်ငံ၏ မြို့တော်အဖြစ် ကြေညာခဲ့စဉ်ကတည်းက ပါလက်စတိုင်းပိုင်နက်အတွင်း သောကြာနေ့တိုင်း ဆန္ဒပြမှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

သောကြာနေ့ ဝတ်ပြုဆုတောင်းသူများ စုဝေး၍ အစ္စလာမ်မစ်ဟားမတ်စ်တို့၏ လှုပ်ရှားမှု နှင့် ပါလက်စတိုင်းနိုင်ငံ သမ္မတ Mahmoud Abbas Fatah ပါတီ အပါအဝင် ပါလက်စတိုင်းနိုင်ငံ၏ အင်အား နှင့် အဖွဲ့အစည်းတို့ကို တောင်းဆိုမှုများ နှင့် အညီ ဆန္ဒပြ ပဋိပက္ခမှုများ ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

West Bank ဒေသရှိ ပါလက်စတိုင်းလခြမ်းနီအဖွဲ့က Jericho, Nablus နှင့် Ramallah မြို့များတွင် အစ္စရေးစစ်သားများ နှင့် ဖြစ်ပွားခဲ့သော ပဋိပက္ခများအတွင်း ပါလက်စတိုင်း ၁၆ဦး ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၂၃ရက် အစောပိုင်းတွင် ရာနှင့်ချီသော ပါလက်စတိုင်းနိုင်ငံသားများသည် ပါလက်စတိုင်းပိုင်နက်နယ်မြေအတွင်း ရှိ ပါလက်စတိုင်းတို့အပေါ် ဆန့်ကျင်သည့် အစ္စရေး၏ မူဝါဒများ၊ ထရမ့်၏ မူဝါဒများ ကို ဆန့်ကျင်ပြီး ဂျေရုဆလင်မြို့အား အထောက်အပံ့ပေးသည့်အနေဖြင့် ဂါဇာမြို့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

ဆန္ဒပြသူများသည် ပါလက်စတိုင်းအလံများကို ဝှေ့ယမ်းပြီး အစ္စရေး နှင့် အမေရိကန် ဆန့်ကျင်ရေးဆောင်ပုဒ်များကို ကြွေးကြော်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.