Asia
တောင်ကိုရီးယားတွင် တိုက်လေယာဉ်တစ်စီး ပျက်ကျ
ဆိုးလ် ၊ ဧပြီ ၅ ရက်(ဆင်ဟွာ)
တောင်ကိုရီးယားစစ်ဘက် တိုက်လေယာဉ်တစ်စီး ဧပြီလ ၅ ရက်နေ့က တောင်ကိုရီးယားနိုင်ငံ မြောက်ပိုင်း Gyeongsang ပြည်နယ် Chilgok စီရင်စုရှိ ဂေါက်ကွင်းအနီးတွင် ပျက်ကျခဲ့ကြောင်း တောင်ကိုရီးယား သတင်းမီဒီယာများ၏ရေးသားဖော်ပြချက်များအရ သိရှိရသည်။
ဧပြီလ ၅ ရက်နေ့ ဒေသစံတော်ချိန် ညနေ ၂ နာရီ ၄၇ မိနစ်တွင်ပျက်ကျခဲ့ခြင်းဖြစ်ပြီး ပျက်ကျသောလေယာဉ်မှာ F-15K တိုက်လေယာဉ်ဖြစ်နိုင်သည်ဟု ကနဦးအနေဖြင့်ခန့်မှန်းရကြောင်း၊ ထိုလေယာဉ်မှာ Daegu International Airport မှ ပျံသန်းထွက်ခွာခဲ့ပြီး အပြန်တွင် ယခုကဲ့သို့ ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း၊ လက်ရှိသေဆုံးဒဏ်ရာရသူများကို မတွေ့ရှိရသေးကြောင်း၊ လေယာဉ်ပျက်ကျစဉ် လေယာဉ်မောင်း ၂ ဦး အချိန်မီ ထွက်ပြေးလွတ်မြောက်ခဲ့သည်ဟုခန့်မှန်းရကြောင်း သိရသည်။
လေယာဉ်ပျက်ကျပြီးနောက် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များနှင့်အရန်မီးသတ် ၅၀ ကျော်က အခင်းဖြစ်ပွားသော နေရာသို့ ချက်ချင်း သွားရောက် ရှာဖွေကယ်ဆယ်မှုများပြုလုပ်သည့်အပြင် သက်ဆိုင်ရာ ဌာနမှလည်း ရဟတ်ယာဉ် ၂ စီး နှင့် မီးသတ်ကားများစေလွှတ်၍ ကူညီကယ်ဆယ်မှုများဆောင်ရွက်နေသည်။
ထိုတိုက်လေယာဉ်မှာ အနီးရှိတောင်ကိုတိုက်မိပျက်ခြင်းဖြစ်နိုင်သည်ဟု ကနဦးနေဖြင့်ယူဆရပြီး အသေးစိတ် အခြေအနေများကို ဆက်လက်စုံစမ်းစစ်ဆေးရမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)