Connect with us

မြန်မာ-中文

ဝမ်ရိနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov တွေ့ဆုံဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၂၀ ရက် တောင်အာဖရိကနိုင်ငံ ဂျိုဟန်နာဘတ်စ်မြို့၌ ကျင်းပသော G20 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်စဉ်ကာလအတွင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov နှင့် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ဂျိုဟန်နာဘတ်စ်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၂၀ ရက်က တောင်အာဖရိကနိုင်ငံ ဂျိုဟန်နာဘတ်စ်မြို့၌ ကျင်းပသော G20 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်စဉ် ကာလအတွင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် ဝမ်ရိက တရုတ်-ရုရှား ခေတ်သစ် ဘက်စုံမဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးမှာ ပို၍ မြင့်မားသောအဆင့်၊ ပို၍ ကျယ်ပြန့်သောအတိုင်းအတာဆီသို့ လျှောက်လှမ်းလျက်ရှိကြောင်း ပြောကြားခဲ့သည်။
နှစ်ဖက်အပြန်အလှန် အကျိုးဖြစ်ထွန်းသည့် ပူးပေါင်းဆောင်ရွက်မှုက တည်ငြိမ်စွာ တိုးတက်ပြီး မဟာဗျူဟာမြောက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုက နီးစပ်ထိရောက်ရာ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ ပြည်သူများ၏ ဘုံအကျိုးစီးပွားကို ထိန်းသိမ်းခြင်း၊ ကမ္ဘာ့ဗဟုအသွင်ပြောင်းမှု ဖြစ်စဉ်အား တွန်းအားပေးခြင်းတွင် အရေးကြီးသည့် အခန်းကဏ္ဍ၌ ပါဝင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ရုရှားနိုင်ငံနှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်များ ရရှိထားသော အရေးကြီး သဘောတူညီချက်များကို မလျော့မပေါ့ အကောင်အထည်ဖော်ဆောင်ရွက်ပြီး တရုတ်-ရုရှား ဆက်ဆံရေးကို နှစ်သစ်တွင် ယခင်ကလို ရှေ့ဆက်တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဝမ်ရိက ယခုနှစ်သည် ကမ္ဘာ့ ဖက်ဆစ်တော်လှန်ရေး စစ်ပွဲ အောင်နိုင်ခြင်းနှင့် ကုလသမဂ္ဂ တည်ထောင်ခြင်း နှစ် ၈၀ ပြည့် ဖြစ်ရာ ကြီးမားသည့် သမိုင်းအနက်အဓိပ္ပာယ်ရှိကြောင်း ပြောကြားခဲ့သည်။ ယင်းကြမ်းတမ်းခက်ခဲလှသော တိုက်ပွဲတွင် တရုတ်-ရုရှား နှစ်နိုင်ငံပြည်သူများသည် အသက်သွေးချွေးစတေး၍ တိုက်ပွဲဝင်ခဲ့ကြရာ အရှေ့အနောက် စစ်မြေပြင်မှာ တိုင်းပြည်ပျက်သုဉ်းမည့်အန္တရာယ်ကို ကယ်တင်ရန်၊ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကြိုးပမ်းဖော်ဆောင်ရန် ကြီးမားသည့် အမျိုးသားရေး စတေးခဲ့ရသလို သမိုင်းအတွက် ကြီးမားသော အကျိုးဆောင်မှု ရှိခဲ့ကြောင်း၊ တရုတ်-ရုရှား နှစ်နိုင်ငံသည် ဒုတိယ ကမ္ဘာစစ် တိုက်ပွဲအောင်မြင်ကြသော နိုင်ငံနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံများဖြစ်ကြရာ ပခုံးထက်တွင် ဒုတိယကမ္ဘာစစ် အောင်မြင်မှုရလဒ်ကို ကာကွယ်ရန်၊ စစ်မက်အလွန် နိုင်ငံတကာစည်းစနစ်ကို ကာကွယ်ထိန်းသိမ်းရန် အရေးကြီးသည့် တာဝန်ကို အတူထမ်းရွက်ထားကြရကြောင်း၊ အခြေအနေများ မည်သို့ပင် ပြောင်းလဲစေကာမူ တရုတ်-ရုရှား ချစ်ကြည်ရေး၏ အခြေခံအုတ်မြစ်မှာ ဖြိုခွဲ၍မရအောင် ခိုင်မာပြီး နိုင်ငံကြီး၏ နိုင်ငံတကာကျင့်ဝတ် ထမ်းဆောင်ရမည့် တာဝန်ကို ရှောင်လွှဲမည် မဟုတ်ကြောင်း၊ နှစ်ဖက်အနေဖြင့် “နှစ် ၈၀ ပြည့်” အထိမ်းအမှတ်အခွင့်အလမ်းတွင် တရုတ်-ရုရှား မဟာဗျူဟာမြောက် ညှိနှိုင်းမှုများကို နက်ရှိုင်းအောင်၊ မှန်ကန်သည့် ဒုတိယကမ္ဘာစစ် သမိုင်းအမြင်ကို အပြုသဘောပြန့်ပွားအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ကုလသမဂ္ဂအား ဗဟိုပြုသည့် နိုင်ငံတကာစနစ်ကို ခိုင်မာစွာ ကာကွယ်ထိန်းသိမ်းရမည် ဖြစ်ပြီး ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ တရားဝင်အကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းကာ တန်းတူညီမျှ၊ စနစ်ကျသည့် ကမ္ဘာ့ဗဟုအသွင်ပြောင်းမှုနှင့် အများအကျိုးဖြစ်ထွန်း၍ အားလုံးပါဝင်သော စီးပွားရေး ကမ္ဘာလုံးဆိုင်ရာအသွင်ပြောင်းမှု တည်ဆောက်ရေးကို တွန်းအားပေးရမည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

