Connect with us

Africa & Middle East

အာဖဂန်တွင် ကားဗုံး၂လုံးပေါက်ကွဲမှုကြောင့် လူ ၅ဦးသေဆုံး

အာဖဂန်နစ္စတန်နိုင်ငံတွင် ယခင်ကဖြစ်ပွားခဲ့သည့် အသေခံကားဗုံးဖောက်ခွဲမှု တစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

အာဖဂန်နစ္စတန်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း Helmand ပြည်နယ်၌ ဖေဖော်ဝါရီ ၂၄ရက် နံနက်ပိုင်းတွင် အသေခံကားဗုံးဖောက်ခွဲမှု ၂ခု သီးခြားစီ ဖြစ်ပွားခဲ့ရာ အသေခံဗုံးခွဲသမား ၂ဦးအပါအဝင် အနည်းဆုံး လူ ၅ဦး သေဆုံးခဲ့ပြီး အခြားလူ ၁၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်ဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ပြည်နယ်မြို့တော် Lashkar Gah မြို့ ရှိ ပြည်နယ်ဆိုင်ရာ ထောက်လှမ်းရေးဋ္ဌာန၏ ရုံးအား တာလီဘန်စစ်သွေးကြွတစ်ဦးက အသေခံကားဗုံးဖောက်ခွဲခဲ့၍ လူတစ်ဦး သေဆုံးပြီး အခြားလူ ၁၀ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အမည်မဖော်လိုသူ ရဲတပ်အရာရှိတစ်ဦးက ပေါက်ကွဲမှုသည် ဒေသစံတော်ချိန် နံနက် ၉း၀၅နာရီတွင်ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့ကာ အခြားလူ ၁၀ဦး ဒဏ်ရာရရှိခဲ့ပြီး အများစုမှာ အရပ်သားများဖြစ်ကြောင်း ဆင်ဟွာသို့ပြောကြားခဲ့သည်။

ပြင်းထန်သည့် ပေါက်ကွဲမှုကြောင့် အနီးအနားရှိ နေအိမ်များ နှင့် ဆိုင်ခန်းများ ပျက်စီးခဲ့ကြောင်းသိရသည်။

အဆိုပါနေ့ အစောပိုင်းတွင် Lashkar Gah မြို့ အနောက်ဘက် Nad Ali ခရိုင် ရှိ စစ်စခန်းတစ်ခုအနီးတွင် တာလီဘန်စစ်သွေးကြွတစ်ဦးက ဗုံးတပ်ဆင်ထားသော စစ်သုံးသံချပ်ကာ ကားဖြင့်ဗုံးခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ဦး သေဆုံးပြီး အခြားလူ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ Nasrat Rahimi က ပြည်တွင်း Tolo News TV သို့ပြောကြားခဲ့သည်။

တာလီဘန်စစ်သွေးကြွအုပ်စု က Helmand ပြည်နယ်တွင်လည်း ဖြစ်ပွားခဲ့သော ဗုံးဖောက်ခွဲမှုများအား ၎င်းတို့လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ကြေညာခဲ့သည်။

ဖေဖော်ဝါရီ ၂၄ရက် အစောပိုင်းတွင် နိုင်ငံမြို့တော် ကဘူးလ်မြို့ အလယ်ပိုင်းတွင် အသေခံဗုံးဖောက်ခွဲမှုကြောင့် လူ တစ်ဦးသေဆုံးပြီး အခြားလူ ၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)