China
နှစ်တစ်ထောင်ကျော် ရှေးဟောင်းမြို့တော်ဖြစ်သော ကဗျာဆန်သည့် ရှီးအန်းမြို့

ရှီးအန်း၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ရှီးအန်းမြို့သည် သမိုင်းက ချန်အန်းမြို့ဖြစ်သည်။ တစ်ချိန်က မင်းဆက်ပေါင်း ၁၃ ဆက်၏ မြို့တော်ဖြစ်ခဲ့ပြီး မြို့တည်ခဲ့သည့် သမိုင်းကြောင်းမှာ နှစ်ပေါင်း ၃,၁၀၀ ကျော်၊ မြို့တော်အဖြစ် တည်ရှိခဲ့သည်မှာ နှစ်ပေါင်း ၁,၁၀၀ ကျော်ရှိခဲ့သည်။ ဤနေရာတွင် မင်းဆက်တစ်ခုစီ၏ အမှတ်အသားများ ကျန်ရစ်ခဲ့ရာ ထိုအရာများကို “ပေါင်းစည်း” ခြင်းဖြင့် ယခု ရှီးအန်းမြို့ဖြစ်ပေါ်လာသည်။ ထန်ခေတ် ကဗျာများ၏ရေသောက်မြစ်နှင့် ဖန်တီးရေးသားမှု၏အချက်အချာနေရာအဖြစ် ထိုနေရာတွင် များပြားလှသော စာဆိုရှင်များသည် ခေတ်အဆက်ဆက် လက်ဆင့်ကမ်း ရွတ်ဆိုနိုင်သော ကဗျာများ ချန်ရစ်ခဲ့သည်။
ယခုအခါ ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများ ထိန်းသိမ်းအသုံးပြုခြင်းကို ဆက်တိုက်အားဖြည့်ဆောင်ရွက်ခဲ့ပြီး ရှီးအန်းတွင် အတတ်နိုင်ဆုံး အတိုင်းအတာဖြင့် အပြာရောင်အုတ်ခဲ၊ အနက်ရောင် အုတ်ကြွပ်၊ ရှေးဟောင်းအဆောက်အအုံ၏ မြင့်မားသော တံတိုင်းများအား ထိန်းသိမ်းထားရာ မြေပြင်၏ တစ်လက်မတိုင်းသည် လေးနက် နက်ရှိုင်းသော သမိုင်းယဉ်ကျေးမှု အမွေအနှစ်များနှင့် ပြည့်နှက်နေသည်။ ရှီးအန်းရှိ လမ်းမနှင့် လမ်းကြားများတွင် လမ်းလျှောက်သွားလျှင် နေရာတိုင်း၌ ရှေးဟောင်းနှင့် ခေတ်သစ်ပေါင်းစည်းမှု၊ ကဗျာဆန်ဆန် တစ်မူထူးခြားသော မြို့ပြ၏ အငွေ့အသက်များကို ခံစားနိုင်မည်ဖြစ်သည်။ (Xinhua)

တရုတ်နိုင်ငံ ရှီးအန်းမြို့ရှိ Giant Wild Goose Pagoda အောက်တွင် လှည့်လည်ကြည့်ရှုနေသော ခရီးသွားဧည့်သည်များကို ၂၀၂၄ ခုနှစ် ဧပြီလ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………………………………
(Chinese Version)
西安:千年古都 诗意之城
新华社照片,西安,2025年2月25日
西安,历史上的长安。十三朝古都,3100多年的建城史,1100多年的建都史,一个个朝代在这里留下印记,“叠加”成现在的西安。作为唐诗的发源地和创作中心,无数文人墨客曾在这里留下了传颂千古的诗篇。
如今,通过持续加强文物保护利用,西安在最大程度上保留着青砖黛瓦、古楼高墙,每一寸土地都浸润着厚重的历史文化。行走在西安的街头巷尾,处处都能感受到古今交汇、诗意充盈的独特城市气质。
图说1:游客在西安大唐不夜城景区游览(2024年5月20日摄)。新华社记者 邵瑞 摄
图说2:游客在西安大雁塔下游览(无人机照片,2024年4月10日摄)。新华社记者 邹竞一 摄