Sergey Lavrov က သမ္မတ ပူတင်နှင့် သမ္မတ ရှီကျင့်ဖိန်တို့သည် ရုရှား-တရုတ် ဆက်ဆံရေးနှင့် မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်ရေးအတွက် လမ်းညွှန်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။ ရုရှားနိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ ယင်းကို အခြေခံပြီး အဆင့်မြင့်အလွှာ ဆက်ဆံရေးကို အားဖြည့်ခြင်း၊ ကုန်သွယ်စီးပွား၊ ဘဏ္ဍာရေး၊ လူမှုယဉ်ကျေးမှု စသည့် ကဏ္ဍများ၌ ထဲထဲဝင်ဝင် လက်တွေ့ပူးပေါင်းဆောင်ရွက်သွားလိုကြောင်း၊ ရုရှား-တရုတ် ဘက်စုံ မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး ပိုမိုတိုးတက်စေရန် တွန်းအားပေးကာ ဒုတိယကမ္ဘာစစ် အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနားများကို ကောင်းမွန်စွာ ဆောင်ရွက်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
ရုရှား-တရုတ် နှစ်နိုင်ငံ၏ ဗဟုအသွင်ကို လက်ကိုင်ထားခြင်းသည် ရှုပ်ထွေး၍ ကမောက်ကမ ဖြစ်နေသော ကမ္ဘာကြီး၏ တည်ငြိမ်မှု အကြောင်းတရား ဖြစ်ကြောင်း၊ ရုရှားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံက အဆိုပြုသော ကမ္ဘာလုံးဆိုင်ရာ အဆိုပြုချက်များကို အထူးအသိအမှတ်ပြုသဘောတူသလို ရုရှား-တရုတ် အဆင့်မြင့် အပြန်အလှန်ယုံကြည်မှုအပေါ် အထူးတန်ဖိုးထားချီးကျူးပါကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ BRICS ယန္တရား၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့၊ ကုလသမဂ္ဂ၊ G20 စသည့် မူဘောင်များအောက်တွင် ညှိနှိုင်းဆွေးနွေးမှုများကို အားဖြည့် ဆောင်ရွက်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

Sergey Lavrov က ယူကရိန်းအကျပ်အတည်း နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုနှင့် ရုရှားဘက်က ထည့်သွင်းစဉ်းစားမှုများကို မိတ်ဆက်ပြောကြားရာတွင် ရုရှားအနေဖြင့် အကျပ်အတည်း၏ ပြဿနာအရင်းအမြစ်ကို ဖြေရှင်းရန် အာရုံစိုက်ပြီး တရားမျှတမှု၊ စဉ်ဆက်မပြတ်ရှိမှု၊ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနှင့်ကိုက်ညီမှုရှိသော ငြိမ်းချမ်းရေးနည်းလမ်းကို အားထုတ်ရှာဖွေလျက်ရှိကြောင်း ပြောကြားခဲ့သည်။ ရုရှားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ ဓမ္မဓိဋ္ဌာန်ကျမှု၊ သမာသမတ်ကျသည့် ရပ်တည်ချက်နှင့် ဘရာဇီး စသည့်နိုင်ငံများနှင့်အတူ အဆိုပြုဖွဲ့စည်းသည့် “ငြိမ်းချမ်းရေးမိတ်ဆွေ” အဖွဲ့ငယ်အား အထူး အလေးထားကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ညှိနှိုင်းဆွေးနွေးမှုများ ထိန်းသိမ်းကာ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများ အားဖြည့်သွားလိုကြောင်း ပြောကြားခဲ့သည်။

ဝမ်ရိက တရုတ်နိုင်ငံ၏ အစဉ်အမြဲ ရပ်တည်ချက်ကို ရှင်းလင်းပြောကြားခဲ့ရာ တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများဖြစ်မြောက်ရေး၊ နိုင်ငံရေးဖြင့် အကျပ်အတည်း ဖြေရှင်းရေးတွင် အပြုသဘောအခန်းကဏ္ဍမှ ဆက်လက်ပါဝင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နှစ်ဖက်အနေဖြင့် အရှေ့အလယ်ပိုင်းအခြေအနေ စသည့် ဘုံဂရုပြုကြသည့် နိုင်ငံတကာနှင့် ဒေသတွင်းရေးရာကိစ္စရပ်များအား အမြင်သဘောထားချင်းဖလှယ်ကာ ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။ (Xinhua)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၂၀ ရက် တောင်အာဖရိကနိုင်ငံ ဂျိုဟန်နာဘတ်စ်မြို့၌ ကျင်းပသော G20 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်စဉ်ကာလအတွင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov နှင့် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

………………………..
(Chinese Version)
王毅会见俄罗斯外长拉夫罗夫
新华社约翰内斯堡2月20日电 当地时间2月20日,中共中央政治局委员、外交部长王毅在南非约翰内斯堡出席二十国集团外长会期间会见俄罗斯外长拉夫罗夫。
王毅表示,中俄新时代全面战略协作伙伴关系正在向更高水平、更广维度迈进。双方互利合作稳中有进,战略协作紧密有效,为维护两国和两国人民共同利益、推进世界多极化进程发挥了重要作用。中方愿同俄方不折不扣落实好两国元首重要共识,推动中俄关系在新的一年继往开来。
王毅说,今年迎来世界反法西斯战争胜利和联合国成立80周年,具有重大历史意义。在那场艰苦卓绝的斗争中,中俄两国人民浴血奋战,在东西线战场上为挽救国家危亡、争取世界和平付出了巨大民族牺牲,作出了重大历史贡献。中俄同为二战主要战胜国和联合国安理会常任理事国,共同肩负着捍卫二战胜利成果、维护战后国际秩序的重要责任。无论形势如何演变,中俄友好的根基牢不可破,大国的国际道义责无旁贷。双方要以共同纪念“80周年”为契机,深化中俄战略协作,积极弘扬正确二战史观,坚定维护以联合国为核心的国际体系,捍卫全球南方国家正当权益,推动构建平等有序的世界多极化和普惠包容的经济全球化。
拉夫罗夫表示,普京总统同习近平主席为俄中关系和战略协作指明了方向。俄方愿与中方以此为遵循,加强高层交往,深化经贸、金融、人文等各领域务实合作,推动俄中全面战略协作伙伴关系取得更大发展,办好二战胜利80周年系列纪念活动。俄中都坚持多极化,是复杂动荡世界中的稳定因素。俄方高度认同中方提出的全球倡议,高度评价俄中高水平互信,愿同中方继续在金砖机制、上合组织、联合国、二十国集团等框架下加强沟通协调。
拉夫罗夫介绍了乌克兰危机最新发展和俄方考虑,表示俄方着眼解决危机的根源问题,致力于寻求达成公平、可持续、符合联合国宪章的和平方案。俄方重视中方秉持的客观、公正立场以及同巴西等国发起的“和平之友”小组,愿同中国保持沟通,同南方国家加强合作。王毅阐述了中方一贯立场,表示中方将继续为劝和促谈、政治解决危机发挥建设性作用。
双方还就中东局势等共同关心的国际和地区问题交换了意见,进行了协调。(完)
1. 2月20日,中共中央政治局委员、外交部长王毅在南非约翰内斯堡出席二十国集团外长会期间会见俄罗斯外长拉夫罗夫。 新华社记者 张誉东 摄